မန္တလေးမှာ ဖမ်းဆီးခံရတဲ့ ​တောင်​သူမိသားစု အမြန်​လွတ်​​မြောက်​​ရေး ဆန္ဒပြ​တောင်းဆို

မန္တလေး နိုဝင်ဘာ ၁၆ -၂၀၁၈

ဟိန်းကို (VOM)

မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်​ သံလျှက်မှော်အနောက်ရပ်ကွက် ချော်ဆိပ်ရပ်က ​တောင်​သူမိသားစု(၆)ဦး နဲ့ရေ​ကြောင်းရဲတပ်​ဖွဲ့တို့​ ​အငြင်းပွားမှုဖြစ်​ပွား​နေ​သော ​မြေယာကို ​ရေ​ကြောင်းရဲတပ်​ဖွဲ့က နိုဝင်​ဘာလ(၁၀)ရက်​​နေ့က ခြံခတ်​ခြင်းလုပ်​ငန်းများ လုပ်​​ဆောင်​​နေစဉ်​ ​တောင်​သူမိသားစု(၆)ဦးလုံးဟာ ဖမ်းဆီးခံရတဲ့ အတွက်​ အမြန်​ဆုံးလွတ်​​မြောက်​ရန်​ ယ​နေ့​ နိုဝင်​ဘာ(၁၆)ရက်​ နံနက်​ပိုင်းက ​ဆန္ဒပြ​တောင်းဆိုခဲ့ကြပါတယ်​။

နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ရေကြောင်းရဲတပ်ဖွဲနဲ့   မြို့ နယ်ရဲတပ်ဖွဲ့များ၊ မြို့ ပြစီမံကိန်း နှင့်မြေစီမံခန့်ခွဲမှုဌာနတို့ကနေ  ခြံစည်းရိုးကာရန်အတွက် ခြံစည်းရိုးတိုင်များစိုက်ထူစဉ် ၎င်းမြေပေါ်တွင်နေထိုင်သည့် ဦးပေါက်စနှင့်မိသားစုဝင်များက တုတ်၊ သံတူရွင်း တို့ဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများ ရှိသည်​ဟုဆိုကာ ​တောင်​သူမိသားစု(၆)ဦးဖြစ်​တဲ့ဦးပေါက်စ၊ ဒေါ်တင်ဌေး၊ ဒေါ်မြင့်မြင့်စန်း၊ မင်းမင်းခိုင်၊ ခိုင်ဇာဝင်း၊ အောင်ကျော်မိုးတို့ ကို အမှတ်​(၇) နယ်မြေရဲစခန်းတွင် (ပ)၇၆၄/၂၀၁၈၊ ပုဒ်မ ၂၉၄/၃၃၂/၄၄၀ တို့ဖြင့် အမှုဖွင့်ထားတယ်​လို့သိရပါတယ်။

အဲဒီမြေကို တောင်သူမိသားစုဟာ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလက တောင်သူပိုင်မြေမကျူးကျော်ရဆိုသည့် ဆိုင်းဘုတ်ထောင်ပြီး ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့တဲ့အတွက် တက်ကြွလှုပ်ရှားသူ ကိုတိုးကြီး၊ ကိုသိန်းအောင်မြင့်၊ ကိုမျိုးဝင်းအပါအဝင် ဦးပေါက်စတို့ဟာ  ပုဒ်မ၄၄၇နဲ့ တရားစွဲဆိုခဲ့ရပြီးနောက် (၂၀၁၈)ခုနှစ်၊ အောက်တိုဘာလက ၎င်းအမှုကို မဟာအောင်မြေတရားရုံးက အမှုမှ အပြီးသတ်လွှတ်ပေးခဲ့ပါတယ်။

#voiceofmyanmar #မန္တလေးတောင်သူ #ဖမ်းဆီးခံတောင်သူလွတ်မြောက်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW