ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လေးနှစ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်လာ

ဂျီနီဗာ၊ နိုဝင်ဘာ-၂၈-၂၀၁၈

မျိုးဆက် (VOM)

ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏသည်  လေးနှစ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂကနေ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပမာဏများပြားလာခြင်းနဲ့အတူ  ရာသီဥတုပြောင်းလဲတာတွကို ကိုင်တွင်ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်မှုတွေဟာလည်း လမ်းကြောင်းပျောက်နေတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ကာဗွန်ဓာတ်ငွေ့လျော့ချဖို့အတွက်ကြိုးပမ်းမှုတွေမှာ အခက်အခဲတွေရှိနေတဲ့ကြားက  ၂၀၁၇ခုနှစ်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှုမြင့်တက်လာတာတွေအတွက် စီးပွားရေးအင်အားကြီးနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါရီရာသီဥတုသင်္ဘောညီချက် ရည်မှန်းချက်များအတိုင်း ရာသီဥတုကို ထိန်းသိမ်းရန်ကြိုးရာမှာ ၂၀၂၀ပြည့်နှစ် မှာ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှု အမြင့်ဆုံးရောက်ရှိလာမယ့်အကြောင်းက အလွန်စိုးရိမ်ဖွယ် အခြေအနေဖြစ်တယ်လို့ လေ့လာမှုတရပ်က ဆိုပါတယ်။

ဒီလိုအခြေအနေကြောင့် ၂၀၃၀ပြည့်နှစ်မှာ ပါရီရာသီဥတုသဘောတူညီချက်ရဲ့ ပန်းတိုင်ကိုရောက်ဖို့ လမ်းမမြင်ဘူးလို့ သုတေသီတွေက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီရင်ခံစာဟာ ဒီဇင်ဘာ ၂ရက်ကနေ ၁၄ရက်နေ့အထိ ပိုလန်နိုင်ငံမှာ  ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံတရပ် မစတင်မီ ရက်ပိုင်းမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Ref: BBC

Photo: Getty Image

#voiceofmyanmar #ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏမြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW