တီးတိန်မြို့မှာ မြေတူးရာက လက်နက်ဟောင်း ရာကျော် တူးဖော်တွေ့ရှိ

တီးတိန် ဒီဇင်ဘာ ၂၉-၂၀၁၈
မိုင်​ချယ်​ရီ(VOM)

ချင်းပြည်နယ် တီးတိန်မြို့နယ် မြို့မရပ်ကွက်​က နေအိမ်တစ်လုံးမှာ ဒီနေ့မနက်ပိုင်းက နေအိမ်အောက်မှာ ကားထားဖို့ ဒီနေ့မနက် ၁၀ နာရီကျော် အချိန်လောက်က မြေတူးဖော်ရာကနေ သေနတ်အဟောင်း အလက် ရေ ရာကျော် တူးဖော်တွေ့ရှိခဲ့တယ်လို့ တီးတိန်မြို့နယ် စည်ပင်သာယာရေးဌာနရုံးကနေ သိရပါတယ်။

မြို့မ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဇမ်ကျင်ထန်း အိမ်အမှတ်(မ/၂၄၂) ရဲ့ အိမ်အောက်ခြေမှာ ကားထားဖို့အတွက် မြေညှိတူးဖော်ချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တွေ့ရှိခဲ့တဲ့ ဂျပန်ခေတ်တုန်းက သေနတ်ဖြစ်ခဲ့ဟန်တူတဲ့ သံတိုသံစ အချောင်းရေ ၁၅၀ လောက်ရှိတယ် လို့ တီးတိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ က ပြောပါတယ်။

တီးတိန်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဒမ်ခေါဇမ်း က “လက်နက်ပုံစံတောင် မရှိတော့ဘူး သံတို သံစတွေ လို ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

တီးတိန်မြို့နယ်ဟာ ဆိုရင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်းဖြစ်တဲ့ ကလေး-တီးတိန်-ရိခေါဒါရ် ကားလမ်းပေါ် ပင်လယ်ရေမျက်နှာပြင် ပေပေါင်း ၄၅၀၀ အထက်မှာ တည်ရှိတဲ့ မြို့ဖြစ်ပြီး တီးတိန်မြို့နယ်အတွင်းမှာ ဆိုရင် ဒုတိယကမ္ဘာစစ်အတွင်း က အသုံးပြုခဲ့တဲ့ တင့်ကားအဟောင်းတွေ ခံတပ်တွေ ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သားတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းတွေကိုလည်း တွေ့ရှိတာတွေ ရှိတာကြောင့် တီးတိန်မြို့နယ်မှာ ရှိတဲ့ ကနေဒီတောင်တန်းတစ်လျှောက်ကို ဂျပန်နိုင်ငံသားတွေ မကြာခဏ သူတို့ရဲ့ ကြွင်းကျန်ရစ်တဲ့ စစ်သားအလောင်းတွေ ကို လာရောက်ရှာဖွေတာတွေလည်း မကြာခဏ ပြုလုပ်ကြပါတယ်။

#voiceofmyanmar#တီးတိန်​#လက်​နက်​​ဟောင်းများ​တွေ့#
Photo.Tedim Municipal

Related posts

Leave a Comment

VOM News

FREE
VIEW