ရုရှားမှ ဖရီးဂိတ်စစ်သင်္ဘောလေးစင်း ဝယ်ယူဖို့ ရုရှားနဲ့ အိန္ဒိယ သဘောတူ

မော်စကို၊ နိုဝင်ဘာ-၂၁- ၂၀၁၈

မျိုးဆက် (VOM)

အိန္ဒိယရေတပ်အတွက် ရုရှားနိုင်ငံရဲ့ ပဲ့ထိန်းဒုံပျံတပ်ဆင်ထားတဲ့ ဖရီးဂိတ် စစ်သင်္ဘောရောင်းချဖို့အတွက် ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီသဘောတူညီချက်မှာ  သီးခြားစာချုပ်နှစ်ခုပါဝင်ပြီး နိုဝင်ဘာ ၂၀ ရက်က  စာချုပ်တစ်ခုလက်မှတ်ထိုးခဲ့ကာ လွန်ခဲ့သည့်လက အခြားစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများကို ကိုးကား၍ ရုရှားသတင်းဌာနများက ဖော်ပြသည်။

သင်္ဘောလေးစင်းအနက်နှစ်စင်းကို ရုရှားနိုင်ငံ ကာလင်းအင်ဂရတ်ဒေသမှာ တည်ဆောက်မည်မှာဖြစ်ပြီး ကျန်နှစ်စင်းကိုတော့  အိန္ဒိယနိုင်ငံ ဂိုအာရှိ သင်္ဘောကျင်းတစ်ခုမှာ  တည်ဆောက်သွားမည်ဖြစ်ပါတယ်။

ရေငုပ်သင်္ဘောတွေအပါအ၀င် ရန်သူ့သင်္ဘောအမျိုးအစားအားလုံးကို တိုက်ခိုက်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောလေးစင်းကို နှစ်နိုင်ငံ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံက ရရှိမှာဖြစ်ပါတယ်။

ဆီးရီးယားရှိ စစ်သွေးကြွပစ်မှတ်တွေကို တိုက်ခိုက်ရာတွင်အသုံးပြုခဲတဲ့ ရုရှားရဲ့သရီးအမ် ကာလီဘာခရုဇ် ဒုံးပျံတွေကို ဒီသင်္ဘောတွေမှာ တပ်ဆင်ထားမှာဖြစ်ပြီး  တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေလည်း တင်ဆောင်နိုင်ဖွယ်ရှိပါတယ်။

အိန္ဒိယနိုင်ငံ ဂိုအာမှာတည်ဆောက်မယ့် သင်္ဘောနှစ်စင်းအတွက် စာချုပ်မှာ ဒေါ်လာ သန်း၅၀၀ တန်ဖိုးရှိပြီး ၂၀၂၆-၂၀၂၇ ခုနှစ်မှာ အသုံးပြုဖို့ အသင့်ဖြစ်မယ်လို့ ဂိုအာသင်္ဘောကျင်းရဲ့ ဥက္ကဌနဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ရှီခါမီတယ်က ပြောဆိုပါတယ်။ ရုရှားမှာ တည်ဆောက်မယ့် သင်္ဘောနှစ်စင်းအပါအ၀င် သဘောတူညီမှု တစ်ခုလုံးမှာ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိကြောင်း ကနဦးသတင်းများမှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #ရုရှားစစ်သဘောင်္အိန္ဒိယဝယ်

Ref/; RT  Photo Reuter

Related posts

Leave a Comment

VOM News

FREE
VIEW