”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ် မေမြတ်နိုး”

ရန်ကုန် ဒီဇင်ဘာ ၄-၂၀၁၈

သင်းသဒ္ဒါ(VOM)

အလှမယ်လောကတဆင့် သရုပ်ဆောင်ပါလုပ်နေတဲ့  မေမြတ်နိုးကတော့ ”သီချင်းခွေထွက်ဖို့ အသံသွင်းနေပြီဖြစ်နေတယ်”လို့ ဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ”Music အမျိုးအစားကတော့ အစုံထည့်ထားပါတယ်။ လူကြီးအကြိုက်ရော၊လူငယ်အကြိုက်ရော ဗိုလ်ဆန်ဆန်ရောထည့်ထားပါတယ်။ မကြာခင်မှာတော့ ပရိသတ်ဆီကို ဆက်တိုက်ဆိုလို့ မြတ်နိုးကိုတွေ့ရမှာပါ”လို့ ဆိုပါတယ်။

လက်ရှိမှာ မြတ်နိုး အဆိုပိုင်းနဲ့ပတ်သက်ပြီးတော့ သီချင်း ၉ပုဒ်လောက်ပြီးသွားတော့ အင်္ဂလိပ် သီချင်း ၃ပုဒ်ထည့်ဖို့ စီစဉ်ထားပါတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့လပိုင်းလောက် ဘန်ကောက်မှာ Invincible ဇာတ်ကားရဲ့ Casting အတွက် Audition ဝင်ရာမှ ရွေးချယ်ခံရပြီး ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ရခဲ့တာလည်းဖြစ်ပါတယ်။Invincible ရုပ်ရှင်ကားကြီးကတော့ action ကားအမျိုးအစားဖြစ်သလို 2019 ခုနှစ်မှာ ရုံတင်ပြသမယ့် ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။

” မေမြတ်နိုးအက်ရှင်-ဒရာမာဆန်ဆန်လေး ဇာတ်ကားမှာ မြတ်နိုးသရုပ်ဆောင်ထားပါတယ်။ ဘန်ကောက်မှာ ရိုက်ကူးတယ်ဆိုပေမဲ့ ဇာတ်ကားတစ်ကားလုံးမှာတော့ အင်္ဂလိပ်စကားပြောနဲ့ပဲ သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေဆီက Feedback ကဘယ်လိုဖြစ်မလဲဆိုတာ ရင်ခုန်မိပါတယ်”လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက ထုတ်လုပ်မယ့် Invincible ဇာတ်ကားအတွက် လာရောက်ပြီး အရွေးခံတဲ့ ထိုင်းမင်းသမီးတွေကို ကျော်ဖြတ်ပြီး မြန်မာနိုင်ငံသူ မေမြတ်နိုးက အရွေးခံခဲ့ရတာဖြစ်ပါတယ်။ ဒါရိုက်တာကတော့ ကယ်လီဖိုးနီးယားက Director Damiel Zirilli ဖြစ်ပြီး မင်းသားကလည်း Fast and Furious 1 မှာ ပါဝင်ခဲ့တဲ့ ကယ်လီဖိုးနီးယား မင်းသား Johnny Strong ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Miss Universe Thailand 2016 လည်း ပါဝင်မယ်လို့ သိရပါတယ်။

#voiceofmyanmar#မေမြတ်နိုး

ဓာတ်ပုံ- မေမြတ်နိုး facebook

Related posts

Leave a Comment

VOM News

FREE
VIEW