ရော့ခ် ကို ပုံစံဆန်းသစ်ထားပြီးတော့ လူတိုင်းနာထောင်နိုင်မယ့် မြူးဇစ်တွေ လုပ်နေတဲ့ နောနော်

ရန်ကုန် နိုဝင်ဘာ ၂၁-၂၀၁၈

သင်းသဒ္ဒါ

ပရိသတ်နဲ့ ရင်ဘတ်ချင်းထိခဲ့တဲ့ သီချင်းတွေ ဖန်တီးရေးသားသီဆိုခဲ့တဲ့ အဆိုတော် နောနော်ကတော့ “ကျွန် တော်ကလည်း ရော့ခ်ဂီတကို အခြေခံထားပေမယ့် ရော့ခ်ထဲမှာတင် Tran ပြောင်းတာတွေရှိတယ်။ ရော့ခ် ကို ပုံစံဆန်းသစ်ထားပြီးတော့ လူတိုင်းနာထောင်နိုင်မယ့် မြူးဇစ်တွေ စလုပ်နေပါတယ်”လို့ ဆိုပါတယ်။

မကြာခင်မှာတော့ နောနော်ရဲ့ ” အနီရောင်အတ္ထုပတ္ထိ” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အမ်တီဗီ ရိုက် ကူးပြီးတော့ လူမှုကွန်ရက် စာမျက်နှာ တင်သွားမယ်လို့လည်း သိရပါတယ်။ဒါအပြင် တစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ “အရှေ့အနောက်တောင်မြောက်” အမ်တီဗီ ဆက်လက်ထွက်ရှိဖို့လည်း ရှိကြောင်း သိရပါ တယ်။

ပရိသတ်နဲ့ အဆင်အသွယ်ပျက်သွားတဲ့အပေါ်မှာတော့ “ဂီတပိုင်းမှာလည်း အရင်ကထက် အဆက်အ သွယ် နည်းနည်းပျက်သလို ဖြစ်သွားလို့ အရင်ကထက် ၁၀ ဆပိုကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။

နောနော်က နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ အမျိုးသားများ အတွက် သီးသန့်ထုတ်လုပ်တဲ့ JANAW (ဂျာနော်) နာမည်ရှိ မျက်နှာသစ်ဆေးထုတ်လုပ်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ရက် ညနေပိုင်းမှာလည်း ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ နိုင်ငံကျော်အဆိုတော်တွေနဲ့ တေးသီချင်းတွေ ဖျော်ဖြေရင်နဲ့ အဆိုပါ ထုတ်ကုန်ကို မိတ်ဆက်သွားမှာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ-သင်းသဒ္ဒါ

#voiceofmyanmar #နောနော်

Related posts

Leave a Comment

VOM News

FREE
VIEW