၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ကြားဖြတ်သန်းခေါင်စာရင်း ကောက်ရန် စီစဉ်

နေပြည်တော်၊ ဒီဇင်ဘာ ၃၊ ၂၀၁၈ မြတ်မင်းခန့် သန်းခေါင်စာရင်းကောက်ယူခဲ့တဲ့ ၂၀၁၄ခုနှစ် နောက်ပိုင်းကာလတွေမှာ ပြောင်းလဲလာတဲ့ လူမှုစီးပွားရေးနဲ့ လူနေမှုဘဝတွေအတွက် အချက်အလက်များ ရရှိနိုင်အောင် ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ ကြားဖြတ်သန်းခေါင်စာရင်း ထပ်ကောင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Read More

ရခိုင်ပြည်နယ်တွင်း မသန်စွမ်းအခွင့်အရေးများ လိုအပ်နေဆဲ

စစ်တွေ၊ ဒီဇင်ဘာ ၃၊ ၂၀၁၈ ခိုင်လင်းစံ   ရခိုင်ပြည်နယ်အတွင်းက မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေဟာ အများကြီးလိုအပ်နေဆဲ ဖြစ်ပြီး မွေးရာပါ မသန်စွမ်းကလေးငယ်တွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ပြုစုပျိုးထောင်မှုလုပ်ငန်းတွေ မရှိသေးတဲ့အတွက် အဲဒါတွေကိုဖြစ်အောင် ကြိုးစားသွားမယ်လို့  ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာကျရောက်တဲ့ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားမှာ ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံး ဥက္ကဌ ဦးလှမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။

Read More

ချစ်သူကို မိန်းကလေးပရိသတ်အားပေးတာကို သဝန်မတိုဘူးဆိုတဲ့ Bobby Soxer

ရန်ကုန် ဒီဇင်ဘာ ၃-၂၀၁၈ သင်းသဒ္ဒါ   Rap တေးသီချင်းတွေ သီဆိုခဲ့တဲ့ Bobby Soxerကတော့ ချစ်သူဖြစ်တဲ့ လွှမ်းပိုင်ကို မိန်းကလေး ပရိသတ်တွေ အားပေးတာနဲ့ ပတ်သက်ပြီးတော့ သဝန်မတိုဘူးလို့ ဆိုပါတယ်။   “ကိုယ့်ချစ်သူအတွက် ဂီတပိုင်းမှာ လုပ်ပေးဖြစ်တာတော့ သိပ်မရှိပါဘူး။ ကိုလွှမ်းပိုင်က ဂီတ ဖက်မှာ ရော သရုပ်ဆောင်ဖက်မှာရော ညီမထက်ပိုတော်တဲ့အတွက် သူဟာ သူအားလုံး လုပ်နိုင်ပါတယ်။ အခု သရုပ် ဆောင်ဖက်ကိုပါ လုပ်နေပြီး မိန်ကလေးပရိသတ်တွေ အားပေးနေကြတဲ့အပေါ်မှာ သ၀န်တိုမူတွေ ဘာတွေတော့ မရှိပါဘူး။ ဟိုးအရင် သူ ဂီတပိုင်းတွေ စလုပ်ကတည်းက မိန်းကလေး ပရိသတ်တွေက အားပေး ကြတာတွေ အများရှိတယ်လေ” လို့ဆိုပါတယ်။   သူ့အနေနဲ့ လတ်တလောမှာ FG Entertainmentနဲ့ တွဲဖက်ပြီးတော့ တေးသီချင်းတွေ အွန်လိုင်းကတင်သွား ဖို့ရှိတယ်၊…

Read More

LGBT အရေးနဲ့ပတ်သက်ပြီး ကြိုဆိုတယ်ဆိုတဲ့ Bella

ရန်ကုန်၊ ဒီဇင်ဘာ ၃-၂၀၁၈ သင်းသဒ္ဒါ   အလှမယ်ပြိုင်ပွဲက တဆင့် သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာတဲ့ မြတ်သီရိလွင်(ခ) Bella ကတော့ ” LGBT နဲ့ပတ်သက်ပြီး ကြိုဆိုတယ်”ဆိုပါတယ်။   “Bella ကတော့ ယောက်ျားလေးပဲ ကြိုက်တာပါ။ တကယ်ပြောတာပါ မိန်းမလေးအချင်းချင်း တွဲဖြစ်ပေ မယ့်လေ။ သီချင်းကတော့ ကာရိုက်တာ အရမို့လုပ်ဆောင်ရတာပါ။ ဘယ်လို ပုံစံကာရိုက်တာပဲလာလာ လုပ်ဖြစ်တာပါ။ သရုပ်ဆောင်ရမှာ Bella တို့ရဲ့ တာဝန်ပါ။ LGBT ပတ်သက်ရင်တော့ Bella ကတော့ ကြိုဆိုပါ တယ်။ တကယ်တော့ LGBT တွေ မြန်မာတစ်နိုင်ငံထဲ မဟုတ်ပါဘူး။ တကမ္ဘာလုံးနဲ့ ဆိုင်တာမို့ သူတို့တွေကို လေးလည်း လေးစားတယ်။ အားကျတယ် ဒီလောက်ပါပဲ”လို့ ဆိုပါတယ်။   သူမကတော့ အဆိုတော်နီနီခင်ဇော်ရဲ့ မိန်းကလေးချင်း ချစ်ကြိုက်တဲ့ သီချင်းကို…

Read More

နိုင်ငံလုံခြုံရေးအတွက် ဒုံးပျံစမ်းသပ် ထုတ်လုပ်မှုတွေ ဆက်လုပ်မယ်လို့အီရန်ဆို

တီဟီရန်၊ ဒီဇင်ဘာ-၃၊ ၂၀၁၈ မျိုးဆက် (VOM)   အီရန်နိုင်ငံက ထိပ်ဖူးမျိုးစုံသယ်ဆောင်နိုင်တဲ့ ဒုံးပျံသစ်တစ်မျိုးကို စမ်းသပ်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲပြစ်တင်လိုက်ပေမယ့် နိုင်ငံကာကွယ်ရေး အတွက် ဒုံးပျံစမ်းသပ်မှုတွေကို ဆက်လုပ်သွားမယ်လို့ အီရန် စစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။   ဒုံးပျံစမ်းသပ်မှုတွေဟာ နိုင်ငံ ကာကွယ်ရေးအတွက်ဖြစ်ပြီး စမ်းသပ်မှုအပြင် တည်ဆောက်မှုတွေပါ ဆက်လုပ်သွားမယ်လို့ အီရန်လက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အဘောဖေဇယ် ရှက်ခါချီက ပြောပါတယ်။   ဒီလို လုပ်ဆောင်တာဟာ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခြင်းတာမဟုတ်ဘူးလို့ အီရန်ကပြောပါတယ်။ အီရန်နိုင်ငံက ဒုံးပျံသစ်တစ်မျိုးကို စမ်းသပ်ခဲ့ခြင်း ရှိမရှိကိုတော့ ဗိုလ်ချုပ် ရှက်ခါချီက ငြင်းဆိုခြင်းမပြုသလို အတည်ပြုပြောဆိုတာလည်းမရှိပါဘူး။   အီရန်နိုင်ငံက တာလတ်ပစ် နျူးကလီးယား ဒုံးပျံတွေ စမ်းသပ်လုပ်ဆောင်နေတာဟာ ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား…

Read More

မင်းဝံတောင်ဘေးမဲ့ကာကွယ်တော အသစ်ပြန်ဖွဲ့ဖို့ CORE AREA အဖြစ် ဧက ၃၀၀၀ စတင် တိုင်းထွာသတ်မှတ်

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၊ ၂၀၁၆ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့နယ် အတွင်းရှိ အသစ်ပြန်ဖွဲ့စည်းမယ့် မင်းဝံတောင်ဘေးမဲ့ကာကွယ်တော ဧရိယာအတွင်းက ပင်မဧရိယာ CORE AREA အဖြစ် ဧက ၃၀၀၀ သတ်မှတ်ဖို့ စတင်တိုင်းထွာနေပြီလို့ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနက ပြောပါတယ်။   အသစ်ပြန်ဖွဲ့စည်းမယ့် မင်းဝံတောင်ဘေးမဲ့ကာကွယ်တော စုစုပေါင်း ဧရိယာ ၁၄၂၂၃ ဧက ထဲက ဧက ၃၀၀၀ ကို (COREAREA) ပင်မဧရိယာ အဖြစ်လည်းကောင်း၊ ကျန်တဲ့ ၁၁၂၂၃ ဧက ကို ကြားခံနယ်မြေ (BUFFER ZONE) အဖြစ်လည်းကောင်း ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁ ရက်နေ့က စပြီး ကွင်းဆင်းတိုင်းတာမှုတွေ လုပ်နေပြီလို့ ဆိုပါတယ်။   ”ပထမ တိုင်းပြီးသား ၁၄၂၂၃…

Read More

တေးသံရှင်​ဆင့်မေဖူး က မြူရှင် အမည်နဲ့ ဒုတိယမြောက် တေးစီးရီးမိတ်ဆက်

မန္တလေး ဒီဇင်ဘာ ၃-၂၀၁၈ ဟိန်းကို(VOM) လူငယ်​ကြိုက်​သီချင်း​တွေ ပါဝင်​သီဆိုထားတဲ့ ​တေးသံရှင်​ မြူရှင်​(ခ) ဆင့်​​မေဖူး ရဲ့ `နင့်​ နဲ့ မှ ´​တေးစီးရီးမိတ်​ဆက်​ပွဲ ကို ဒီဇင်​ဘာ(၂)ရက်​​နေ့ ညပိုင်းက မန္တ​လေးမြို့ မင်္ဂလာမန္တ​လေးက ပရိုမိုးရှင်းဧရိယာမှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ ” ၂၀၁၄ ခုနှစ်​​က ဆင့်​​မေဖူး နာမည်​နဲ့ `မ​ငေးနဲ့´​တေးစီးရီးကို ပထမဦးဆုံးထုတ်​ခဲ့ပါတယ်​ ခုဟာက ဒုတိယ​မြောက်​ ​တေးစီးရီး ဖြစ်​ပါတယ်​၊ နာမည်​​ပြောင်းဖြစ်​ခဲ့တာက ပထမနာမည်​ ဆင့်​​မေဖူး က ထင်​သ​လောက်​ခရီးမ​ရောက်​ခဲ့ဘူး မြူရှင် ဆိုတဲ့နာမည်​​လေးက လူသိလည်း လွယ်​တဲ့အတွက်​​ပြောင်းဖြစ်​ခဲ့တာပါ ” လို့  ​တေးသံရှင်​ မြူ ရှင်​(ခ) ဆင့်​​မေဖူး က ​ပြောပါတယ်​။ တေးစီးရီးမိတ်​ဆက်​ပွဲမှာ ​​တေးသံရှင်​ မြူရှင်​(ခ) ဆင့်​​မေဖူး နဲ့ အဆို​တော်​ သာဒီးလူး အပါအ၀င်​ အခြား​သော အနုပညာရှင်​များက အမှတ်​တရ…

Read More

ကျောက်ဖြူမှာ လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြ

ကျောက်ဖြူ၊ ဒီဇင်ဘာ ၂-၂၀၁၈ ခိုင်လင်းစံ ဆည်ဖို့ရေးကိစ္စမှာ ဆည်အပြောင်းအလဲ လုပ်လိုက်တာကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကို ကျောက်ဖြူဒေသခံ ၄၀၀ လောက်က ဒီကနေ့နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ကွမ်းချောင်းကာရီဆည်ဖို့ဖို့အတွက် ပြည်နယ်အစိုးရက ရေးဆွဲထားတဲ့ ဘတ်ဂျက်မူကြမ်း သတ်မှတ်ပြီး ဖြစ်ပေမယ့် ကွမ်းချောင်းကာရီဆည်အစား ကပိုင်ချောင်းကာရီဆည်ကို ဦးကျော်လွင်က ပြောင်းလဲလိုက်တာကြောင့် မကျေနပ်တဲ့ ကွမ်းချောင်းကျေးရွာသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ “ပထမ ရေးဆွဲလိုက်တဲ့ဘတ်ဂျက်မှာ ကျွန်တော်တို့ ကွမ်းချောင်းကာရီနဲ့ထွက်လာတာပါ။ အဲဒါကို ဦးကျော်လွင်က ကပိုင်ချောင်းကာရီဆိုပြီး ပြောင်းခိုင်းလိုက်တော့ နောက်ထွက်တဲ့ဘတ်ဂျက်မှာ ကပိုင်ချောင်းကာရီကိုပဲ လုပ်ဖို့အတွက် အတည်ပြုပြီး ထွက်လာတာဖြစ်ပါတယ်။ ဒါကြောင့် မကျေနပ်လို့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာပါ” လို့ ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူတယောက်က ပြောပါတယ်။ ကပိုင်ချောင်းကာရီနဲ့ ကွမ်းချောင်းကာရီနှစ်ခုစလုံးမှာ ကျောက်ဖြူမဲဆန္ဒနယ်မြေ အမှတ် ၁ မှာရှိတဲ့ ကာရီတွေဖြစ်ပြီး အဲဒီကာရီတွေကို ပြန်လည်ပြုပြင်ခြင်း၊ ဆည်ဖို့ခြင်းတို့အတွက်…

Read More

Rock အပြင်းစားတွေ ပါမယ့် တကိုယ်တော် Solo Album စီစဉ်နေတဲ့ ဖြိုးမြတ်အောင်

ရန်ကုန် ဒီဇင်ဘာ ၂-၂၀၁၈ သင်းသဒ္ဒါ   အသံအားပြင်းပြင်းနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တာမို့ Myanmar idol Season 3 မှာ Winner ဆုကို ဆွတ်ခူးထားတဲ့ ဖြိုးမြတ်အောင်က သူ့ရဲ့ ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော် Solo Album ထဲမှာ Rock အပြင်းစားတွေပါမယ် လို့ ဆိုပါတယ်။   ဖြိုးမြတ်အောင်ရဲ့ အနုပညာလှုပ်ရှားနဲ့ ပတ်သက်လို့ မေးကြည့်တော့ “ကျွန်တော်အခုတော့ show ပွဲလက်ခံထားတာလေးတွေကို ဒီဇင်ဘာလကုန်ထိဆိုပေးမယ်ပေါ့နော်။ ဒီဇင်ဘာလကုန်တာနဲ့ ပွဲဆိုတာနားပြီးတော့နှစ်သစ်ပေါ့။ ဇန်နဝါရီလကစပြီးတော့ Solo Album အတွက်ပြင်ဆင်ပါတော့မယ်။သီချင်းတွေစုမယ်၊ ကြိုက်မယ်ထင်တဲ့သီချင်းလေးတွေရှာမယ်။ Show ပွဲမဆိုရတဲ့အချိန်ဆိုတော့ ကျွန်တော်လည်း အားနေတော့ ကိုယ်တိုင်လည်း သီချင်းရေးဖြစ်မယ်ထင်ပါတယ်” လို့ဆိုပါတယ်။   သူရဲ့ အခွေမှာတော့ ပရိသတ်နဲ့ အကြိုက်ထပ်တူ ကျခဲ့တဲ့ Rock ဂီတအပြင်းစားတွေ ကို ထည့်သွားမှာဖြစ်သလို…

Read More
VOM News

FREE
VIEW