ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစီးနစ်မြုပ်

မုံရွာ အောက်တိုဘာ ၁၈၊ ၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ထဲမှာ ကုန်စုံတင်ဆောင်လာတဲ့ ကုန်တင်အမြန်ရေယာဉ် နန်းတော်ဝင်ဟာ အုမ္မကျေးရွာအနီးမှာ အောက်တိုဘာ ၁၈ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းက နစ်မြုပ်ခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ သက်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးတွေကတော့ သွားရောက်ကူညီကယ်ဆယ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “မြို့နယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တော့ သွားနေပါပြီ။ ခါးကျိုးတယ်လို့တော့ သိရတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။”လို့  စစ်ကိုင်းတိုင်းမီးသတ်ဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။ ရေယာဉ်ပေါ်မှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးတို့ ပါရှိတယ်လို့တော့ သိရပြီး အသေအပျောက်မရှိဘူးလို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရေယာဉ်ပေါ်ပါ ပစ္စည်းတွေကိုတော့ ဒေသခံတွေရဲ့ အကူအညီနဲ့ ဆယ်ယူပြီး ကုန်းပေါ်ကို တင်နေကြတယ်လို့ ဆိုပါတယ်။ ကနီမြို့နယ်မှာ နှစ်စဉ် ရေယာဉ်နစ်မြုပ်တာတွေရှိပြီး ပြီးခဲ့တဲ့…

Read More

ကျောက်ဂူဆရာတော် ယာဉ်မတော်မဆမှုကြောင့် ပျံလွန်တော်မူ

မုံရွာ အောက်တိုဘာ ၁၈ ၊ ၂၀၁၈ ဗျဂ္ဃ ကျောက်ဂူတောရဆရာတော်၊ ရေကြည်စမ်းရေထွက်တောရဆရာတော်လို့ လူသိများပြီး ရဟန္တာလို့ သမုတ်ကာ ယောဒေသတခုလုံးသာမ ရှမ်းပြည်နယ်၊ ပင်လောင်းဒေသ၊ ကလေး၊ တမူး၊ ဖောင်းပြင်၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ စတဲ့နေရာဒေသအစုံကပါ ယုံကြည်ကိုးကွယ်တဲ့ ဆရာတော် ကမ္မဌာနစရိယ ဘဒ္ဒန္တ ဣန္ဒာစရိယ အရှင်သူမြတ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဓမ္မဒူတခရီးစဉ်တခုက အပြန် အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၀ ကျော်မှာ ယာဉ်မတော်တဆဖြစ်ကာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။ ယာဉ်မတော်တဆမှုကြောင့် ဆရာတော်မှာ နား၊ နှာခေါင်း သွေးထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ညိုမဲဒဏ်ရာတွေရရှိခဲ့သလို ဆရာတော်နဲ့အတူ ကားပေါ်မှာပါလာတဲ့ ဒါယကာ ဦးဆန်းကို ဆိုသူမှာလည်း ဦးခေါင်း၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ပွားရာနေရာမှာလည်း သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့သတင်းတွေအရ သိရပါတယ်။ ဆရာတော်က လက်ရှိမှာ သက်တော်…

Read More

မန္တလေးမှာ သင်္ကန်းဝတ် ၂ယောက်ဆီကနေ မူးယစ်ဆေးတွေမိ

မန္တလေး၊ အောက်တိုဘာ ၁၇၊ ၂၀၁၈ ဟိန်းကို အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ သင်္ကန်းဝတ်ပုဂ္ဂိုလ် ၂ယောက်ဆီကနေ မူးယစ်ဆေးတွေဖမ်းမိခဲ့ပါတယ်။ ခုလိုသာသနာ့ နယ်မြေအတွင်းက ဥပဒေနဲ့ မညီတဲ့ကိစ္စရပ်တွေဖြစ်ပွားနေတယ်လို့ ခိုင်မာတဲ့သတင်းရရင် သက်ဆိုင်ရာ သံဃာ့နာယကနဲ့ သာသနာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးအရေးယူမူတွေ လုပ်သွားမှာပါလို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။

Read More

လက်ကိုင်ဖုန်း အိမ်သာကျင်းထဲပြုတ်ကျ၍ ဆင်းကောက်ရာမှ ကျောင်းသားလေးဦးသေဆုံး

နတ်မောက်၊ အောက်တိုဘာ ၁၇၊ ၂၀၁၈ တာရာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်​ ရွှေပန်းတောကျေးရွာအုပ်စု ဈေးကုန်းရွာမှာ လက်​ကိုင်​ဖုန်း အိမ်​သာကျင်းထဲပြုတ်​ကျသွား၍ ဆင်းဆယ်​ရာက ကျောင်းသားလေးဦ သေဆုံးမှု ဖြစ်ပွားခဲ့​တယ်လို့ ရွှေပန်းတော နယ်မြေရဲစခန်းက သိရပါတယ်။ နတ်မောက်မြို့နယ်​ ရွှေပန်းတောကျေးရွာအုပ်စု ဈေးကုန်းရွာမှာရှိတဲ့ ”ပညာဥယျာဉ်” ဘာသာရပ် ပညာသင်တန်းကျောင်းက ကျောင်းဆရာတစ်ဦးရဲ့ လက်ကိုင်ဖုန်း၊ အိမ်​သာကျင်းထဲပြုတ်​ကျသွားတာကို ဘော်ဒါနေ ကျောင်းသားလေးဦးက သူတို့ သဘောဆန္ဒအလျှောက် ဆင်းကောက်ရာကနေ အသက်ရှုကြပ်သေ ဆုံးသွားခဲ့ဖြစ်ကြောင်း ရွှေပန်းတော နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်လှဝင်းက ပြောပါတယ်။ “ဆရာတစ်ယောက်ကနေ အိမ်သာကျင်းထဲ ဖုန်းကျ သွားတယ်လို့ ပြောလိုက်တယ်။အဲမှာ ကလေးတွေက သူတို့ သဘောနဲ့ သူတို့ ဆင်းဆယ်တာပေါ့ ကျောင်းဆရာလည်း မကောက်ခိုင်းဘူး။ တစ်ယောက်က ဆင်း ၊နောက်တစ်ယောက်လည်း ဆင်းဆယ် လှေကားလည်း မရှိဘူး ဒီအတိုင်း ဆင်းတာ၊ နောက်နှစ်ယောက်ကျ…

Read More

မန္တလေးမှာ ရဲအင်အားနဲ့မြို့နေလူဦးရေ မမျှမတဖြစ်နေ

မန္တလေး၊ အောက်တိုဘာ ၁၇၊ ၂၀၁၈ ဟိန်းကို မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ အဖြစ်များခဲ့တာနဲ့ပက်သက်ပြီး မန္တလေးမြို့က အရပ်ဖက်အဖွဲ့အစည်းတွေက စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ယနေ့အောက်တိုဘာ(၁၇)ရက်နေ့ ၊နံနက်ပိုင်းက ၂၆လမ်း ၈၇လမ်းနဲ့ ၈၈ကြားမှာရှိတဲ့ ပဒုမ္မာ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ မန္တလေးလူထုက မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ ပပျောက်ဖို့ရဲတပ်ဖွဲ့က စီမံချက်တွေနဲ့ ပြုလုပ်နေတာရှိပေမယ့်လည်း မြို့လူထုနဲ့စာရင် ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိတာတွေကို ထည့်သွင်းဆွေးနွေးသွားပါတယ်။

Read More

ကျောက်ဆည်ဆင်ပွဲတော်မှာ ဆင်အဖွဲ့(၂၀) ဝင်ရောက်ယှဉ်ပြိုင်မည်

ကျောက်ဆည် – အောက်တိုဘာ ၁၇၊ ၂၀၁၈ တာရာ   ဒီနှစ် ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင် အကအလှပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဆင်အဖွဲ့ ၂၀ ရှိကြောင်း ကျောက်ဆည်မြို့ ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီထံက သိရပါတယ်။ ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင်အကအလှပြိုင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ရွှေသာလျောင်းတောင်ခြေမှာရှိတဲ့ ဆင်ပြိုင်ကွင်းတွင်းမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ဆင်အကအလှပြိုင်ပွဲ မှာတော့ ဘော်ကြယ်ဆင် လေးစီး၊ကလေးဆင် ၄စီး၊ ရိုးရာဆင် ၉ စီး ၊ သဘာဝဆင် ၃စီး၊ စုစုပေါင်း ဆင်အဖွဲ့ ၂၀ က ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးခင်မောင်မြင့်က ပြောပါတယ်။ ဆုကြေးများအနေနဲ့ ဘော်ကြယ်ဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၈)သိန်း၊ ဒုတိယဆု (၆)သိန်း၊ တတိယဆု…

Read More

သရပါ အလုပ်သမားအရေး ဆွေးနွေးမှုများလုပ်နေ

မန္တလေးတိုင်း၊ ပုဂံ ညောင်ဦးမြို့နယ်က သရပါဟိုတယ်ရှေ့မှာ အလုပ်ပြန်လည်ခန့်ထားပေးရေး တောင်းဆိုနေတဲ့ အလုပ်သမား​တွေထဲက (၈)ဦးကို အလုပ်​ရှင်​က အလုပ်​ပြန်​လည်​ခန့်​အပ်​ဖို့အတွက်​ ​ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ဒါကြောင့် အောက်တိုဘာ ၁၆ ရက်နေ့နောက်ဆုံးထားပြီး ဆွေးနွေး ညှိနှိုင်းမှုလုပ်ပေးဖို့ တောင်းဆိုထားတာကို ရက်တိုးပြီး ​စောင့်​ဆိုင်း​ပေးသွားမှာဖြစ်​တယ်​လို့ သရပါဟိုတယ်​ အလုပ်​ရှင်​ကိုယ်​စားလှယ်​ ဦးမြင့်မြတ်ထူးသူက အောက်​တိုဘာ(၁၆)ရက်နေ့၊ မီဒီယာများနဲ့ ​တွေ့ဆုံချိန်မှာ ​ပြောပါတယ်​။ သပိတ်စခန်းဖွင့်နေတဲ့ အလုပ်သမားတွေကတော့ အလုပ်ထုတ်​ခံရတဲ့သူ​တွေကို ယခင်​​နေရာ၊ရာထူးအတိုင်း ပြန်​လည်​ခန့်​အပ်​နိုင်​သည့်​အချိန်​ထိ ​တောင်းဆိုသွားမှာဖြစ်​တယ်​လို့ ပြောပါတယ်။  

Read More

မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ် အီလက်ထရောနစ် အားကစားပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့မှာ တက္ကသိုလ်(၁၆)ခုပါဝင်ပြီး အီလက်ထရောနစ်အားကစားပြိုင်ပွဲနဲ့ Cosplay Contest Anime ဇာတ်ကောင်အတိုင်း ဝတ်ဆင်ပြီး သရုပ်ဖော်ပြိုင်တဲ့ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် အောက်တိုဘာလ(၁၃) မှ (၁၄)ရက်ထိ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ မှာ နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို Speed Gaming မှ ကြီးမှူး၍ ကျင်းပသွားမှာဖြစ်ပြီး တက္ကသိုလ်(၁၆)ခုကနေ အသင်း(၈၀)ကျော် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ” E sport သမား တစ်ဦးအနေနဲ့ ရပ်တည်ချင်တဲ့သူတွေလည်း ရှိပါတယ်၊ အဲလိုရပ်တည်ချင်တဲ့ လူငယ်တွေကို အခွင့်အလမ်း ရစေချင်တာရယ်၊နိုင်ငံတကာမှာ ဂိမ်းကစားတာကို E sport အီလက်ထရောနစ်အားကစားအဖြစ် သတ်မှတ်ပေးပြီး ပြိုင်ပွဲတွေ ကျင်းပပေးတယ်၊ လူကြီးတွေရဲ့ အမြင်ပြောင်းလဲလာအောင်ရယ်အတွက် အခုလို ဒီပွဲကို စီစဉ်ဖြစ်တာပါ” ဟု ပွဲကျင်းပရေးမှာ ပါဝင်သူ ကိုကောင်းသူရက ပြောပါတယ်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆု Grand…

Read More
VOM News

FREE
VIEW