”ပိတ်စ မလောက်လို့ အောက်ပိုင်းကပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါဆိုတဲ့ သင်ဇာဝင့်ကျော်”

ရန်ကုန် ဒီဇင်ဘာ ၁ -၂၀၁၈

သင်းသဒ္ဒါ (VOM)

အနုပညာလောကမှာ ဖက်ရှင်ဒီဇိုင်း Sexy အလန်းဆုံး ဝတ်ဆင်မှုတွေကြောင့် ပရိသတ်တွေ ကြား မှာ ရေပန်းစားနေတဲ့ သရုပ်ဆောင်  သင်ဇာဝင့်ကျော်ကတော့ မနေ့က 119 ဆိုင်သစ်ဖွင့်ပွဲကိုဝတ်စုံနဲ့ ပတ် သက်ပြီးတော့ “ပိတ်စ မလောက်လို့ အောက်ပိုင်းကပေါ်နေတဲ့ ဖက်ရှင်ဖြစ်သွားတာပါ (ရယ်လျက်) ။ သင်ဇာ ဘယ်လိုရူးရူးလိုက်ပြီး ရူးပေးကြလို့ ပရိသတ်ကို ကျေးဇူး အများကြီးတင်ပါတယ်”လို့ ဆိုပါတယ်။

ပွဲတက်ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “သင်ဇာ အဓိကတော့ သတ်မှတ်ထားတဲ့ Brand ကိုကြည့် ဖြစ်တယ်။နောက် Colour ကိုကြည့်ဖြစ်ပါတယ်။ပြီးမှ ကိုယ့်ဝတ်ချင်တဲ့အရာလေးနဲ့ ပေါင်းစပ်ဝတ် ဖြစ်တာပါ။ ခန္ဓာကိုယ့်လှအောင်လို့လည်း Gym မဆော့ဖြစ်တာလည်း ကြာပါပြီ။ ကားရိုက်တွေဆက်နေလို့ပါ” လို့ ဆိုပါ တယ်။

လက်ရှိမှာတော့ ခန္ဓာကိုယ်ဝိတ်ပေါင် ၁၂၀ အထိတက်နေတယ်လို့ သိရပါတယ်။ မကြာခင် ရက် ပိုင်းမှာ သင်ဇာဝင့်ကျော်ကတော့ အသက်၃၁ နှစ်ပြည့်မွေးနေ့မှာ အောင်ဇမ္ဗူတောရ ဘုန်းကြီးကျောင်းမှာ အာရုံ ဆွမ်းကပ်သွားမယ့်အပြင် စတုဒိသာအလှူနဲ့ ဘုရားသွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။လက်ရှိမှာလည်း Miss Night ဆိုတဲ့ သရဲရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #သင်ဇာဝင့်ကျော်

Related posts

Leave a Comment

VOM News

FREE
VIEW