ဗျူဟာပြောင်းသင့်တဲ့ အန်အယ်လ်ဒီ

နိုဝင်ဘာ ၄၊ ၂၀၁၈ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဟာ  နိုဝင်ဘာ ၃ရက်နေ့က အောင်မြင်အေးချမ်းစွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ အောင်မြင်တယ်ဆိုတာကလည်း  မဲဆန္ဒရှင်ဘယ်လောက်လာမှ အောင်မြင်တယ်ဆိုတဲ့ သတ်မှတ်ချက် မရှိလို့သာ အောင်မြင်တယ်လို့ ပြောရတာပါ။ ဥပမာ လွှတ်တော်တို့ အစည်းအဝေးတို့မှာ စည်းဝေးတက်ရောက်ခွင့်ရှိသူ ၅၀ ရာနုန်းကျော်မှ အထမြောက်တယ်ဆိုတာမျိုးသာ သတ်မှတ်ထားရင် ဒီရွေးကောက်ပွဲ အထမမြောက်ဘူးဆိုတာ ဖြစ်လာမှာပါ။ တကယ်တမ်းလက်ရှိအခြအနေမှာ မဲရုံတွေကိုမဲလာပေးဖို့ မဲဆန္ဒရှင်တွေက စိတ်မပါဘူးဆိုတာ တွေ့ရပါတယ်။ တချို့မဲရုံတွေမှာဆို မဲပေးခွင့်ရှိသူရဲ့ ၁၀ရာနုန်းတောင် မပြည့်တာ တွေတွေ့ရပါတယ်။ မဲလာမပေးသူများတဲ့အတွက် အမာခံပါတီဝင်ရှိတဲ့ ပါတီတွေကသာ အနိုင်ရတယ်ဆိုတာတွေ့ရမှာပါ။ ခုရွေးကောက်ပွဲ ၁၃ နေရာကျင်းပတာမှာ အန်အယ်လ်ဒီဟာ ရန်ကုန်တိုင်း တာမွေ၊ မန္တလေးတိုင်း မြင်းခြံ၊ မန္တလေးတိုင်း သပိတ်ကျင်း၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာ၊ ပဲခူးတိုင်းအုတ်တွင်း ၊ မကွေးတိုင်း မင်းဘူး နဲ့ ချင်းပြည်နယ် ကန်ပက်လက်မှာဘဲ…

Read More
VOM News

FREE
VIEW