ယင်းမာပင်မြို့ မှာ သက်ငယ်မှုဒိမ်းမှု ဖြစ်ပွား

မုံရွာ၊ ဒီဇင်ဘာလ ၆-၂၀၁၈

တာရာ(VOM)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊မောက်သရက်(ရှေ့)ရွာမှာ ဒီဇင်ဘာ(၄)ရက်နေ့ ည(၇)နာရီအချိန်က (၉)နှစ်အရွယ်မိန်းကလေးတစ်ဦးဟာ မောင်ဖြစ်သူ နဲ့ အိပ်ပျော်နေစဉ် မောက်သရက် (ရှေ့)ရွာနေ ကျော်ဝင်းဌေး၊ ၃၅နှစ် နေအိမ်သို့ရောက်လာပြီး (၉)နှစ်အရွယ်မိန်းကလေးရဲ့ပါးစပ်ကို လက်နဲ့ပိတ်ပြီး သားမယား(၂)ကြိမ် ပြုကျင့်ခဲ့တယ်လို့ မှုခင်းမှတ်တမ်းတွေအရ သိရပါတယ်။

သားမယားအဖြစ်ပြုကျင့်သူ ကျော်ဝင်းဌေးအား  ဥပဒေအရအရေးယူပေးရန် သားမယားပြုခံရတဲ့ မိန်းကလေးရဲ့ အဖေဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းကာ ယင်းမာပင်မြို့မရဲစခန်း က (ပ)၂၅၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်၍ စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

 

#voiceofmyanmar#ယင်းမာပင်မြို့#သက်ငယ်မုဒိန်း#

Related posts

Leave a Comment

VOM News

FREE
VIEW