ရေစကြိုမြို့နယ် ဇီကုန်းရွာ တောင်သူတွေ မြေနုကျွန်းကိစ္စ ဆန္ဒပြ

 

ရေစကြို နိုဝင်ဘာ ၉ ၂၀၁၈
အောင်မြင့် ပခုက္ကူ(Voice Of Myanmar)

ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဇီကုန်းကျေးရွာ အုပ်ချုပ်ရေးမှုနဲ့ ရပ်ကျေးလယ်စီကော်မတီဝင်နှစ်ဦးပေါင်းကာ ဇီကုန်းရွာပိုင် မြေနုကျွန်းကို လေလံရောင်းခဲ့ပါတယ်။

ဒီလိုလေလံရောင်းချရာမှာ ၅ နှစ်စာ လုပ်ကိုင်ခွင့်ကို သိန်း ၁၃၀ နဲ့ရောင်းချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီလေလံရောင်းချခဲ့သူ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးလယ်စီကော်မတီဝင်နှစ်ဦးကို အရေးယူပေးရေး၊ ဇီးကုန်းမြေနုကျွန်းကို ဇီးကုန်းကျေးရွာတောင်သူတွေ လုပ်ကိုင်ရရေးဆန္ဒပြခဲ့ကြတာပါ။

အရင်တုန်းကလဲ ခုလို လေလံရောင်းချခဲ့လို့ မြေဧက ၂၀ ကျော်ဆုံးပြီးပြီ ခုလဲကျေးရွာသားတောင်သူတွေက ဆုံးရှုံးမှာ ကျောက်ပြီး တောင်သူလုပ်လိုတာကြောင့် ခုလိုဆန္ဒပြရတာလို့ ဆန္ဒပြခေါင်းဆောင် ဦးဆွေလင်းဦးကပြောပါတယ်။

ခုလိုရောင်းချလိုက်တဲ့မြေနုကျွန်းက ဧက ၇၀ ကျော်ရှိကာ နောက်ထပ်ရေကျလို့ ထပ်ပေါ်လာမှာက ၃၀ လောက်ရှိတယ်လို့လဲ ပြောပါတယ်။

ဒီကိစ္စကို ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနဲ့ မြို့နယ်မြေစာရင်းဌာနကို တိုင်ကြားခဲ့တာကြောင့်ရေစကြိုမြို့နယ် လယ်ယာမြေစိစစ်ရေးကော်မတီက ခေါ်ယူစစ်ဆေးကာ လေလံရောင်းချထားတာက ဥပဒေနဲ့ မညီတာကြောင့်မြေပြန်လည်ရယူကာ မြေနုကျွန်းကို ဇီးကုန်းကျေးရွာ တောင်သူတွေကို အညီအမျှဝေပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ရေစကြိုမြို့နယ် လယ်စီကော်မတီတာဝန်ရှိသူကပြောပါတယ်။

ခုလက်ရှိလဲ ဒီမြေနုကျွန်းပေါ်မှာ လေလံဝယ်ထားသူတွေက စိုက်ပျိုးစဲရှိနေသေးတာကြောင့် ဥပဒေအရ ရင်ဆိုင်ကြဖို့ ကျေးရွာသားတွေက တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရေစကြိုမြေနုကျွန်း #ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW