ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ မတုံ့ပြန်တော့ဘူး ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် နိုဝင်ဘာ ၁၅-၂၀၁၈
သင်းသဒ္ဒါ (VOM)

Sexy ပုံစံဝတ်ဆင်မှုကြောင့် ပရိတ်သတ်စိတ်ဝင်စားခြင်းကို ပိုခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ “လူမူကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်ပြောဆိုမူတွေကို ဘယ်လိုအကြောင်းနဲ့မှ တုံပြန်ခြင်းမပြုတော့သလို ၊ သင်ဇာကို ချစ်နေတဲ့သူတွေအတွက်ကိုပဲ ကြိုးစားကာအလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပြီးတော့ ကိုယ်ကိုမုန်းနေတဲ့ သူတွေကို ဘာမှပြောစရာစကားမရှိကြောင်း ဆိုပါတယ်။

ဝေဖန်ပြောဆိုမူတွေနဲ့ ပတ်သတ်ပြီးတော့ “ဝေဖန်မူတွေကို ဘယ်လိုမှတော့ မတုံပြန်တော့ပါဘူး။ ကိုယ်ကို ကြိုက်တဲ့သူရှိမယ်။ ပြီးတော့ ကိုယ်ကို မကြိုက်တဲ့သူရှိမယ်။ မုန်းတဲ့သူလည်း ရှိမှာပါ။ ကိုယ်ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေ အတွက်ဘဲ အလုပ်လုပ်တယ်။ သူတို့ အတွက်ဘဲ ကြိုးစားတယ်။ ကိုယ့်ကို မုန်းနေတဲ့သူတွေ အတွက် ဘာမှပြောစရာ စကားမရှိပါဘူး။ သူတို့အတွက် သင်ဇာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေအတွက် ကြိုးစားနေခြင်းဖြစ်ပါတယ်။ သင်ဇာကို ချစ်တဲ့သူတွေကတော့ သင်ဇာကို ဘယ်လိုနေ ဘယ်လိုထိုင် ကြိုးစားပြီးတော့ နေဖြစ်ပါတယ်။ ပြောင်းလဲဖြစ်ပါတယ်။ အဓိကတော့ သင်ဇာကိုချစ်တဲ့ ဘယ်သူမဆို သင်ဇာရဲ့ ကာရိုက်တာကိုလည်း ချစ်တယ်လေ။ ဘာပဲလုပ်လုပ်ချစ်ကြတဲ့သူတွေဘဲ ဆိုတော့ ဘယ်လို နေပါ ဘယ်လိုထိုင်ပါဆိုပြီးတော့ သိပ်ကန့်ကွက်ပြောဆိုနေတဲ့သူ သိပ်ပြီးတော့ပြောတဲ့သူမရှိပါဘူး”လို့ ဆိုပါ တယ်။

လက်ရှိမှာတော့ ကြော်ငြာများ ရိုက်ကူးရန်ရှိပြီးတော့ ဒါရိုက်တာ ၀င်းထွန်းထွန်းရိုက်ကူးတဲ့ ‘ဆတ်သေချောင်း ရဲ့ဒဏ္ဏာရီ’ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်က ရိုက်ကူးထားပါတယ်။ လက်ရှိမှာ အလန်းစားဓာတ်ပုံ တွေကြောင့် ပရိသတ်တွေရဲ့အာရုံစိုက်မှုကို အထူးခံနေရသူဖြစ်တဲ့အတွက် သင်ဇာဝင့်ကျော်က မကြာခဏလည်း တရားစခန်းတွေဝင်ဖြစ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ
#voiceofmyanmar #သင်ဇာဝင့်ကျော်

Related posts

Leave a Comment

VOM News

FREE
VIEW