အင်းတော်မြို့နယ်က ရှေးဟောင်းသေတ္တာကြီးကို အမျိုးသားပြတိုက်အပ်တော့မယ်

အင်းတော် နိုဝင်ဘာ ၂၅ -၂၀၁၈

နိုင်ကြီး(ကသာ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ပင်ဝဲကျေးရွာအုပ်စု ဖားပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ရှိနေတဲ့ ရှေးဟောင်းသေတ္တာကြီး တစ်လုံးကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန သို့ အပ်နှံရန် စီစဉ်လျှက်ရှိကြောင်း သိရပါတယ် ။

“လွန်ခဲ့တဲ့ (၂)နှစ်က ဦးစိုင်းခင်မောင်က ကျောင်းမှာ လာရောက် လှူဒါန်းခဲ့တာ  ဖြစ်ပါတယ် ။  ဦးစိုင်းခင်မောင် က ယခု အသက်(၈၃)နှစ် ရှိပါပြီ ။ ဒီ သေတ္တာကြီးက သူ့ဖခင်လက်ထက်က ကျန်ရစ်ခဲ့တဲ့  ရှေးဟောင်းပစ္စည်းဖြစ်တာမို့  ဘုန်းကြီးရဲ့ ကျောင်းကို လာရောက်လှူဒါန်းထားတာ ဖြစ်ပါတယ် ´´ ဟု ဖားပန်ကျောင်းတိုက် ဆရာတော် ဦးဇနိန္ဒ က မိန့်ပါတယ်။

 

အဲဒီ ရှေးဟောင်းလက်ရာတွေပါတဲ့ သေတ္တာကြီးဟာ အလျား သုံးဆယ့်တစ်လက်မ ၊ အနံ ဆယ့်ငါးလက်မ ၊ အမြင့် ဆယ့်သုံးလက်မ ရှိပြီး သစ်ထွင်းပန်းပု လက်ရာလက်ရာများဖြင့် ပုံဖော်ထုဆစ်ထားတာ ဖြစ်ပါတယ် ။

“ ဒီ သေတ္တာကြီး က ကျွန်တော့် အဖေ ရွှေလီမြစ်ရိုးတလျောက်က ကျေးရွာလေးတစ်ရွာမှာ ဘုန်ကြီးဝတ်စဉ်က အဲဒီဘုန်းကြီးကျောင်းမှာ လှူဒါန်းထားရှိခဲ့တဲ့ သေတ္တာကြီး ဖြစ်ပါတယ် ။ ကျွန်တော်ဖခင် လူထွက်ခဲ့တော့ ဒီသေတ္တာကြီးက ပါလာတယ် ။ ကျွန်တော့်ဖခင် ဆုံးပါးသွားပြီး နောက်ပြီး ဒီသေတ္တာကြီး က  နှစ်ပေါင်း(၅၀)လောက် ကျွန်တော့်ထံမှာ ရှိနေပါပြီ ။ ဘုန်းကြီးကျောင်း က ပါလာတဲ့ ပစ္စည်းမို့လို့ ခိုက်တာတွေ ဘာတွေ ဖြစ်မှာစိုးတာကြောင့်  ကျွန်တော်လည်း ဒီ ဖားပန်ဘုန်းတော်ကြီးကျောင်းမှာ လာရောက်လှူဒါန်းလိုက်တာ ဖြစ်ပါတယ် ´´  ဟု  အင်းတော်မြို့နယ် ပင်ဝဲကျေးရွာအုပ်စု ဖားပန်ကျေးရွာနေ အသက်(၈၃)နှစ် အရွယ်ရှိ ဦးစိုင်းခင်မောင် က ပြောပြပါတယ် ။

အဲဒီ သစ်ထွင်းပန်းပု လက်ရာတွေပါရှိတဲ့ ရှေးဟောင်းသေတ္တာကို အမျိုးမျိုးဝေဖန် သုံးသပ်လျှက် ရှိကြပြီး အချို့ကလည်း ဒီလက်ရာဟာ မြန်မာ့ ရှေးဟောင်း လက်ရာမဟုတ် တရုတ် သို့မဟုတ် တိဗက်လက်ရာ ဖြစ်နိုင်ကြောင်း ပြောဆိုလျှက် ရှိကြပြီး ယခု လက်ရှိ ကာယကံရှင်များ ဖြစ်ကြတဲ့  ဖားပန်ကျောင်းတိုက် ဆရာတော် နှင့် ဦးစိုင်းခင်မောင် တို့က  ရှေးဟောင်းပစ္စည်း မြန်မာ့ အနုပညာလက်ရာ ဟုတ်မဟုတ် သိရှိရအောင် မြန်မာနိုင်ငံရှိ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကို တင်ပြပေးအပ်သွားမည် ဖြစ်ကြောင်း သိရပါတယ် ။

အဲဒီသေတ္တာကြီးကိစ္စကို ကသာမီဒီယာအဖွဲ့နဲ့ အင်းတော် မီဒီယာအဖွဲ့မှ သတင်းထောက်အချို့က သက်ဆိုင်ရာဌာနတွေနဲ့  ချိတ်ဆက်ပြီး ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကို အဆင့်ဆင့် ဆက်သွယ် ကူညီပေးလျှက် ရှိကြောင်း သိရပါတယ် ။

#voiceofmyanmar #အင်းတော် #ရှေးဟောင်းသေတ္တာ

Related posts

Leave a Comment

VOM News

FREE
VIEW