အိမ်က ပေးစားတဲ့သူနဲ့ပဲ ယူဖို့ စဉ်းစားတော့မယ်ဆိုတဲ့ ဂုဏ်ရှိန်ဝင့်ထည်

ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈

သင်းသဒ္ဒါ

မြန်မာပြည်နှင့် စင်္ကာပူတို့တွင် ဓာတ်ပုံလန်းလန်းများဖြင့် မော်ဒယ်လ်ဝင်ရောက်လာပြီးတော့ ဂီတပိုင်းကို တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ သရုပ်ဆောင်အဆိုတော် ဂုဏ်ရှိန်ဝင်ထည်ကတော့ ပရိသတ် စိတ်ဝင်စားတဲ့ အချစ်ရေးနဲ့ ပတ်သက်ရင်တော့ ” အချစ်ရေးဆိုရင်တော့ ဂုဏ်ရှိန်က အိမ်က ပေးစားတဲ့သူနဲ့ပဲ စဉ်းစားတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ခုခုဆိုရင် အိမ်ကသဘောတူတော့ ဘာမှမဖြစ်တော့ဘူးပေါ့။ ဒီ ဘက်ခေတ်မှာ အချစ်ရေးနဲ့ ပတ်သက်ရင် အဆင်မပြေကြတာများ နည်းနည်းတော့ ကြောက်တယ်”လို့ ဆိုလာ ပါတယ်။

ဂုဏ်ရှိန်ဝင်ထည်က လက်ရှိမှာတော့ မြန်မာပြည်မှာ အသည်းကွဲသီချင်း တေးသီချင်းသစ်အတွက် သရုပ်ဆောင် တိုင်ရွန်နဲ့အတူ MTV ရိုက်ကူးနေပြီးတော့ စင်ကာပူမှာ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ကျောင်းဆက်တက် ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဝေဖန်မှုတွေကြုံ လာတာနဲ့ ပတ်သက်ပြီးတော့ ” လူတစ်ကိုယ် စိတ်ကတော့ တစ်မျိုးဆီပေါ့။ ပရိသတ် တွေဆိုတာကလည်း ချစ်တတ်တဲ့သူတွေ ရှိသလို မုန်းတဲ့ သူတွေလည်း ရှိကြမှာပေါ့။ဂုဏ်ရှိန် အနေနဲ့ ကတော့ ဘာမှတော့ ပြောစရာမရှိပါဘူး။ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် အပေါ်မှာတော့ အကောင်းဆုံးတော့ လုပ်ဆောင်ဖြစ်ပါ တယ်။ဝေဖန်ပိုင်ခွင့်လည်း ပရိသတ်တွေဆီမှာရှိ ပါတယ်။အဓိကတော့ ပရိသတ်ရဲ့ ချစ်ခင်မှုနဲ့ ရပ်တည်ရ တာလည်း ဖြစ်ပါတဲ့ အတွက် ပရိသတ်က အရမ်း အရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာကျတော့ ပရိသတ်က အနုပညာပိုင်းရော ၊ Personal ပိုင်းပါ အကုန်လုံးအတွက် ထိန်ထိန်သိမ်းသိမ်းလေနဲ့ ပြင်ပြင် ဆင်ဆင်လျှောက်လှမ်းမယ်ဆိုရင် အကောင်းဆုံးလို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ – ဂုဏ်ရှိန်ဝင်ထည် facebook

#voiceofmyanmar #ဂုဏ်ရှိန်ဝင့်ထည်

Related posts

Leave a Comment

VOM News

FREE
VIEW