ခန္ဓာကိုယ် အရမ်းပြောင်းလဲချင်နေတဲ့ ရွှေသမီး

ရန်ကုန် နိုဝင်ဘာ ၂၆ – ၂၀၁၈

သင်းသဒ္ဒါ

အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးလေး ရွှေသမီးကတော့ “ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အရမ်း ပြောင်းလဲ ချင်ပါတယ်။ ကိုယ့်က ကျစ်ကျစ်လစ်လစ်လေးနဲ့ ခန္ဓာကိုယ်ပြောင်းလဲဖို့ကိုလည်း စဉ်းစားမိပါ တယ်။ ဒါပေမဲ့ ပြောင်းလဲလို့က မရပါဘူး “လို့ ဆိုပါတယ်။

ခန္ဓာကိုယ်ပြောင်းချင်တာနဲ့ ပတ်သက်ပြီးတော့ ” ဘာလိုပြောရမလဲ ခန္ဓာကိုယ့်က ငယ်ငယ်က လေး ကတည်း ကမဖွံဖြိုးဘူး။ အဲတော့ ကြီးလာတော့လည်း အခုအခြေအနေမှာ ကိုယ်ခန္ဓာဖွံဖြိုးလာဖို့က လမ်းစ မမြင်ပါဘူး။ အသက်က ၂၅နှစ်ပြည့်လာတော့မယ် ။ ခန္ဓာကိုယ်ဖွံဖြိုးဖို့ လမ်းစကတော့ မရှိပါဘူး။ ဒါကြောင့်လည် လက်ရှိမှာ ကြိုးစားတော့ ကြိုးစားနေပါတယ်။ ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်လေးနဲ့ မိန်းကလေးဆိုတာ သူနေရာနှင့်သူ တင်ဆိုလည်းတင် ရင်ဆိုလည်းရင် ရှိစေချင်ပါတယ်။ လေ့ကျင့်ခန်းကို အ သက်ကြီးလာမှာဘဲ တစိုက်မိုက်မိုက် မလုပ်ဖြစ်တာလည်း ပါပါလိမ့်မယ်။ တကယ်လုပ်ဖြစ်ရင်တော့ ဖြစ်မှာပါ။ အခုက တကယ် မလုပ်ဖြစ်သေးတော့ မဖြစ်သေးတာပါ။ ဇာတ်ကားရိုက်တွေက ဆက်တိုက်ရှိနေပေမဲ့ အားကစား ကိုတော့ မျှပြီး တော့ လုပ်ဖြစ်နေပါတယ်။အစားအသောက်ကို မဆင်ကြဉ်နိုင်သေးတဲ့အတွက် အားကစားကို တော့ လုပ်ဖြစ် နေပါတယ်။အခု တစ်လခွဲလောက်ကား ရိုက်တွေ ကတောက်လျောက်ရှိနေတော့ နားရက် တစ် ရက် မှ မရှိသေး တော့ အသားအရေကိုလည်း မဂရုစိုက်နိုင်သေးပါဘူး”လို့ ဆိုပါတယ်။

ရွှေသမီးကတော့ လက်ရှိမှာ နိုဝင်ဘာ၃၀ ရက်မှာ ရုံတင်တော့မှာဖြစ်တဲ့  ဒါရိုက်တာ စတီးလ်က မတူညီတဲ့ Action & Drama ရသတွေနဲ့ ဖန်တီးထားတဲ့ ရိုက်ကူးပုံဖော်ထားတဲ့ “အဆိပ်ရှိလူရိုင်း”

ဇာတ်ကားထဲမှာ သရုပ်ဆောင် နိုင်းနိုင်း၊ ခါရာ တို့နဲ့အတူ အဓိက အကောင်းဆုံး ပါဝင်သရုပ်ဆောင် ထားသူ လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – ရွှေသမီး facebook

#voiceofmyanmar #ရွှေသမီး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW