မုံရွာ။ နိုဝင်ဘာ ၈၊ ၂၀၁၈ ဗျဂ္ဃ (Voice Of Myanmar) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုတခုတွင် ရေနံစည်အဟောင်း အောက်ပိုင်းကို ဂဟေဆက်နေသူတဦး ရေနံအကြွင်းအကျန်နဲ့ ဂဟေမီးတွေ့ပြီး မီးလောင်ကာ ပေါက်ကွဲလွင့်ထွက်လို့ သေဆုံးမှု နိုဝင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ “ရန်ကုန်တိုင်း ဒေါပုံမြို့နယ်ကလာပြီး အလုပ်လုပ်နေတဲ့ သေဆုံးသူ ကိုဇေယျာမင်း (၃၁ နှစ်)၊ အလုံမြို့နယ်ကလာတဲ့ ကိုနေလင်းအောင် (၂၅ နှစ်)၊ လှိုင်သာယာမြို့နယ်က လာတဲ့ ကိုနိုင်ဝင်း (၃၄ နှစ်)တို့က ဦးမြင့်သူရဲ့ ချက်ဖိုအဟောင်း အလျား ၁၇ ပေ၊ အနံ ၈ ပေ ၃လက်မရဲ့ အောက်ခြေကို ဂတ်စ်မီးနဲ့ ဖြတ်နေတုန်း ၃ ပေလောက်ဖြတ်ပြီးချိန်မှာ ဖိုအဟောင်းရဲ့ အောက်ခြေကျန် ဆီငွေ့နဲ့ ဖြတ်နေတဲ့…
Read MoreYear: 2018
ကျောက်ဆည်မြို့တွင် သက်ငယ်မုဒိန်းတခု ဖြစ်ပွား
ကျောက်ဆည်။ နိုဝင်ဘာ ၈၊ ၂၀၁၈ မောင်တာရာ (VOM) မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ မြောင်းဦးကျေးရွာမှာ (၉)တန်းကျောင်းသူကို အဓမ္မပြု ကျင့်မှု ယခုလ ၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့ မရဲစခန်းက သိရပါတယ်။ မြောင်းဦးကျေးရွာနေ အဆိုပါ ၉ တန်းကျောင်းသူဟာ နေအိမ်ခြံဝန်းအတွင်းရှိ အိမ်သာတက်ရန် တစ်ဦးတည်းသွားစဉ် ခြံစည်းရိုးအစပ် အိမ်သာနားအရောက် တမုတ်မြောင်းဘောင်းဘက်ကနေ သူ့ကိုလှမ်းခေါ်တဲ့ အတွက် သွားကြည့်ရာ တစ်ရွာတည်းနေ ဦးဖိုးဆောင် အသက် (၅၀) နှစ်ကို တွေ့ရှိရပြီး ဦးဖိုးဆောင်က သူမကို လက်ဆွဲခေါ်သွားပြီး နေအိမ်ခြံစည်းရိုး နဲ့ တမုတ်မြောင်းဘောင်ကြားထဲမှာ အော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး သားမယားပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအဖြစ်အပျက်ကို မောင်နှမဝမ်းကွဲတော်စပ်သူက တွေ့ရှိပြီး “င့ါ ညီမကို ဘာလုပ်တာလဲ “ဟု အော်ပြောတဲ့အခါ ဦးဖိုးဆောင်ဟာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။…
Read Moreဆမ်ဆောင်းရဲ့ ပထမဆုံး ကွေးညွတ်စမတ်ဖုန်း မိတ်ဆက်
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၇၊ ၂၀၁၈ မျိုးဆက် တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမဏီတစ်ခုဖြစ်တဲ့ ဆမ်ဆောင်းကနေ ထုတ်လုပ်လိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းကို နိုဝင်ဘာ ၇ ရက်က ဆန်ဖရန်စစ္စကိုမှာ ပြုလုပ်တဲ့ ကုမဏီအခမ်းအနားတစ်ခုမှာ မိတ်ဆက်ပြသလိုက်ပါတယ်။ ဒီစမတ်ရဲ့ မျက်နှာပြင်နည်းပညာဟာ အနာဂါတ်စမတ်ဖုန်းနည်းပညာတွေအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နဲ့ လာမည့်လအနည်းငယ်အတွင်း စတင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆမ်ဆောင်းက ထုတ်ဖော်ပြောဆိုပါတယ်။ ဆမ်ဆောင်းကမိတ်ဆက်ပြသလိုက်တဲ့ ကွေးညွတ်နိုင်တဲ့ စမတ်ဖုန်းဟာ ဖြန့်ထားပါက ၇ ဒသမ ၃ လက်မအရွယ် တက်ဘလက် အရွယ်ရှိပြီး၊ ကွေးညွတ်ပြီးခေါက်ထားရင် အိပ်ဆောင်အရွယ်အစားအဖြစ်ပြောင်းလဲသွားမှာဖြစ်သလို၊ မျက်နှာပြင်အခြားဘက်တစ်ခြမ်းကို ခေါက်ထားရင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလို ကွေးညွတ်စမတ်ဖုန်းထုတ်လုပ်ဖို့ အတွက် လွန်ခဲ့သည့် ငါးနှစ်ကတည်းက နည်းပညာဆိုင်ရာများကို ဆမ်ဆောင်း စမ်းသပ်လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ကမ္ဘာ့ ပထမဆုံးကွေးညွတ် ခေါက်ထားနိုင်တဲ့ စမတ်ဖုန်းအဖြစ် ထုတ်ဖော်ပြသနိုင်ဖို့ တရုတ်အခြေစိုက် ဟွာဟွေးကုမဏီနဲ့ အပြိုင်အဆိုင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်…
Read Moreအမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ လာမယ့်နှစ်ဆန်းပိုင်းမှာ ပြုလုပ်ဖွယ်ရှိ
ဝါရှင်တန်၊ နိုဝင်ဘာ ၈၊ ၂၀၁၈ မျိုးဆက် အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်ထပ်သီးဆွေးနွေးပွဲ အဖြစ် လာမည့်နှစ်ဆန်းပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။ ဒီလိုတွေ့ဆုံနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ မြောက်ကိုရီးယားတာဝန်ရှိသူတွေဟာ ထိပ်သီးဆွေးနွေးပွဲပြုလုပ်မယ့် နေရာနဲ့ အစီအစဉ်တွေကို ဆွေးနွေးကြလိမ့်မယ်လို့ ၎င်းက ပြောပါတယ်။ ဒါပေမယ့် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစွန့်လွှတ်ရေး တိုးတက်ဖြစ်ထွန်းဖို့အတွက် ထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကင်ယုံချောတို့ နိုဝင်ဘာ ၈ ရက်မှာ နယူးယောက်မှာတွေ့ဆုံဆွေးနွေးမယ့်အစီအစဉ်ကိုတော့ ရုတ်တရက်ဖျက်သိမ်းလိုက်ပါတယ်။ ဒီလိုဖျက်သိမ်းလိုက်တာကို နိုဝင်ဘာ ၇ ရက်အစောပိုင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့တာဖြစ်ပြီး အကြောင်းပြချက်ပေးခဲ့ခြင်းမရှိပါဘူး။ ဒီလိုဆွေးနွေးပွဲ ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး နျူကလီးယားစွန့်လွှတ်ရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပျက်ပြားနိုင်တယ်ဆိုတဲ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပေမယ့် တွေ့ဆုံမယ့်နေရက်အချိန်ကို…
Read Moreစစ်ကိုင်းမြို့ ရှင်ဖြူရှင်လှရွာအနီး ဧရာဝတီမြစ်ထဲ နစ်မြုပ်နေတဲ့ ကားတစ်စီးကို ဆယ်ယူစစ်ဆေး
စစ်ကိုင်း နိုဝင်ဘာ ၇ ၊ ၂၀၁၈ စောပြည့်ချမ်းသာ စစ်ကိုင်း -မင်းကွန်းသွားရာလမ်း ရှင်ဖြူရှင်လှကျေးရွာ၊ဆွမ်းဦးပုညရှင် စေတီတော် မြစ်ရေတင် ရေစက်အနီး ယနေ့ နေ့လယ်ပိုင်းအချိန်က နစ်မြုပ်နေတဲ့ ကားတစ်စီး တွေ့ရှိရပြီး ဆယ်ယူစစ်ဆေးနေကြောင်း အမှတ် ၂ နယ်မြေရဲစခန်းက သိရပါတယ်။ ”ရေစက်ရွေ့ဖို့ လုပ်ရင်းကနေ ဦးဇင်းတစ်ပါးက တွေ့ လို့ လာပြောတာနဲ့ ကျွန်တော်လည်း သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပေးလိုက်တယ်။”ဟု ဆွမ်းဦးပုညရှင် မြစ်ရေတင် ရေစက်က ဦးမင်းနိုင်က ပြောပါတယ်။ ဧရာဝတီမြစ်အတွင်း နစ်မြုပ်လျက် တွေ့ရှိရတဲ့ ကားကို ကုန်းပေါ်သို့ ပြန်လည် ဆွဲတင်ရန် လူမှုကူညီရေးအသင်းအဖွဲ့တွေက စေတနာဝန်ထမ်းတွေ၊ပြည်သူတွေက ကြိုးနဲ့ ချည်းနှောင်ပြီး ဆွဲတင်ရန် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါဘူး။ ဒါကြောင့် ကျွမ်းကျင်တဲ့ ရေလုပ်သားတွေအားခေါ်ယူပြီး ကားကို ကြိုးနဲ့ ချည်နှောင်ပြီး နစ်မြုပ်နေတဲ့ နေရာကနေ တကောင်းရပ်…
Read Moreစစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ရွာအနီး ဧရာဝတီမြစ်ထဲ ကားတစ်စီးတွေ့
စစ်ကိုင်း နိုဝင်ဘာ ၇ ၂၀၁၈ မောင်တာရာ (Voice Of Myanmar) စစ်ကိုင်း -မင်းကွန်းသွားရာ လမ်း ရှင်ဖြူရှင်လှ ရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ယနေ့ နေ့လယ်ပိုင်းအချိန်က အိမ်စီးကား တစ်စီးကို တွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနအသီးသီးရဲ့ တာဝန်ရှိသူတွေက လာရောက်စစ်ဆေးလျက်ရှိပြီး ကားကို ကုန်းပေါ် ပြန်တင်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်။ အဲဒီ ကားဟာ ဘယ်အချိန်ကတည်းက မြစ်အတွင်း ကျရောက်နေသလဲဆိုတာကို လက်ရှိအချိန် ထိ ဘယ်သူမှ မသိရှိသေးပါဘူး။ ကားအတွင်း ဝင်ရောက်ရှာဖွေခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောပြချက်အရ ကားအတွင်းမှာ မည်သည့် ရုပ်အလောင်းမှ တွေ့ရှိခဲခြင်းမရှိပါဘူး။ ရေထဲမှာရှိနေသေးတဲ့ကားဟာ စူပါကက်စတန် အဖြူရောင်ဖြစ်ပြီး နံပါတ်ပေါ်မှာ လိုင်စင်ကားလား လိုင်စင်မဲ့ကားလားဆိုတာ သိရမှာဖြစ်ပါတယ်။ အဲဒီနေရာက ကားလမ်းဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိပြီး မတော်တဆမှုတွေ ခဏခဏဖြစ်တဲ့နေရာဖြစ်ပါတယ်။
Read Moreတရားစွဲခံ စဥ့်ကိုင်တောင်သူများ တရားရုံးက အပြီးသတ်လွှတ်ပေး
စဥ့်ကိုင် နိုဝင်ဘာ ၆ ၂၀၁၈ မောင်တာရာ(Voice of Myanmar) မန္တလေးတိုင်း၊စဥ့်ကိုင်မြို့နယ် စွန်ရဲအင်းစိုက်ကွင်းလယ်ယာမြေသိမ်းဆည်းခံတောင်သူလေးဦးကို တရားစွဲဆိုထားတဲ့ အမှုအား ယနေ့ နေ့လယ်ပိုင်းအချိန်က စဥ့်ကိုင်မြို့နယ် တရားရုံးက အမှုမှ အပြီးအပြတ် လွှတ်ကြောင်း အမိန့်ချခဲ့ပါတယ်။ စွန်ရဲအင်းစိုက်ကွင်းမှာရှိတဲ့မြေတွေကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူခဲ့ပြီး သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနမှ ခွဲဝေသိမ်းယူပြီးတော့ လယ်ယာမြေ ၁၂၆ ဧကကျော်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်လက်အောက်ခံ ငွေပင်လယ်နွားမွေးမြူရေးခြံမှ ပြန်လည်လွှဲပြောင်းရယူခဲ့တာပါ။ အဲလို လွဲပြောင်းရယူခဲ့ပြီး သိမ်းဆည်းခံလယ်ယာမြေများအပေါ်အုတ်တံတိုင်းကာရံနေမှုနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ် ဧပြီလ အတွင်းက သွားရောက်တားမြစ်ခဲ့တဲ့ ဦးသောင်းနွဲ့ ၊ ဦးအုန်းရွှေ ၊ဦးကျော်လွင် ၊ ဦးအောင်သူတို့ တောင်သူ(၄)ဦးကို ငွေပင်လယ်နွားမွေးမြူရေးခြံမန်နေဂျာ ဦးလွင်ကိုကိုက ပုဒ်မ ၄၄၇/၅၀၆ တို့ဖြင့် စဥ့်ကိုင်မြို့နယ်တရားရုံုးမှာ တရားစွဲဆိုထားခဲ့ပါတယ်။ တရားစွဲဆိုခံရတဲ့ အတွက် တောင်သူတွေဟာ သုံးနှစ်ကျော် တရားရင်ဆိုင်ခဲ့ရပြီး ယနေ့မှာ…
Read Moreပုသိမ်ကြီးမြို့နယ်မှာ ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့်ပြဿနာရှိနေတဲ့ အောင်သပြေရွာ ဒေသခံတွေက ကျိန်စာတိုက်
ပုသိမ်ကြီး နိုဝင်ဘာ ၆ ၂၀၁၀ ဟိန်းကို( Voice Of Myanmar) မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာက ဒေသခံရွာသားအချို့ဟာ ယနေ့ နိုဝင်ဘာ(၆)ရက်နေ့ နံနက်ပိုင်း သူတို့ရွာနဲ့ နီးကပ်စွာဆောက်လုပ်နေတဲ့ ကျောက်မီးသွေးစွမ်းအင်းသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်တဲ့ အနေနဲ့ ကျိန်စာတိုက်မှု ပြုလုပ်တဲ့နေရာမှာ ဒေသခံတွေက မိမိတို့ရွာကို မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင်ကွင်းဆင်းပြီး လာကြည့်စေချင်တယ်လို့ ပြောပါတယ်။ ယခုလို ကန့်ကွက်မှုတွေကို ရွာသူ\ရွာသားတွေတရားစွဲဆိုခံရတဲ့ ၂၀၁၈ခုနှစ် ဇူလိုင်လကတည်းကပြုလုပ်ခဲ့ကြတာဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း ဒေသခံအချို့ကို လမ်းတံတားဥပဒေပုဒ်မ ၂၂\၂၃ နဲ့ ဒေသခံ ၈ဦး၊ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ဒေသခံ ၉ ဦး တို့ တရားစွဲဆိုခံထားရပြီး ရုံးချိန်းပေါင်း(၁၇)ကြိမ် တရားရင်ဆိုင်ပြီးစီးပြီး ဖြစ်တယ်လို့ သိရပါတယ်။ #voiceofmyanmar #ပုသိမ်ကြီး #အောင်သပြေရွာ #ဘိလပ်မြေစက်ရုံစီမံကိန်း #ကျိန်စာတိုက်ပွဲ
Read Moreအခြေခံပညာကျောင်းသားတွေ မှတ်ပုံတင်ရရှိရေး မုံရွာမြို့နယ်မှာ ကွင်းဆင်းပြုလုပ်ပေး
မုံရွာ နိုဝင်ဘာ ၆ ၂၀၁၈ ဗျဂ္ဃ (Voice Of Myanmar) စစ်ကိုင်းတိုင်း မုံရွာမြို့၊ အထက ၄ မှာ မြို့နယ်လဝကတာဝန်ရှိသူတွေက အလယ်တန်းကနေ အထက်တန်းထိ ကျောင်းသားကျောင်းသူတွေကို နိုင်ငံသားစီစစ်ရေးကဒ်ရရှိရေးအတွက် သစ္စာစီမံချက်နဲ့ မှတ်ပုံတင်တွေ နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ပေးနေပါတယ်။ မုံရွာတစ်မြို့နယ်လုံးမှာ ရှိတဲ့ အခြေခံပညာကျောင်း ၂၆ ကျောင်းကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး လတ်တလောအထိ ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်ကို ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ “ရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ကိုင်ဆောင်နိုင်ရေးအတွက်ပါ။ အခုလောလောဆယ်တော့ ကျောင်းတွေမှာ ကွင်းဆင်းပြီး လိုက်လုပ်ပေးနေပါတယ်။ ကျောင်းဖွင့်ချိန် ဇွန်၊ ဇူလိုင်ကတည်းက စခဲ့တာ။ ဒါပေမယ့် ကျောင်းဖွင့်ချိန်မှာ ကျောင်းတွေက ကျောင်းအပ်တာ ဘာညာနဲ့ အလုပ်ရှုပ်လို့ သြဂုတ်လမှ စတင်နိုင်တာ။ ကျောင်းသား ၅၀၀၀ ကျော်လောက်ရှိမယ်။ ကျန်တာတွေကိုလည်း စာမေးပွဲတွေမတိုင်ခင်…
Read Moreမဝေးတော့ဘူး နီးနီးလေးပဲ
ကာတွန်းပံသုအောင်
Read More