ပရိတ်သတ်ထဲ ရေဗူးကန်လိုက်လို့ အက်ဖ်အေရဲ့ အရေးယူခံရဖွယ်ရှိနေတဲ့ အာဆင်နယ်နည်းပြ အမ်မရီ

လန်ဒန်၊ ဒီဇင်ဘာ-၂၈
ရန်နိုင်ထွန်း (VOM)

အာဆင်နယ်အသင်း နည်းပြ အူနိုင်းအမ်မရီဟာ ဒီဇင်ဘာ ၂၆ ရက်က ဘောက်ဆင်ဒေးမှာ ဘရိုက်တန် အသင်းနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲမှာ ရေဗူးကို ပရိတ်သတ်ထဲကန်လိုက်တာကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလိုက်ရပါတယ်။

မလျော်ကန်တဲ့အပြုအမူနဲ့ ရေဘူးကို ပရိတ်သတ်ဆီိကို ကန်ထဲ့တယ်ဆိုတဲ့ အက်ဖ်အေရဲ့ စွဲချက်နဲ့ ပတ်သက်ပြီး လာမယ့် ဇန်န၀ါရီ ၂ ရက်နေ့မှာ အမ်မရီအနေနဲ့ ပြန်လည်ဖြေရှင်းရမှာဖြစ်တယ်လို့ အက်ဖ်အေက ထုတ်ပြန်ထားပါတယ်။

ဘရိုက်တန်နဲ့ ပွဲပြီးခါနီးမှာ သရေရလဒ်အပေါ် မကျေနပ်တာကြောင့် ဒေါသတကြီး ရေဗူးကန်လိုက်ပေမယ့် ကွင်းဘေးနားကိုသွားပြီး ရေဗူးထိမှန်ခဲ့ တဲ့သူအပါအ၀င် ပရိတ်သတ်တွေကို တောင်းပန်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အမ်မရီက ပြောပါတယ်။

ဒီလိုမျိုး မသင့်တော်တဲ့ အပြုအမူတွေလုပ်ခဲ့တဲ့ နည်းပြတွေကို အက်ဖ်အေကနေ ပွဲကြီးကြပ်ခွင့်တွေ ပိတ်ပင်တဲ့ ပြစ်ဒါဏ်မျိုးတွေချမှတ်ခဲ့ဖူးပါတယ်။ အမ်မရီကတော့ ဒီလုပ်ရပ်ဟာရည်ရွယ်ချက်တစ်စုံတစ်ရာမပါဝင်ဘူးလို့ ငြင်းဆိုထားပြီး အက်ဖ်အေရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို လေးစားလိုက်နာသွားမယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်ရာသီမှာ ပြိုင်ပွဲ ရမှတ် ၃၈ မှတ်နဲ့ အဆင့်ငါးနေရာမှာရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးအသင်းနဲ့ ၁၃ မှတ်အထိ ကွာဟနေပါတယ်။

#voiceofmyanmar#အာဆင်​နယ်​နည်းပြ#အမ်​မရီ#
Ref: CNA
Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW