ယူကရိန်းစစ်သင်္ဘော သုံးစင်းကို ရုရှားရေတပ် ဖမ်းဆီးထား၊ ကုလလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူမည်

 

ကိယက်ဗ်၊ နိုဝင်ဘာ-၂၆-၂၀၁၈

မျိုးဆက် (VOM)

ရုရှားက သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားဒေသအနီးရှိ ရေလက်ကြားကို ဖြတ်သန်းလာတဲ့ ယူကရိန်းရေတပ်သင်္ဘော သုံးစင်းကို နိုဝင်ဘာ ၂၅ ရက်က ရုရှားရေတပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

ကရိုင်းမီးယားကျွန်းဆွယ်အနီးမှာရှိတဲ့ အဆိုပါ ရေလက်ကြားဟာ ရုရှးနဲ့ ယူကရိန်းနှစ်နိုင်ငံ အတွက် အေဇော့ဗ်ပင်လယ်ကို သွားရာထွက်ပေါက်လည်းဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံတင်းမာမှုတွေ မြင့်တက်နေပါတယ်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်မှာရှိတဲ့  ရုရှားသံရုံးပြင်ပမှာလည်း ဆန္ဒပြတာတွေ ဖြစ်ပေါ်နေပြီး ရုရှားနှင့် ယူကရိန်းတို့အကြား ယခုကဲ့သို့ တင်းမာမှုတွေဖြစ်ပေါ်လာတာနဲ့  ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အရေးပေါ်အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ဖို့ရှိနေပါတယ်။

ဒီဖြစ်စဉ်ကြောင့်  ယူကရိန်းရဲ့  အနောက်မဟာမိတ်များအကြားမှာ သတိပေးတပ်လှန့်သကဲ့ဖြစ်စေပြီး ရုရှားနဲ့ စစ်ရေးတင်းမာမှုတွေမြင့်တက်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ ကရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှားတို့က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ကရိုင်းမီးယားကျွန်းဆွယ်အနီးက ကာ့ခ်ျရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘောတွေကို ပစ်ခတ်ခြင်းများအပါအ၀င် မကြုံစဖူး လုပ်ဆောင်မှုတွေကို ရုရှားက လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းရေတပ်က စွပ်စွဲပြောဆိုပါတယ်။

ယူကရိန်း စစ်သင်္ဘောတွေကိုရပ်တန့်ဖို့အတွက် လက်နက်တွေအသုံးပြုခဲ့ပြီး သင်္ဘောတွေပေါ်ကို တက်ရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့  ရုရှားလုံခြုံရေးဌာနက က တည်ပြုပြောဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ယူကရိန်းစစ်သားခြောက်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းဘက်က ပြောဆိုထားပြီး ယူကရိန်စစ်သား ၃ ဦး အသေးစားဒါဏ်ရာတွေရသွားလို့ ဆေးဝါးကုသမှုတွေ ပေးခဲ့တယ်လို့ ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။

Ref : CNA/ BBC

Photo : Reuter

#voiceofmyanmar #ယူကရိန်းစစ်သဘောင်္

Related posts

Leave a Comment

VOM News

FREE
VIEW