ခန္ဓာကိုယ် အရမ်းပြောင်းလဲချင်နေတဲ့ ရွှေသမီး

ရန်ကုန် နိုဝင်ဘာ ၂၆ – ၂၀၁၈ သင်းသဒ္ဒါ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေး ရွှေသမီးကတော့ “ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အရမ်း ပြောင်းလဲ ချင်ပါတယ်။ ကိုယ့်က ကျစ်ကျစ်လစ်လစ်လေးနဲ့ ခန္ဓာကိုယ်ပြောင်းလဲဖို့ကိုလည်း စဉ်းစားမိပါ တယ်။ ဒါပေမဲ့ ပြောင်းလဲလို့က မရပါဘူး “လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ပြောင်းချင်တာနဲ့ ပတ်သက်ပြီးတော့ ” ဘာလိုပြောရမလဲ ခန္ဓာကိုယ့်က ငယ်ငယ်က လေး ကတည်း ကမဖွံဖြိုးဘူး။ အဲတော့ ကြီးလာတော့လည်း အခုအခြေအနေမှာ ကိုယ်ခန္ဓာဖွံဖြိုးလာဖို့က လမ်းစ မမြင်ပါဘူး။ အသက်က ၂၅နှစ်ပြည့်လာတော့မယ် ။ ခန္ဓာကိုယ်ဖွံဖြိုးဖို့ လမ်းစကတော့ မရှိပါဘူး။ ဒါကြောင့်လည် လက်ရှိမှာ ကြိုးစားတော့ ကြိုးစားနေပါတယ်။ ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်လေးနဲ့ မိန်းကလေးဆိုတာ သူနေရာနှင့်သူ တင်ဆိုလည်းတင် ရင်ဆိုလည်းရင် ရှိစေချင်ပါတယ်။ လေ့ကျင့်ခန်းကို အ…

Read More

ယူကရိန်းစစ်သင်္ဘော သုံးစင်းကို ရုရှားရေတပ် ဖမ်းဆီးထား၊ ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူမည်

  ကိယက်ဗ်၊ နိုဝင်ဘာ-၂၆-၂၀၁၈ မျိုးဆက် (VOM) ရုရှားက သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသအနီးရှိ ရေလက်ကြားကို ဖြတ်သန်းလာတဲ့ ယူကရိန်းရေတပ်သင်္ဘော သုံးစင်းကို နိုဝင်ဘာ ၂၅ ရက်က ရုရှားရေတပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်အနီးမှာရှိတဲ့ အဆိုပါ ရေလက်ကြားဟာ ရုရှးနဲ့ ယူကရိန်းနှစ်နိုင်ငံ အတွက် အေဇော့ဗ်ပင်လယ်ကို သွားရာထွက်ပေါက်လည်းဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံတင်းမာမှုတွေ မြင့်တက်နေပါတယ်။ ယူကရိန်းနိုင်ငံ ကိယက်ဗ်မှာရှိတဲ့  ရုရှားသံရုံးပြင်ပမှာလည်း ဆန္ဒပြတာတွေ ဖြစ်ပေါ်နေပြီး ရုရှားနှင့် ယူကရိန်းတို့အကြား ယခုကဲ့သို့ တင်းမာမှုတွေဖြစ်ပေါ်လာတာနဲ့  ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ဖို့ရှိနေပါတယ်။ ဒီဖြစ်စဉ်ကြောင့်  ယူကရိန်းရဲ့  အနောက်မဟာမိတ်များအကြားမှာ သတိပေးတပ်လှန့်သကဲ့ဖြစ်စေပြီး ရုရှားနဲ့ စစ်ရေးတင်းမာမှုတွေမြင့်တက်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှားတို့က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်အနီးက ကာ့ခ်ျရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောတွေကို ပစ်ခတ်ခြင်းများအပါအ၀င်…

Read More

”မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်ဆိုတဲ့ ထက်ထက်ထွန်း”

ရန်ကုန် နိုဝင်ဘာ ၂၆-၂၀၁၈ သင်းသဒ္ဒါ အလှမယ်လောကနေတဆင့် သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတဲ့ Miss ထက်ထက်ထွန်းကတော့ ” မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်”လို့ ဆိုပါတယ်။ မိန်းကလေးချင်းလိင်တူချစ်တဲ့ အချစ်နဲ့ပါတ်သက်ပြီး ”  ထက်က ယောက်င်္ကျားလေးလည်းချစ်တယ်၊မိန်းခလေးလည်းချစ်တယ်၊တဏှာစိတ်နဲ့ချစ်တာမဟုတ်ဘူး။ သူငယ်ချင်းမိတ်ဆွေမှာလည်း ချစ်ခြင်းဆိုတာရှိတာဘဲ။ ထက်က တိရိစ္ဆာန်လေးတွေကိုလည်းချစ်တယ်။ ချစ်တတ်တယ်လို့လည်းပြောလို့ရတာပေါ့။အဓိကထက်တဏှာစိတ်မျိုးနဲ့ချစ်တာမဟုတ်ဘူး” လို့ဆိုပါတယ်။ ထက်ထက်ထွန်းက လက်ရှိမှာတော့  နိုဝင်ဘာ (၁၄) ရက်နေ့ကတော့ ဒါရိုက်တာ သားညီ ရိုက်ကူးနေတဲ့ “အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲကို သရုပ်ဆောင်တွေဖြစ်တဲ့ မိုးယံဇွန်၊ ဝေလျှံ၊ခင်ဝင့်ဝါ တို့နဲ့အတူသန်လျင်မှာ ရိုက်ကူးခဲ့ပါတယ်။ “မိန်းကလေးချစ်သူဆိုတာက ချစ်သူချစ်သူလို့ခေါ်ရတဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးတွေကိုပြောတာပါ၊ ဒါပေမဲ့အဲဒါကိုဘယ်လောက်ထိ နယ်ကျွံပြီးတော့တဆုံးတွေးပြီးတော့ ဘာတွေပုံဖော်လိုက်လို့လဲမသိဘူး ထက်ထက်ထွန်းသည်အရမ်းရွံစရာကောင်းတဲ့မိန်းမကြီးတစ်ယောက်တောင်ဖြစ်သွားတယ်ပေါ့နော်” လို့ဆိုပါတယ်။ photo- ထက်ထက်ထွန်း facebook #voiceofmyanmar #ထက်ထက်ထွန်း  

Read More

ကောလင်းမြို့နယ်က တရားဝင်ကျွဲနွားရောင်းဝယ်မှု အခွန်ငွေ ကျပ်သိန်း ၄၅၀၀ ကျော်ရရှိ

ကောလင်း နိုဝင်ဘာ ၂၆-၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကနေ ခွင့်ပြုထားတဲ့ တရားဝင် ကျွဲနွားပွဲဈေးတွေကနေ အခွန်ငွေကျပ်သန်းပေါင်း ၁၁၀၀ ကျော်ရရှိခဲ့ပါတယ်။ တိုင်းစည်ပင်သာယာကနေ တိုင်းအတွင်းမြို့နယ် ၂၅ မြို့နယ်မှာ ကျွဲနွားပွဲဈေးတွေဖွင့်ထားပြီး လေလံစနစ်နဲ့ လုပ်ကိုင်ခွင့်ပြုထားတာပါ။ အဲဒီ ၂၅ မြို့နယ်ကနေ ရရှိတဲ့ အခွန်ငွေ ကျပ်သန်းပေါင်း ၁၁၆၇.၇၂ သန်းမှာ ကောလင်းမြို့နယ်တစ်မြို့နယ်ထဲက ကျပ်သိန်းပေါင်း ၄၅၀၀ ကျော်ရရှိခဲ့ပြီး အများဆုံးဖြစ်ကာ ဆားလင်းကြီးမြို့နယ်ကတော့ ၁သန်းကျော်နဲ့ အနည်းဆုံးဖြစ်ပါတယ်။ ကျွဲနွားပွဲဈေးတွေကို တရားမဝင်ရောင်းဝယ်တာတွေ ပပျောက်ရေး၊ အခွန်ငွေရရှိစေရေးကို ရည်ရွယ်ပြီး လုပ်ဆောင်နေတာပါ။ “စည်ပင်သာယာရေး ဥပဒေမှာလည်း အဆက်ဆက် ကျွဲနွားပွဲဈေး တည်းထောင်ပြီးတော့မှ ကောက်ရမယ်ဆိုတဲ့ ဥပဒေ၊ နည်းဥပဒေတွေမှာ ပြဌာန်းပြီးသားဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် အခွန်လည်းရသလို တရားမဝင် မှောင်ခိုရောင်းနေတာကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။”လို့…

Read More

ရန်ကုန်တိုင်းဖွံ့ဖြိုးရေးအတွက် ပြင်သစ်ဆီကချေးမယ့်အစီအစဉ် ပြည်ထောင်စုလွှတ်တော်ဆိုင်းငံ့

နေပြည်တော် နိုဝင်ဘာ ၂၆-၂၀၁၈ မြတ်မင်းခန့် (VOM) ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင် စီကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို အဆုံးအဖြတ်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ရွှေ့ဆိုင်းထားမယ့်အကြောင်း  ပြည်ထောင်စုလွှတ်တော်နာယက ဆုံးဖြတ်လိုက်ပါတယ်။ အခုချေးငွေရယူနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အတွင်းဆွေးနွေးစဉ်ကတည်းက လွှတ်တော်ကိုယ်စား လှယ်အချို့ကကန့်ကွက်မှု တွေရှိခဲ့ပီး ဒီကနေ့အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်စိစစ်ဖို့အတွက်ဆုံးဖြတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ #voiceofmyanmar #ရန်ကုန်ချေးငွေ

Read More
VOM News

FREE
VIEW