ထိပ်စီးပြောင်းတဲ့ အမှတ်တရအနေနဲ့ ဘုန်းကြီးဝတ်ဖို့ရှိတယ်ဆိုတဲ့ ပြေတီဦး

ရန်ကုန် နိုဝင်ဘာ ၂၂-၂၀၁၈

သင်းသဒ္ဒါ

ကာရိုက်တာပိုင်းမှာတော့ ချစ်ချစ်၊နုနု ၊ ကြမ်းကြမ်း စတဲ့ အမူအယာတွေကို ပီပြင်အောင်လုပ်ဆောင်နိုင် တဲ့ အကယ်ဒမီ ပြေတီဦးကတော့ နိုဝင်ဘာ ၃၀ ရက်မှာ ကျရောက်မယ့် မွေးနေ့နဲ့ ပတ်သက်ပြီးတော့ ” ဒီနှစ် ထိပ်စီးပြောင်းပြီးဆိုတော့ အသက် ၄၀ ဆိုတာ အမှတ်တရဖြစ်လို့ ကျွန်တော်ဘုန်ကြီး ၀တ်မလားလို့ စဉ်း စားနေ ပါတယ်။ ၃ ရက် လောက်တော့ ၀တ်မှာပါ။ ကျွန်တော် အရင်တုန်းကတော့ ဘုန်းကြီးတွေ ခဏခဏ ၀တ် ဖြစ် တယ်။ မင်းသား မဖြစ်ခင်ကပေါ့။ ဒီနှစ်မွေးနေ့ကတော့ အမှတ်တရပေါ့။ မဖြစ်ဖြစ်အောင် ဘုန်းကြီးဝတ်မယ်” လို့ ဆိုပါတယ်။

လက်ရှိ နိုဝင်ဘာ ၂၃ ရက်မှာ ရုံတင်ပြသမယ့် မိသားစုမေတ္တာ အချစ်ဟာသပုံစံဖြစ်တဲ့ “မင်္ဂလာ ရက်မြတ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း မိုးဟေကို ၊ ထွန်းထွန်း ၊ မိုးပြည့်ပြည့်မောင် ၊ အရိုင်း၊ ယွန်းရွှေရည် စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်မှာတော့ ပြေတီဦး တည်ထောင်ထားတဲ့ ပြေတီဦးပညာရေးဖောင်ဒေး ရှင်းကတော့ ၁၀ နှစ်ပြည့်မှာလည်း ဖြစ်ပါတယ်။

“ကျွန်တော်ရဲ့ အသက်က ၄၀ ပြည့်မှာပါ။ တချို့က ပြောကြတယ် ယောက်ျားလေးက ၄၀ ပြည့်မှ ဘ၀စ တယ်ဆို ဘာတို့ပေါ့။  ကျွန်တော်က ဘယ်သူ့ဆီကမှ လက်ဆောင်မလိုချင်ပါဘူး။ ကိုယ့်ကပဲ ပေးရတဲ့ ဘ၀မှာ ပျော်ပါတယ်။အူဝဲဆီက ဘာမှလည်း ထပ်မလိုချင်ဘူး။ သူစိတ်ချမ်းသာအောင်လည်း ကျွန်တော်ကို ထားတယ်။ဒါနဲ့တင် ကျေနပ်ပါပြီ”လို့ဆိုပါတယ်။

ပြေတီဦး ပညာရေးဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီးတော့ “၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် ပြီးခဲ့တဲ့ အပတ်က ရွေးချယ်တာပါ။ ထုံစံအတိုင်းပါပဲ ကျွန်တော်တို့က နိုဝင်ဘာလ ပထမပတ်မှာ ရွေးတယ်။ ဒုတိယ ပတ်လောက်မှာ ကျွန်တော် တို့က အရွေးခံရ တဲ့ကျောင်းသားတွေကို ကြေညာပေးတာပေါ့။ ကျွန်တော်တို့ က(၁၀) လပိုင်း နောက်ဆုံးအထိ လက်ခံပေးပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ကျွန်တော်တို့ ရွေး ချယ်ပြီးသွားပြီဆိုတော့ ၂၀၁၉ မှာဆို လို့ရှိရင် ဖောင်ဒေးရှင်းက ဆယ်နှစ်ပြည့်တော့မယ်။ ဆယ်စု နှစ်တစ်စု အထိကို ကျွန်တော်တို့တွေက ခိုင်ခိုင်မာမာ အောင် အောင်မြင်မြင်လျှောက်လှမ်းနိုင်ခဲ့တယ် ၊ဖြတ်ကျော် နိုင်ခဲ့ တယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ – ပြေတီဦး facebook

#voiceofmyanmar #ပြေတီဦး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW