ကောလင်းမြို့နယ်က တရားဝင်ကျွဲနွားရောင်းဝယ်မှု အခွန်ငွေ ကျပ်သိန်း ၄၅၀၀ ကျော်ရရှိ

ကောလင်း နိုဝင်ဘာ ၂၆-၂၀၁၈

ဗျဂ္ဃ (Voice of Myanmar)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးကနေ ခွင့်ပြုထားတဲ့ တရားဝင် ကျွဲနွားပွဲဈေးတွေကနေ အခွန်ငွေကျပ်သန်းပေါင်း ၁၁၀၀ ကျော်ရရှိခဲ့ပါတယ်။ တိုင်းစည်ပင်သာယာကနေ တိုင်းအတွင်းမြို့နယ် ၂၅ မြို့နယ်မှာ ကျွဲနွားပွဲဈေးတွေဖွင့်ထားပြီး လေလံစနစ်နဲ့ လုပ်ကိုင်ခွင့်ပြုထားတာပါ။

အဲဒီ ၂၅ မြို့နယ်ကနေ ရရှိတဲ့ အခွန်ငွေ ကျပ်သန်းပေါင်း ၁၁၆၇.၇၂ သန်းမှာ ကောလင်းမြို့နယ်တစ်မြို့နယ်ထဲက ကျပ်သိန်းပေါင်း ၄၅၀၀ ကျော်ရရှိခဲ့ပြီး အများဆုံးဖြစ်ကာ ဆားလင်းကြီးမြို့နယ်ကတော့ ၁သန်းကျော်နဲ့ အနည်းဆုံးဖြစ်ပါတယ်။ ကျွဲနွားပွဲဈေးတွေကို တရားမဝင်ရောင်းဝယ်တာတွေ ပပျောက်ရေး၊ အခွန်ငွေရရှိစေရေးကို ရည်ရွယ်ပြီး လုပ်ဆောင်နေတာပါ။

“စည်ပင်သာယာရေး ဥပဒေမှာလည်း အဆက်ဆက် ကျွဲနွားပွဲဈေး တည်းထောင်ပြီးတော့မှ ကောက်ရမယ်ဆိုတဲ့ ဥပဒေ၊ နည်းဥပဒေတွေမှာ ပြဌာန်းပြီးသားဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် အခွန်လည်းရသလို တရားမဝင် မှောင်ခိုရောင်းနေတာကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။”လို့ တိုင်းစည်ပင်သာယာရေးညွှန်ကြားရေးမှုး ဦးသစ်ထူးမြင့်က ပြောပါတယ်။

ကျွဲနွားပွဲဈေးတွေကို အခုနောက်ပိုင်း မြို့နယ်တော်တော်များများမှာ ပြန်လည်ဖွင့်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ကာလတိုဘက်ဂျက် ဧပြီလကနေ စက်တင်ဘာလကုန်ထိ ၆ လတာကာလအတွင်းမှာ မြို့နယ် ၁၃ မြို့နယ်သာ ရှိခဲ့ပြီး အခွန်ငွေ ၅၅၃ သန်းကျော် ရရှိခဲ့ပါတယ်။ အဲဒီ ၁၃ မြို့နယ်မှာတော့ အင်းတော်မြို့နယ်က ကျပ်သန်း ၂၂၁ သန်းကျော်နဲ့ အများဆုံးရရှိခဲ့ပါတယ်။ နောက်ထပ်လည်း ကျွဲနွားများတဲ့ ဒေသတွေဖြစ်တဲ့ ပုလဲ၊ အရာတော်၊ ဒီပဲယင်းမြို့နယ်တွေမှာ ဖွင့်လှစ်ဖို့တွေ ကျန်ရှိနေပါသေးတယ်။ နာဂဒေသကိုတော့ ကျွဲနွားလေလံဆွဲသူမရှိသေးဘူးလို့လည်း သိရပါတယ်။ ကျွဲနွားပွဲဈေးဆိုပေမယ့် ကျွဲနွားတင်မက သိုး၊ ဆိတ်၊ ဝက်တွေလည်း ပါဝင်ပါတယ်။

ပြီးတဲ့ရက်ကတော့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ကန့်ဘလူနယ်မှာ တရုတ်ကိုတင်ပို့မယ့် ကား ၁၅စီးနဲ့ နွားအကောင်ရေ ၃၀၀ ဟာ နွားပွဲဈေးအခွန်မဆောင်လို့ဆိုပြီး တားဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။

#VOICEOFMYANMAR #ကျွဲနွားရောင်းဝယ်ခွန်#ကောလင်း

Related posts

Leave a Comment

VOM News

FREE
VIEW