”မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်ဆိုတဲ့ ထက်ထက်ထွန်း”

ရန်ကုန် နိုဝင်ဘာ ၂၆-၂၀၁၈

သင်းသဒ္ဒါ

အလှမယ်လောကနေတဆင့် သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတဲ့ Miss ထက်ထက်ထွန်းကတော့ ” မိန်းကလေးချင်းချစ်တာနဲ့ ပတ်သက်ပြီး အချစ်ကို အချစ်လို့ဘဲမြင်တယ်”လို့ ဆိုပါတယ်။

မိန်းကလေးချင်းလိင်တူချစ်တဲ့ အချစ်နဲ့ပါတ်သက်ပြီး ”  ထက်က ယောက်င်္ကျားလေးလည်းချစ်တယ်၊မိန်းခလေးလည်းချစ်တယ်၊တဏှာစိတ်နဲ့ချစ်တာမဟုတ်ဘူး။ သူငယ်ချင်းမိတ်ဆွေမှာလည်း ချစ်ခြင်းဆိုတာရှိတာဘဲ။ ထက်က တိရိစ္ဆာန်လေးတွေကိုလည်းချစ်တယ်။ ချစ်တတ်တယ်လို့လည်းပြောလို့ရတာပေါ့။အဓိကထက်တဏှာစိတ်မျိုးနဲ့ချစ်တာမဟုတ်ဘူး” လို့ဆိုပါတယ်။

ထက်ထက်ထွန်းက လက်ရှိမှာတော့  နိုဝင်ဘာ (၁၄) ရက်နေ့ကတော့ ဒါရိုက်တာ သားညီ ရိုက်ကူးနေတဲ့ “အကြင်နာ မြစ်ဖျား” ဇာတ်လမ်းတွဲကို သရုပ်ဆောင်တွေဖြစ်တဲ့ မိုးယံဇွန်၊ ဝေလျှံ၊ခင်ဝင့်ဝါ တို့နဲ့အတူသန်လျင်မှာ ရိုက်ကူးခဲ့ပါတယ်။

“မိန်းကလေးချစ်သူဆိုတာက ချစ်သူချစ်သူလို့ခေါ်ရတဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးတွေကိုပြောတာပါ၊ ဒါပေမဲ့အဲဒါကိုဘယ်လောက်ထိ နယ်ကျွံပြီးတော့တဆုံးတွေးပြီးတော့ ဘာတွေပုံဖော်လိုက်လို့လဲမသိဘူး ထက်ထက်ထွန်းသည်အရမ်းရွံစရာကောင်းတဲ့မိန်းမကြီးတစ်ယောက်တောင်ဖြစ်သွားတယ်ပေါ့နော်” လို့ဆိုပါတယ်။

photo- ထက်ထက်ထွန်း facebook

#voiceofmyanmar #ထက်ထက်ထွန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW