ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့်ရအောင် ကြိုးစားထားတယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

ရန်ကုန် နိုဝင်ဘာ ၁၃- ၂၀၁၈

သင်းသဒ္ဒါ (VOM)

အိမ်ထောင်ကျပြီးသော်လည်း ပရိသတ်အားပေးအခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် ကတော့ ကယားပြည်နယ်မှာ ရိုက်ထားတဲ့ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားမှာတော့ ဝိဥာဉ်ဝင်ပူးတဲ့ ဇာတ်ဝင်ခန်းကို မလုပ်ဖူးပေမယ့် ရအောင်ကြိုးစားထားတယ်လို့ ဆိုပါတယ်။

အူဝဲလည်း တကယ်အပြင်မှာဝိဥာဉ်ဝင်ပူးတာ မခံရဘူးတော့ မသိဘူးလေနော်။ဒါပေမယ့်ကိုယ် ကြည့်ဖူးတဲ့ဟာတွေဆိုရင် နိုင်ငံခြားတွေမှာတွေ့ရတယ်။ ဝင်ပူးလိုက်တယ်ဆိုတဲ့ Affect ကို ပြရတာလည်းဖြစ်တယ်။ ဝိဥာဉ်ဝင်ပူးတာကို မလုပ်ဖူးပေမယ့် လည်း ဒီမုဒ်ကိုရအောင် ကြိုးစားပြီးတော့ လုပ်ဆောင်ထားပါတယ်”လို့ ပြောပါတယ်။

နှစ်ပေါင်း ၆၀ ဇာတ်ကားရိုက်ကူးမှုတွေမရှိခဲ့တဲ့ လွိုင်ကော်မြို့ရဲ့ အနီးတစ်ဝှိုက်က ရိုးရာယဉ်ကျေးမှုအလှအပတွေပါတွေ့ရမယ့် ” ကြတ်ဂူ” ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ နဲ့ သရုပ်ဆောင်အနေနဲ့ လူမင်း ၊ မြင့်မြတ် ၊ကျော်ထက်အောင် ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗို အနုပညာရှင်တွေအများကြီးနဲ့ သရုပ်ဆောင်ထားကြပါတယ်။

” အူဝဲကတော့ ကိုယ်ဇာတ်ကားကို ပြန်ကြည့်ရင် ဘယ်တော့မှအားရကျေနပ်မှုဆိုတာ မရှိပါဘူး။တကယ်ဝင်ပူး တာမျိုးလည်း မကြုံဖူးဘူးလို့ ပြောလို့ရတယ်။အထင်နဲ့လုပ်ရတဲ့ သဘောမျိုးပါ။ပရိသတ်ကိုပဲ ဆုံးဖြတ် ခိုင်းရမှာပါ”လို့ ပြောလာပါတယ်။

 

ဓါတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW