ရန်ကုန်တိုင်းဖွံ့ဖြိုးရေးအတွက် ပြင်သစ်ဆီကချေးမယ့်အစီအစဉ် ပြည်ထောင်စုလွှတ်တော်ဆိုင်းငံ့

နေပြည်တော် နိုဝင်ဘာ ၂၆-၂၀၁၈

မြတ်မင်းခန့် (VOM)

ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင် စီကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို အဆုံးအဖြတ်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ရွှေ့ဆိုင်းထားမယ့်အကြောင်း  ပြည်ထောင်စုလွှတ်တော်နာယက ဆုံးဖြတ်လိုက်ပါတယ်။

အခုချေးငွေရယူနိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်အတွင်းဆွေးနွေးစဉ်ကတည်းက လွှတ်တော်ကိုယ်စား လှယ်အချို့ကကန့်ကွက်မှု တွေရှိခဲ့ပီး ဒီကနေ့အဆုံးအဖြတ်ပေးရမယ့်အချိန်မှာ ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်စိစစ်ဖို့အတွက်ဆုံးဖြတ်ပေးခဲ့တာပဲဖြစ်ပါတယ်။

#voiceofmyanmar #ရန်ကုန်ချေးငွေ

Related posts

Leave a Comment

VOM News

FREE
VIEW