ဖားကန့်၊ ဒီဇင်ဘာ ၆၊ ၂၀၁၈။ ဇော်မိုးထက် ဖားကန့်မြို့နယ် မရှိကထောင် ရပ်ကွက်အနီး၊ လုံးခင်း -ဂျန်ဂတ် သွားလမ်းဘေးရှိ လွယ်ဂျောင် ကျောက်စိမ်းမှော်မှာ ဒီနေ့ မနက် ၁၀ နာရီခန့်က စွန့်ပစ်မြေစာပုံ အဟောင်း ပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးသူ လေးဦး မြေစာပိသွားခဲ့ပါတယ်။ မြေစာပိသူလေးဦးအနက် မောင်စိန်ဦး (၃၆)နှစ် (ဘ) ဦးဝင်းဖေ ၅/အတန(နိုင်) ၀၈၀၉၆၆ အင်းတော် မြို့နေသူဟာ နေရာမှာ သေဆုံးခဲ့တယ်လို့ မရှိကထောင်ရပ်ကွက် NLD တာဝန်ခံ ဦးမင်းမင်းစိုးက ပြောပါတယ်။ သေဆုံးသူရဲ့ ညီဖြစ်သူ ကိုမောင်ဝိုင်း (၂၆)နှစ် (ဘ) ဦးဝင်ဖေ အင်းတော်မြို့၊ မောင်ဝင်းနိုင် (၃၅)နှစ် (ဘ) ဦးကြီးစိန်၊ ရန်ကုန်တိုင်း ဒဂုံမြို့နယ် နှင့် မောင်မျိုးသူ (၂၂) နှစ် (ဘ)…
Read MoreYear: 2018
ရခိုင်ပြည်နယ်မှာ အသစ်ပေါ်တဲ့စပါးတွေ ၀ယ်သူမရှိဖြစ်နေ
စစ်တွေ၊ ဒီဇင်ဘာ ၆-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း ယခုနှစ်မှာ အသစ်ပေါ်တဲ့စပါးတွေဟာ အရင်နှစ်ကထက်ဈေးကောင်းရရှိနေပေမယ့် ၀ယ်ယူသူမရှိဖြစ်နေပြီး တောင်သူတွေငွေကြေးမလည်ပတ်နိုင် ဖြစ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပါးပေါ်ချိန်မှာ စပါးဈေးဟာ သီရိဒုံ တောင်းတစ်ရာကို ကျပ်တစ်သိန်းဝန်းကျင်သာရရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ၁၉၀၀၀ ကျပ်အထိဈေးပေါက်နေပြီး ပေါ်ဆန်းမွှေးကတော့ ၄၀၀၀၀၀ ရှိခဲ့ရာကနေ ၃၅၀၀၀၀ အထိကျဆင်းသွားခဲ့တယ်လို့ တောင်သူတွေကပြောပါတယ်။ “ စပါးကတော့ စပေါ်တဲ့အချိန် ပြီးခဲ့တဲ့လကဆိုရင် သီရိဒုံတောင်းတစ်ရာကို ၁၈၀၀၀၀ ကနေစပေါ်တယ်၊ အခုတော့ ၁၉၀၀၀၀ လို့ပြောတာပဲ၊ ပေါ်ဆန်းမွေးကတော့ ၄ သိန်းကနေ အခု ၃ သိန်းခွဲပဲပေးတယ်လို့ကြားတယ်၊ကျွန်တော်တို့ဆီကိုတော့ ၀ယ်မယ့်သူတွေလည်းမရာက်သေးဘူး ”လို့ တောင်သူဦးစိန်ထွန်းကပြောပါတယ်။ အခုနှစ် စပါးစိုက်ပျိုးချိန်မှာ မိုးရွာသွန်းမှုများပြားခဲ့တဲ့အတွက် စပါးတွေဖြစ်ထွန်းမှုနည်းပါးခဲ့ပြီး အထွက်နှုန်းတွေလည်း ကျဆင်းမှုတွေရှိနေတယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက ထွက်ရှိတဲ့ဆန်စပါးတွေကို တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အဓိကတင်ပို့ရောင်းချ နေတာဖြစ်ပြီး ပြည်ပနိုင်ငံတွေက ဆန်ဝယ်ယူမှုလျှော့ချလိုက်တာကြောင့်…
Read Moreကချင်စစ်ဘေးရှောင် ပြည်သူများ အတွက် ချင်းလူငယ်များမှ အနွေးထည် (၁၀၀)လှူဒါန်း
မန္တလေး ဒီဇင်ဘာ ၆-၂၀၁၈ မိုင်ချယ်ရီ(VOM) ကချင်ပြည်နယ် အတွင်းမှာ ရှိနေတဲ့ စစ်ဘေးရှောင် စခန်းတွေ မှာ နေထိုင်ကြတဲ့ ပြည်သူတွေ အတွက် ချင်းလူငယ်များကနေပြီးတော့ အနွေးထည်ပေါင်း ၁၀၀ ကို ဒီဇင်ဘာလ ၆ ရက်နေ့ မှာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့(Right and Peace Organization) ကနေ လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလို လှူဒါန်းမှု ပြုလုပ်နိုင်ဖို့ အတွက် ကလေးမြို့ မှာ အခြေစိုက် တဲ့ ဒီအဖွဲ့ဟာ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီးတော့ အနွေးထည်တစ်လျင် ငွေကျပ် ၅၀၀၀ သတ်မှတ်ပြီး အလှူခံမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ဒီလို အလှူခံရာမှ စေတနာရှင်တွေရဲ့ လှူဒါန်းမှုကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အနွေထည်ပေါင်း ၁၀၀ ရရှိခဲ့တာ ဖြစ်တာကြောင့် မန္တလေးမြို့မှာ…
Read Moreပုဂံသရပါဟိုတယ် သပိတ်မှောက်အလုပ်သမားခေါင်းဆောင် ငြိမ်းစု/စီ ဥပဒေနဲ့အမှုဖွင့်ခံရ
ပုဂံ ဒီဇင်ဘာ ၆-၂၀၁၈ လင်းလင်း(VOM) ပုဂံသရပါ ဟိုတယ်မှ အလုပ်သမားများ အလုပ်ပြန်လည်ခန့်ထားပေးရေး တောင်းဆိုနေတဲ့ ပုဂံသရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌဦးနေမျိုးဝင်းကို ငြိမ်းစု/စီ ဥပဒေ နဲ့ အမှုဖွင့်လှစ်ခြင်းခံထားရတယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ နဲ့ ၅ရက်နေ့က ပုဂံနှင့် ညောင်ဦးမြို့မှာ ငြိမ်းစု/စီ မတင်ပဲ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ရာမှာ မြို့နယ်ရဲတပ်ဖွဲ့ထံ ၄၈ နာရီ ကြိုတင်ပြီး စာဖြင့် အသိပေးတင်ပြခြင်း မရှိတဲ့အတွက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၄) ပါ ပြဌာန်းချက်ကို လိုက်နာမှု မရှိဟုဆိုပြီး ဦးဆောင်သူ ဦးနေမျိုးဝင်းကို ညောင်ဦးမြို့နယ်ရဲမှူးကျော်မြင့်ငွေက တရားလိုပြုလုပ်ကာ ငြိမ်းစု/စီ ပုဒ်မ (၁၉)ဖြင့် ပုဂံနှင့် ညောင်ဦးမှာ အမှုနှစ်ခု ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။…
Read Moreလှည့်မကြည့်အားပါဘူးဗျာ
လှည့်မကြည့်အားပါဘူးဗျာ ကာတွန်းကိုခေတ် #voiceofmyanmar#ကာတွန်းကိုခေတ်#
Read Moreရခိုင်ပြည်နယ်အတွင်း ပညာရေးအကူဝန်ထမ်းလျှောက်ထားသူ ဘင်္ဂါလီ ၉၀၀ ခန့်ရှိ
မောင်တော၊ ဒီဇင်ဘာ ၆-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ၊မောင်တောခရိုင်အတွင်းက ဘင်္ဂါလီကျောင်းသားတွေကို ပညာသင်ကြားနေတဲ့ အခြေခံပညာကျောင်းတွေမှာ သင်ကြားပို့ချပေးနိုင်ရေးအတွက် ပညာရေးအကူဝန်ထမ်းတွေ ခန့်အပ်တာဝန်ပေးဖို့ အခုနှစ်အစောပိုင်းက ခေါ်ယူခဲ့ပါတယ်။ အဲဒီ ဘင်္ဂါလီကျောင်းသူ/သားတွေကို ပညာသင်ကြားပို့ချပေးဖို့အတွက် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ အကူဝန်ထမ်းအဖြစ် လာရောက်လျှောက်ထားသူပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ဘင်္ဂါလီလူမျိုး ၉၀၀ဦးခန့် လျှောက်ထားခဲ့တာဖြစ်ပါတယ်။ “ လျှောက်ထားသူစုစုပေါင်းကတော့ ၁၂၀၀ ကျော်ရှိပါတယ်၊ ကြံ့ခိုင်ရေးပါတီဆိုဒ်က ၁၀၀၊ NLD ပါတီဆိုဒ်က ၂၀၃ ယောက်၊ ပြီးတော့ မြိုတိုင်းရင်းသားပါတီဆိုဒ်က ၆၀ ကျန်တာကတော့ ဘင်္ဂါလီတွေပေါ့၊ ဘင်္ဂါလီတွေကတော့ မောင်တောမြို့နယ်က လျှောက်ထားတာ ၃၀၀၊ ဘူးသီးတောင်မြို့နယ်ကလျှောက်ထားတာ ၆၀၀ဦးရှိခဲ့ပါတယ် ”လို့ ပညာရေးဌာနကသိရပါတယ်။ ဒါ့အပြင် သွားလာရေးခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ ပညာသင်ကြားပေးနိုင်ရေးအတွက် ပညာရေးအကူဝန်ထမ်းအဖြစ် လုပ်ကိုင်ခွင့်ရရှိဖို့ နိုင်ငံရေးပါတီတွေက လျှောက်ထားခဲ့သူတွေထဲမှာ …
Read Moreရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်ဆိုတဲ့ ၀တ်မှုံရွှေရည်
ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈ သင်းသဒ္ဒါ(VOM) အနုပညာနဲ့ပတ်သက်ရင် ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ဆေးစက်ကျရာ အရုပ်ထင်အောင် သရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ”ရန်သူ ရုပ်ရှင်ဇာတ်ကားမှာ Tom Boy ပုံစံ ပီပြင်အောင် သရုပ်ဆောင်ထားတယ်”လို့ဆိုပါတယ်။ ”Tom Boy ဆိုတဲ့ ကာရိုက်တာကို ကစ် တစ်ခါမှလည်း မရိုက်ဖူးဘူး။ကစ်က ဒီဇာတ်ကားမှာ Tom Boy ကောင်လေးတစ်ယောက်ဖြစ်တဲ့ ဆန်းကြယ်ဆိုတဲ့ ကာရိုက်တာနဲ့ သရုပ် ဆောင်ထားပါတယ်။ ဒီကား မရိုက်ခင်ထဲက Tom Boy တွေရဲ့ နေထိုင်ပုံတွေကို ကစ်က လိုက်ပြီးတော့ လေ့လာဖြစ်ပါတယ်။သွားပုံလာပုံတွေ ဝတ်ပုံစားပုံတွေကအစပေါ့၊ တကယ့် Tom Boy အစစ်တွေနဲ့လည်း ကစ် စကား ပြောကြည့်တယ်၊ သူတို့နဲ့ နေတိုင်းတွေ့ ဖြစ်တယ်”လို့ဆိုပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ ရုံတင်ပြသမယ့် ဒါရိုက်တာ မီးပွားက လူငယ်အချစ်…
Read Moreစစ်ကိုင်းတိုင်းရဲ့ မြို့တော် “မုံရွာ”ဟု လွှတ်တော်မှာ ဖြေကြားခဲ့တဲ့ ပညာရေးဒုဝန်ကြီးထံကို ကန့်ကွက်စာပေးပို့
စစ်ကိုင်း၊ဒီဇင်ဘာ ၆ ၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းတိုင်းရဲ့မြို့တာ် “မုံရွာ”ဟု လွှတ်တော်မှာ ဖြေကြားခဲ့တဲ့ ပညာရေးဒုဝန်ကြီးထံကို ယခုလ ၅ ရက်နေ့က စစ်ကိုင်းမြို့နေ ပြည်သူတွေက ကန့်ကွက် စာ ပေးပို့ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး စတုတ္ထတန်း၊ ပထဝီသင်ရိုးညွှန်းတမ်း၊စာမျက်နှာ ၁၃၊စာကြောင်းရေ ၅မှာ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ဟာ “မုံရွာမြို့”ဟု ပြဌာန်းထားတဲ့ အပေါ် စစ်ကိုင်းတိုင်းရဲ့မြို့တော် ‘စစ်ကိုင်းမြို့”ဟု မှန်ကန်စွာပြင်ဆင်သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိကို ယခုနှစ် စက်တင်ဘာလက ပြည်သူ့လွှတ်တော်မှာ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်သိန်း မှ မေးခွန်းမေးမြန်းခဲ့ပါတယ်။ အဲမေးခွန်းနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်မှာ ”မုံရွာမြို့”ဟုပြဌာန်းထားခြင်းဟာ မှားယွင်းစွာ ပြဌာန်းထားခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံးက မုံရွာမြို့ကို တိုင်းမြို့ဟုမှတ်ယူအသိအမှတ်ပြုထားခြင်း ဖြစ်တဲ့ အတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုဆန့်ကျင့်ပြီး ဖော်ပြထားခြင်းမဟုတ်တဲ့ အတွက် ပြဌာန်းစာအုပ်မှာ…
Read Moreဝန်ကြီးဦးအောင်ကိုရဲ့ ဘင်္ဂါလီတွေအပေါ် မှတ်ချက်ပြုစကားနဲ့ ပတ်သက်ပြီး တရားဝင်တောင်းပန်ဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို
ဒါကာ၊ ဒီဇင်ဘာ-၆-၂၀၁၈ မျိုးဆက် (VOM) သာသနာရေးဝန်ကြီး သူရဦးအောင်ကိုရဲ့ ဘင်္ဂါလီတွေနဲ့ ပတ်သတ်ပြီး ပြောကြားလိုက်တဲ့ မှတ်ချက် စကားနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဘင်္ဂလားေ ဒ့ရှ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်နေ့မှာ ဆင့်ခေါ်လိုက်ပြီးပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေကို ရိုက်သွင်းခံထားရတဲ့ စိတ်ဓါတ်ဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံကို ချီတက်ဖို့ဖြစ်တယ်လို့ သာသာနာရေးဝန်ကြီး သူရဦးအောင်ကိုက ဒီဇင်ဘာ ၄ ရက်က နေပြည်တော်မှာ မှတ်ချက်ပြုပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ရေကြောင်းဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ခရာရှစ်အလမ်က ပြစ်တင်ပြောဆိုလိုက်တာဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ တာဝန်မဲ့တဲ့ မှတ်ချက်စကားဖြစ်ပြီး ဘင်္ဂါလီတွေရဲ့ စိတ်နေသဘောထားကို ထိခိုက်စေကြောင်းနဲ့ တရားဝင်တောင်းပန်ဖို့ကိုလည်း ခရာရှစ်အလမ်က တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သူရဦးအောင်ကိုရဲ့” မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ချီတက်လိမ့်မယ်တဲ့”…
Read Moreဇန်နဝါရီမှာ မင်္ဂလာဆောင်တော့မယ့် ပိုင်ဖြိုးသု
ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈ သင်းသဒ္ဒါ(VOM) အနုပညာပျိုးခင်း ၂က စင်တင်မင်းသမီးလေး အကယ်ဒမီ ပိုင်ဖြိုးသုကတော့ “စိတ်ကူးထဲမင်္ဂလာ ဆောင်သလိုပဲ ဇန်န၀ါရီမှာ ရိုးရိုးရှင်းရှင်းလေးပါပဲ ကျင်းပဖြစ်မှာပါ”လို့ ဆိုပါတယ်။ “သုအနေနဲ့ မင်္ဂလာဆောင်အတွက် စိတ်လှုပ်ရှားဖို့ အချိန်ကို မရှိသေးပါဘူး။ အရှေ့မှာ လေ့ကျင့် အပိုင်းနဲ့ ပတ်သက်ပြီးတော့ စိတ်ကိုလည်း အရမ်းအလုပ်လုပ်ရတော့ လူကအိမ်ရောက်ရင် ဦးနှောက် နဲ့ လူ၊ စိတ်ရယ်က မကပ်တော့ပဲ ကြောင်နေတာတွေ ဖြစ်နေတယ်၊ မနေ့က Bella ရိုက်ကွင်းမှာ သတိုးသမီးလို ၀တ်ဆင်တော့မှ မင်္ဂလာဆောင်ရတော့မှာဆိုပြီး နည်းနည်းကြောက် စိတ်ဖြစ်မိပါတယ်”လို့ ဆိုပါတယ်။ ပိုင်ဖြိုးသုအနေနဲ့ လေးစားရတဲ့ စိတ်ထားလေး၊ အထင်ကြီးလို့ရတဲ့ စိတ်ဓာတ်လေးနောက် သုအပေါ်မှာ ထားတဲ့ မေတ္တာတရားရယ်ကြောင့်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီလထဲမှာ မင်္ဂလာဆောင်မှာဖြစ်ပြီးတော့ မင်္ဂလာ ၀တ်စုံတွေကိုလည်း ရိုးရိုးရှင်းရှင်းလေး…
Read More