ဘင်္ဂါလီအရေး မြန်မာနိုင်ငံနိုင်ငံကို ထောက်ခံသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် ကတိပြု

 

ပေကျင်း၊ နိုဝင်ဘာ-၁၆-၂၀၁၈

မျိုးဆက် (VOM)

မြန်မာနိုင်ငံက ဘင်္ဂါလီအရေး ကိုင်တွယ်ဖြေရှင်းမှုတွေကို တရုတ်နိုင်ငံက ထောက်ခံသွာမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် လီကားချန်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြုပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီအရေးဖြေရှင်းမှုကို အမေရိကန်က ပြင်းပြင်းထန်ထန် ပြစ်တင်ကြောင်း နဲ့ ခွင့်လွှတ်နိုင်ဖွယ်မရှိဘူးလို့ နိုဝင်ဘာ ၁၄ ရက်က အမေရိကန်ဒုသမ္မတ မိုက်ပင့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ တရုတ်ဝန်ကြီးချုပ်က  အခုလို  ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ဆက်ဆံရေး ကိုတရုတ်နိုင်ငံ  အလွန်အလေးထားကြောင်းနဲ့ အစဉ်အလာနဲ့ တည်ရှိနေတဲ့ ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲ ပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ၀န်ကြီးချုပ် လီကားရှန်က ပြောဆိုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။

တွေ့ဆုံညှိနိုင်း တိုင်ပင်ဆွေးနွေးခြင်းနဲ့ ရခိုင်ပြသနာကို ဖြေရှင်းဖို့ သင့်တော်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံကို  တရုတ်နိုင်ငံ ဘက်က ထောက်ခံသွားမှာဖြစ်တယ်လို့  ၀န်ကြီးချုပ်ပြောကြားခဲ့တာကို ကိုးကားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ထောက်ပံ့မှုတွေ ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် အကြိမ်ပေါင်းများစွာကူညီခဲ့တဲ့တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရခိုင်ပြ​ဿနာအပေါ် ထောက်ခံမှုပေးတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ နှစ်ထောင်ကျော်ကို ပထမအသုတ်အဖြစ် နိုဝင်ဘာ-၁၅ ရက်မှာ စပြီးပြန်ပို့ဖို့ စီစဉ်ထားပေမယ့် မြန်မာနိုင်ငံကို မပြန်လိုကြောင်း ဘင်္ဂါလီတွေရဲ့ ဆန္ဒပြမှုတွေကြောင့်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်းထားရပါတယ်။

 

Source : Reuter/ The Nation

Photo Reuter

#voiceofmyanmar

Related posts

Leave a Comment

VOM News

FREE
VIEW