အသက်မပြည့်သေးတဲ့ ဆိုင်ဝန်ထမ်းကို ဆိုင်ရှင်ဆိုသူက အလိုမတူဘဲ အဓမ္မပြုကျင့်

အောက်တိုဘာ ၂၆၊ ၂၀၁၈   ဗျဂ္ဃ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ လဖက်ရည်ဆိုင်မှာ အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်ထောင်ရှိ ဆိုင်ရှင် အမျိုးသားဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထီးချိုင့်မြို့မရဲစခန်းကို ဖခင်ဖြစ်သူက တိုင်တန်းခဲ့ပါတယ်။ “တရားခံကတော့ ထွက်ပြေးနေတယ်။ ဖမ်းဆီးရမိခြင်းမရှိသေးဘူး။ သူ့မိဘတွေတော့ အကြောင်းကြားထားတယ်။ ပြန်အပ်ပေးဖို့။ တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။”လို့ စခန်းမှုး ဒုရဲမှုး ဘချစ်က ပြောပါတယ်။ အလိုမတူဘဲ အဓမ္မပြုကျင့်သူက မောင်းကုန်းကျေးရွာနေ အောင်မြန်မာ လဖက်ရည်ဆိုင်ရှင် အုပ်စိုးမင်း (၂၉ နှစ်/အိမ်ထောင်ရှိသူ)လို့ သိရပြီး လတ်တလောမှာ ထွက်ပြေးတိမ်းရှောင်နေတာပါ။ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ အခင်းဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၃ နာရီအချိန်က…

Read More
✕
VOM News

FREE
VIEW