ချစ်သူကို မိန်းကလေးပရိသတ်အားပေးတာကို သဝန်မတိုဘူးဆိုတဲ့ Bobby Soxer

ရန်ကုန် ဒီဇင်ဘာ ၃-၂၀၁၈

သင်းသဒ္ဒါ

 

Rap တေးသီချင်းတွေ သီဆိုခဲ့တဲ့ Bobby Soxerကတော့ ချစ်သူဖြစ်တဲ့ လွှမ်းပိုင်ကို မိန်းကလေး ပရိသတ်တွေ အားပေးတာနဲ့ ပတ်သက်ပြီးတော့ သဝန်မတိုဘူးလို့ ဆိုပါတယ်။

 

“ကိုယ့်ချစ်သူအတွက် ဂီတပိုင်းမှာ လုပ်ပေးဖြစ်တာတော့ သိပ်မရှိပါဘူး။ ကိုလွှမ်းပိုင်က ဂီတ ဖက်မှာ ရော သရုပ်ဆောင်ဖက်မှာရော ညီမထက်ပိုတော်တဲ့အတွက် သူဟာ သူအားလုံး လုပ်နိုင်ပါတယ်။ အခု သရုပ် ဆောင်ဖက်ကိုပါ လုပ်နေပြီး မိန်ကလေးပရိသတ်တွေ အားပေးနေကြတဲ့အပေါ်မှာ သ၀န်တိုမူတွေ ဘာတွေတော့ မရှိပါဘူး။ ဟိုးအရင် သူ ဂီတပိုင်းတွေ စလုပ်ကတည်းက မိန်းကလေး ပရိသတ်တွေက အားပေး ကြတာတွေ အများရှိတယ်လေ” လို့ဆိုပါတယ်။

 

သူ့အနေနဲ့ လတ်တလောမှာ FG Entertainmentနဲ့ တွဲဖက်ပြီးတော့ တေးသီချင်းတွေ အွန်လိုင်းကတင်သွား ဖို့ရှိတယ်၊ နောက်ထပ်ခွေအသစ် ထွက်ဖို့အတွက်လည်း စီစဉ်နေတယ်လို့ Bobby Soxer က ပြောပါတယ်။

 

“ထက်ရဲ့ နောက်ထွက်မယ့် တစ်ကိုယ်တော်ကို စိတ်ထဲမှာ Feel လာတဲ့ပုံစံမျိုးတွေ ပိုလုပ်ထား ပါတယ်။ ထက်တို့ ထပ်လုပ်တဲ့ အခွေထဲမှာ ကိုလွှမ်းပိုင်နဲ့ အတူတွဲလုပ်ဖြစ်မလားဆိုတာတော့ မသေချာတော့ မပြောချင်သေးပါဘူး။ သီချင်းကတော့ ၁၀ပုဒ်လောက်ဘဲပါမှာပါ။ ပြီးတော့ မယ်လိုဒီတော့ နည်းနည်းဘဲ ပါဝင်မှာပါ” လို့ဆိုပါတယ်။

 

ဓာတ်ပုံ- Bobby Soxer facebook

Related posts

Leave a Comment

VOM News

FREE
VIEW