LGBT အရေးနဲ့ပတ်သက်ပြီး ကြိုဆိုတယ်ဆိုတဲ့ Bella

ရန်ကုန်၊ ဒီဇင်ဘာ ၃-၂၀၁၈

သင်းသဒ္ဒါ

 

အလှမယ်ပြိုင်ပွဲက တဆင့် သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာတဲ့ မြတ်သီရိလွင်(ခ) Bella ကတော့ ” LGBT နဲ့ပတ်သက်ပြီး ကြိုဆိုတယ်”ဆိုပါတယ်။

 

“Bella ကတော့ ယောက်ျားလေးပဲ ကြိုက်တာပါ။ တကယ်ပြောတာပါ မိန်းမလေးအချင်းချင်း တွဲဖြစ်ပေ မယ့်လေ။ သီချင်းကတော့ ကာရိုက်တာ အရမို့လုပ်ဆောင်ရတာပါ။ ဘယ်လို ပုံစံကာရိုက်တာပဲလာလာ လုပ်ဖြစ်တာပါ။ သရုပ်ဆောင်ရမှာ Bella တို့ရဲ့ တာဝန်ပါ။ LGBT ပတ်သက်ရင်တော့ Bella ကတော့ ကြိုဆိုပါ တယ်။ တကယ်တော့ LGBT တွေ မြန်မာတစ်နိုင်ငံထဲ မဟုတ်ပါဘူး။ တကမ္ဘာလုံးနဲ့ ဆိုင်တာမို့ သူတို့တွေကို လေးလည်း လေးစားတယ်။ အားကျတယ် ဒီလောက်ပါပဲ”လို့ ဆိုပါတယ်။

 

သူမကတော့ အဆိုတော်နီနီခင်ဇော်ရဲ့ မိန်းကလေးချင်း ချစ်ကြိုက်တဲ့ သီချင်းကို စရေးကတည်းက Bella ကို အဲ့နေရာမှာထားပြီး စဉ်းစားပြီးရေးထားတယ်လို့ သိရပါတယ်။ channel 7 ကလည်း အကူအညီ တောင်း တာမို့ မြတ်ပုဏ္ဏမီ နဲ့အတူ သရုပ်ဆောင်ထားတာကို ဒါရိုက်တာ မမေဘရဏီနဲ့ ရိုက်ဖြစ်တာလို့သိရပါတယ်။

 

အနုပညာ လှုပ်ရှားမှု နဲ့ ပတ်သက်ပြီးတော့ “Bella က ကိုယ့်အလုပ်ကို ဖြေးဖြေးချင်းသွား ရတာ ပဲကြိုက်တယ်။ လှေကားဆိုတာ နှစ်ထစ်သုံးထစ်ကို ကျော်တက်ရင် ချော်လဲတတ်တယ်လေ။ အဲဒီတော့ Bella အခု တချို့ ကမ်းလှမ်းလာတာလေးတွေရှိတယ်။ အဲဒါကိုပဲ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးနေတယ်။ ပြီးတော့ နောက်ကမ်းလှမ်းလာမယ့်ဟာတွေကိုလည်း Bella စောင့်နေတယ်။ အခုကတော့ mtv ပဲရိုက်နေတယ်။ သရုပ်ဆောင် အနေနဲ့ကတော့Bellaက ဖြေးဖြေးချင်း ရိုက်သွားမှာပါ” လို့ဆိုပါတယ်။

 

ဓာတ်ပုံ- Bella facebook

Related posts

VOM News

FREE
VIEW