ကရာကတ်၊ ဒီဇင်ဘာ ၁၃-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်သည် ၎င်းကို လုပ်ကြံသတ်ဖြတ်ပြီး ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချဖို့ ကြံစည်နေတယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန်ဟာလည်း ဒီလိုကြံစည်ရာမှာ ပါဝင်နေတယ်လို့ မာဒူရိုက သတင်းထောက်များကိုပြောဆိုပါတယ်။ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာကိုတော့ ထုတ်ဖော် ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို လက်ဝဲယိမ်းအာဏာရှင်ခေါင်းဆောင်တစ်ဦးအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားသို့ ရုရှားဗုံးကြဲလေယာဉ်နှစ်စင်း လာရောက်တာနဲ့ ပတ်သက်ပြီး ယခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်က ဝေဖန်ပြောဆိုပါတယ်။ ရုရှားဗုံးကြဲလေယာဉ်နှစ်စင်းဟာ နျူကလီးယားလက်နက်တွေကို သယ်ဆောင်နိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်၊ ကိုလံဗီယာနဲ့ ဗင်နီဇွဲလားအတိုက်အခံတွေက ၎င်းကိုသတ်ဖြတ်ဖို့ ကြံစည်နေတယ်လို့ မာဒူရိုက ယခင်ကလည်းစွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ ဗင်နီဇွဲလားအစိုးရဟာ အမေရိကန်နဲ့ သဘောထားခြင်းမတိုက်ဆိုင်တဲ့ ရုရှား၊ တရုတ် အပါအ၀င်…
Read MoreYear: 2018
ဇာတ်ကားတွေ ခိုးကူးပြီးအွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ တော်တော်ကိုတွန့်စေတယ်ဆိုတဲ့ ဇဏ်ခီ
ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ခီမောင်နှံတွေဖြစ်တဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဇာတ်ကား တွေ ခိုးကူးပြီးတော့ အွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရင်းနှီးမြှုပ်နှံသူအပိုင်း အတွက် တော်တော်ကိုတွန့်စေတယ်လို့ဆိုပါတယ်။ စင်ကာပူအထိ မြန်မာဇာတ်ကားတွေ လက်ရှိမှာ ထိုးဖောက်နေသလို အားဆီယံထိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့ market ကချဲ့ကိုချဲ့မှရမယ်၊မြန်မာပြည်မှာ ရုံကနည်းသေးတော့ ပြန်ရှာနိုင်မယ့်ပိုက် ဆံအတိုင်းအတာက ပြောရမယ်ဆိုရင် နောက်တစ်ကားထည့်ဖို့အတွက် မထည့်ရဲကြဘူး၊ ဘာလို့လည်း ဆိုတော့ထည့်မယ့် ပိုက်ဆံကရှိသည့်တိုင်အောင် မထည့်ရဲကြဘူး။ ပထမတစ်ချက်။ နောက်တစ် ချက်က အွန်လိုင်းပေါ်မှာ ပြန့်သွားရင်ကို ကျွန်တော်တို့ကပြဿနာရှိတယ်၊ ဥပမာ- ဥပါယ်တံမျဉ်တုန်းကဆိုရင် ပျံ့သွားတယ်၊ ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်၊ law အရလည်း ကျွန်တော်တို့ကို ကာကွယ်ပေးတာ မရှိဘူး၊အဖွဲ့အစည်းတွေကလည်း ဘာမှမလုပ်ပေးနိုင်ကြဘူး”လို့ ဆိုပါတယ်။ ဇဏ်ခီကတော့ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းဖြစ်တဲ့ Now & Ever…
Read Moreတောင်ဇလပ်ပင်နှင့် အပွင့်များ ထိန်းသိမ်းရေး လှုပ်ရှားမှု ပြုလုပ်
တီးတိန် ဒီဇင်ဘာ ၁၃-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းမှာ ရှိတဲ့ ကနေဒီတောင်တန်းပေါ်မှာ ပေါက်ရောက်တဲ့ တောင်ဇလပ်ပင်များ မခုတ်ရန် နှင့် တောင်ဇလပ်ပန်းပွင့်များကို မခူးယူစေရေး လှုပ်ရှားမှု အနေနဲ့ ကနေဒီစိမ်းလန်းစိုးပြေရေးအဖွဲ့က ဦးဆောင်ပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြည်နယ်၏ သဘာဝအလှကို ထိန်းသိမ်းကြပါစို့ ဆိုတဲ့ စာသာတွေ ပါဝင်တဲ့ ဗီနိုင်းပိုစတာတွေ တောင်တန်းတစ်လျှောက်မှာ ရှိတဲ့ သစ်ပင်တွေမှာ လိုက်လံ ကပ်ထားတဲ့ လှုပ်ရှားမှု ကို ပြုလုပ်ခဲ့တယ်လို့ ကနေဒီစိမ်းလန်းစိုပြေရေးအဖွဲ့ မှ ဦးလှိုင်အောင် က ပြောပါတယ်။ ပြည်နယ်၏ သဘာဝအလှကို ထိန်းသိမ်းကြပါစို့ ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ ချင်းဘာသာနဲ့ရော မြန်မာဘာသာ နဲ့ပါ ရေးထိုးထားတဲ့ ဗီနိုင်းအသေး အခု (၅၀)ကို ကနေဒီတောင်းတန်းတစ်လျှောက်မှာ ကပ်ထားခဲ့တာ ဖြစ်ပြီး ပြည်နယ်၏ သဘာဝအလှကို…
Read Moreစည်တောင်ကျေးရွာမှ စစ်ဘေးရှောင်များယနေ့နေ့လည်က နေရပ်ပြန်
ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၃-၂၀၁၈ ခိုင်လင်စံ(VOM) ရခိုင်ပြည်နယ် မြေက်ပိုင်းဒေသအတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အတွက် မြို့နယ်နှစ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေက ကျေးရွာသားတွေဟာ ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးခိုလှုခဲ့ကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝမ်းချောင်းကျေးရွာနဲ့ ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာသားတွေ ဖြစ်ကြပြီး တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ ယာယီတိမ်းရှောင်းခဲ့ကြတာဖြစ်ပါတယ်။ “ဒီနေ့တော့ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်က စည်တောင်ကျေးရွာကို ရောက်ရှိနေသူတွေ နေရပ်ကိုပြန်နေကြပါပြီ၊ အခုပြန်နေတုန်းပါပဲ၊ မနက်ထမင်းစားပြီးတဲ့အချိန်ကနေ စပြန်ကြတာပါ၊ လောလောဆယ်တော့ တည်ငြိမ်နေတယ်လို့ ပြောရမှာပေါ့”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစတင်ပြီး ဘူးသီးတောင်မြို့နယ်နဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ရှိမှာ တည်ငြိမ်နေပြီဖြစ်ကာ အဲဒီကျေးရွာသားတွေဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။ “အဲဒီလူတွေက စည်တောင်ကျေးရွာအုပ်စု ကံပြင်ကျေးရွာသားတွေဖြစ်ပါတယ်၊ တစ်ရွာတည်းက ထွက်ပြေးလာခဲ့ကြ တာပါ၊…
Read Moreညောင်ဦးကနေ နေပြည်တော်အထိ ချီတက်မယ့် အလုပ်သမား သပိတ်စစ်ကြောင်း ဖြိုခွဲဖမ်းဆီးခံရ
ပုဂံ၊ ဒီဇင်ဘာ ၁၃-၂၀၁၈ လင်းလင်း(VOM) ပုဂံ-သရပါ ဟိုတယ်က အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ ညောင်ဦးကနေ နေပြည်တော်အထိ ဒီကနေ့ မနက်လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မယ့် အလုပ်သမား သပိတ်စစ်ကြောင်းကို ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကနေ သိရပါတယ်။ အလုပ်သမားသပိတ်စစ်ကြောင်းကို ဒီကနေ့ မနက် ၆ နာရီခန့်က စတင်ချီတက်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီခွဲခန့်မှာပဲ တားမြစ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အခုလိုဖမ်းဆီးခဲ့ရာမှာ အလုပ်သမားများအပါအဝင် ဝန်းရံသူ ၁၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။ အလုပ်သမား ၁၂ ဦးကို ဩဂုတ်လကတည်းက သရပါဟိုတယ်ကနေ ထုတ်ပယ်လိုက်တာနှင့် ပတ်သက်ပြီး အလုပ်သမားကိုးဦးကို…
Read Moreဗိုလ်ချုပ်ရုပ်ရှင်ဇာတ်က တခြားဟာတွေနဲ့ မတူတဲ့ဖိအားပေးတာတွေ ရှိတယ်ဆိုတဲ့ ဘုဏ်းသိုက်
ရန်ကုန် ဒီဇင်ဘာ ၁၃ -၂၀၁၈ သင်းသဒ္ဒါ(VOM) သရုပ်ဆောင်ရော ဒါရိုက်တာပါ လုပ်ဆောင်နေတဲ့ ဘုဏ်းသိုက်ကတော့ ” ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားက တခြားဟာတွေ မတူညီတဲ့ဖိအားပေးတာတွေရှိတယ်လို့ဆိုပါတယ်။ ” အဓိကတော့ အန်ကယ်လေးရဲ့ လိုအပ်ချက်ကို ၀င်ဖြည့်ပေးတဲ့သဘောပါ၊ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ကျွန်တော်တို့က မုန်းတဲ့ စိတ်နဲ့ မဟုတ်ပဲ ချစ်တဲ့စိတ်နဲ့ အကောင်းဆုံးပုံဖော်မှာပါ”လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင် အတ္ထုပ္ပတ္တိဇာတ်ညွှန်းကိုတော့ အကယ်ဒမီလူမင်း လိုအပ်ချက်ကိုဖြည့်တဲ့အနေနဲ့ ကျွန်တော်ရယ် ၊ ကိုအောင်ကြီး နှစ်ယောက်ရေးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဇာတ်ညွှန်းပိုင်းပတ်သက်ပြီးတော့ ” ဗိုလ်ချုပ်ရုပ်ရှင်အပေါ် ကိုယ့်တာဝန်ယူစိတ်က ကိုယ့်ကိုဖိအားပေးတာပါ၊ ဇာတ်ကားတွေနဲ့စာရင်း ဒီဟာကတစ်နိုင်ငံလုံးက အထွတ်အမြတ်ထားတဲ့ ဗိုလ်ချုပ်ရဲ့ ဇာတ်မျိုးစိန်ခေါ်မှု ပိုများတယ်၊ကိုယ့်ဘက်က စိုက်ထုတ်ရတဲ့ အားပမာဏက စိတ်ရော၊လူရောများတယ်၊တခြားအလုပ်လုပ်မယ်လို့ တည်ထားတွေအကုန်လုံး နောက်ကိုဆုတ်ပြီး ဒီဇာတ်အတွက် အခန်းတစ်ခန်းထဲမှာ ပိတ်ပြီးတော့ဘယ်မှမသွားပဲ လနဲ့ချီပြီးတော့ အားထုတ်နေပါတယ်”လို့ဆိုပါတယ်။ လက်ရှိ အစိုးရအနေဖြင့် ဗိုလ်ချူပ်အောင်ဆန်းအတ္ထုပ္ပတ္တိကို အရှိကို အရှိအတိုင်း…
Read Moreအင်းတော်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ကျပ်သိန်းပေါင်း တစ်သောင်းကျော်ဘိုး ဖမ်းဆီးရမိ
ကသာ၊ ဒီဇင်ဘာ ၁၃-၂၀၁၈ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် နန့်မကျိုင်းကျေးရွာအနီး ရွှေဘို – မြစ်ကြီးနား ဗျူဟာ ကားလမ်းမပေါ်မှာ မောင်းနင်လာတဲ့ ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာက မူးယစ်ဆေးဝါးများ ကျပ်သိန်း တစ်သောင်းကျော်တန်ဘိုး ဖမ်းဆီးရရှိမှု ဒီဇင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၁)နာရီ အချိန်က ဖြစ်ပွားခဲ့ပါတယ် ။ မူးယစ်သတင်းအရ တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်မှု ပြုလုပ်နေချိန် အင်းတော်မြို့ဘက်မှ ကချင်ပြည်နယ်ဘက်သို့ သန်းဇော်လင်း မောင်းနင်ပြီး ကျော်လောက်အေ(ခ)မြင့်ဝင်း လိုက်ပါလာတဲ့ PKE 2L – 6951 နံပါတ်ပါ VOXY အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းက အဖြူရောင် ပီနံအိပ်ကြီးတစ်လုံး အတွင်း အပြာရောင်ကပ်ခွာအိပ်ငယ် တစ်ထုပ်ကို မူးယစ်ဆေးပြား (၁၉၀)ပြား ပါဝင်တဲ့ အထုပ်သုံးဆယ် ကို တစ်စီး စီးထားသော…
Read Moreချင်းပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစာပေ သင်ကြားမည့် ဆရာဆရာမများ လျှောက်လွှာခေါ်ယူ
ဟားခါး ဒီဇင်ဘာ ၁၃-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ်အတွင်း ဖွင့်လှစ်သင်ကြားနေတဲ့ စာသင်ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစာပေ သင်ကြားပေးနိုင်ဖို့ အနိမ့်ဆုံး အတန်းပညာ (၉)တန်းအောင်မြင်ထားတဲ့ တိုင်းရင်းသားတွေ အနေနဲ့ လျှောက်ထားလိုပါက ဒီဇင်ဘာလ ၃ ရက်နေ့ ကနေ စတင်ပြီးလျှောက်လွှာတွေကို ခေါ်ယူနေပြီး ဖြစ်တယ်လို့ ချင်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွန်ကြားရေမှူးရုံးကနေ သိရပါတယ်။ ဒီလိုလျှောက်ထားသူတွေဟာဆိုရင် တိုင်းရင်းသားလူမျိုးဖြစ်သူ ပညာအရည်အချင်း အနိမ့်ဆုံး(၉)တန်း အောင်မြင်ထားသူ လျှောက်လွှာပေးတဲ့ရက်မှာ အသက် ၁၈ နှစ် ပြည့်ပြီးသူ နဲ့ မြန်မာဘာသာစကားနဲ့ ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား ကို ကျွမ်းကျင်စွာ ရေးနိုင် ဖတ်နိုင် ပြောနိုင်သူတွေကို ဦးစားပေး ခန့်ထားပေးဖို့ ရှိနေပြီး လျှောက်ထားသူတွေ အနေနဲ့ ဒီ အချက်တွေ အပြင် ပြစ်မှု့ကင်းရှင်းကြောင်း ထောက်ခံစာ၊ခိုင်လုံသော ပညာအရည်အချင်း ထောက်ခံစာ နဲ့ နိုင်ငံသား…
Read Moreအသင်းတော်မှခန့်အပ်ထားသော ဆရာမဟုတ်ကြောင်း ခရစ်ယာန်အသင်းတော်များကောင်စီ မှ ထုတ်ပြန်
မန္တလေး၊ ဒီဇင်ဘာ ၁၃-၂၀၁၈ ဟိန်းကို(VOM) စစ်ကိုင်းမြို့နယ် မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းတွင် ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ခရစ်ယာန်အဖွဲ့တစ်ဖွဲ့က ယင်းကျောင်းရှိ ကျာင်းသား၊ကျောင်းသူတွေကို ဘာသာရေးစည်းရုံးသည့်သဘောဖြင့် ဟောပြောမှုလုပ်ခဲ့တဲ့ ဓမ္မဆရာတော်ဟာ အသင်းတော်မှခန့်အပ်ထားတဲ့ ဆရာမဟုတ်ကြောင်း ခရစ်ယာန်အသင်းတော်များကောင်စီ က ထုတ်ပြန်ချက်ထုတ်ပြီးကြေညာထားပါတယ်။ ယခုလိုလုပ်ရပ်မျိုးဟာ ခရစ်ယာန်ဘာသာ ၏ သွန်သင်ဆုံးမမှုမဟုတ်ပဲ သူ့သဘောဆန္ဒအရ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပြီး ခရစ်ယာန်အသင်းတော်ကောင်စီအနေနဲ့ ခုလိုလုပ်ဆောင်မှုကို ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းက ကျောင်းအုပ်ဆရာတော် ဦးဥက္ကဌကလည်း ” သူတို့က ခရစ်စမတ်လက်ဆောင်ပေးမယ် ပျော်ပွဲရွှင်ပွဲလုပ်မယ် ဆိုတဲ့ အပိုင်းပဲလုပ်မယ်ဆိုတာသိရလို့ပါ ဒါပေမယ့် အခုလို ဘာသာရေး စည်းရုံးဟောပြောတာဟာ ခွင့်ပြုချက်ထက်ကျော်လွန်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့” VOMသတင်းဌာနကို မိန့်ကြားထားပါတယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နေတဲ့အချိန်ကာလ နဲ့ ဘာသာတရားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ရန် ကြိုးစားအားထုတ်နေချိန်မှာ အခုလို ၀မ်းနည်းဖွယ်ရာအဖြစ်အပျက်များအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ခရစ်ယာန်များကိုယ်စား…
Read Moreမြေသိမ်းဥပဒေကိစ္စ လယ်သမားတွေ ဆွေးနွေး
စစ်တွေ၊ ဒီဇင်ဘာ ၁၂-၂၀၁၈ ခိုင်လင်းစံ (VOM) အသစ်ထွက်ရှိလာမယ့် မြေသိမ်းဥပဒေ ပြဌာန်းရေးကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဆွေးနွေးမှုပြုလုပ်နေပါတယ်။ အဲဒီဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ပြုလုပ်နေတာဖြစ်ပြီး ယခု ၂၀၁၈ ခုနှစ်အတွင်း အသစ်ပြင်ဆင် လိုက်တဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ မကြာခင်ပြဌာန်းဖို့ရှိနေတဲ့ မြေသိမ်းဥပေဒတွေကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ “အသစ်ပြင်ဆင်လိုက်တဲ့ မြေယာဥပဒေမှာ နာမည်တွေကို ပြောင်းလဲအသုံးပြုထားတာကလွဲလို့ ထူးခြားတာမရှိဘူး၊ တောင်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ့် အနေအထားကိုမတွေ့ရဘူး၊ မြေသိမ်းဥပဒေကို ပြဌာန်းလို့ရှိရင်လည်း ပိုဆိုးလာနိုင်မယ့်သဘောကို တွေ့ရတယ်၊ ဒါကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ ဒီကိစ္စအတွက်”လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံကပြောပါတယ်။ ဒါ့အပြင် ထပ်မံပြဌာန်းဖို့ပြင်ဆင်နေတဲ့ မြေသိမ်းဥပဒေဟာ တောင်သူတွေအတွက် အကျိုးမရှိတဲ့ဥပဒေတစ်ရပ်ဖြစ်သလို အဲဒီဥပဒေကိုပြဌာန်းလိုက်ပါက တောင်သူတွေအနေနဲ့ မြေယာမဲ့တွေဖြစ်သွားနိုင်တယ်လို့…
Read More