ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်သည် လာမယ့် ဖေဖော်ဝါရီလကုန်မှာ ရာထူးကနေ အနားယူတော့မှာဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က ဒီဇင်ဘာ၂၀ရက်မှာ ကြေညာလိုက်ပါတယ်။ ဆီးရီးယားနိုင်ငံကနေ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ချက်တစ်ရပ်ကို ကြေညာပြီး နောက်တစ်နေ့မှာဘဲ ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ရဲ့ နှုတ်ထွက်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၆၈ နှစ်အရွယ်ဗိုလ်ချုပ်ကြီးဂျင်မက်တစ်ရဲ့ နှုတ်ထွက်စာမှာတော့ သမ္မတထရန့်နဲ့ မူဝါဒရေးရာ ဆိုးဆိုးရွားရွား သဘောထားကွဲလွဲမှုတွေကို အရိပ်အမြွတ်ဖော်ပြထားပါတယ်။ ၎င်းရဲ့နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အံ့အားသင့်နေကြပါတယ်။ ဗိုလ်ချုပ်ကြီးဂျင်မက်တစ်ဟာ မဟာမိတ်များရရှိရေး မိမိအား များစွာအကူအညီဖြစ်စေတယ်လို့ မစ္စတာထရန့်က တွစ်တာပေါ်မှာရေးသားခဲ့ပါတယ်။ မစ္စတာထရန့်ဟာ ဗိုလ်ချုပ်ကြီးဂျင်မက်တစ်ရဲ့နေရာကို ဆက်ခံမည့်သူကို ကြေညာထားတာ မရှိသေးပေမယ့် အချိန်တိုအတွင်း အစားထိုးခန့်အပ်သွားမယ်လို့ ပြောပါတယ်။ ဗိုလ်ချုပ်ကြီးဂျင်မက်တစ်၏ နှုတ်ထွက်စာကို သမ္မတ ဒေါ်နယ်ထရန့်ဆီကို တိုက်ရိုက်ပေးပို့ခဲ့ပြီး လေးစားသမှုဖြင့်…
Read MoreYear: 2018
သား က အမေ ကို ဝါးတုတ်နဲ့ရိုက်သတ်
မိုးညှင်း၊ ဒီဇင်ဘာ ၂၁-၂၀၁၈ နိုင်ကြီး (ကသာ) (VOM) ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ သိမ်အင်းရပ်ကွက်မှာ ဒီဇင်ဘာ (၁၉)ရက်နေ့ ညနေ(၆)နာရီ အချိန်ခန့် မှာ သား ဖြစ်သူက မိခင်ကို ဝါးတုတ်နဲ့ရိုက်နက်ခဲ့လို့ (၆၁)နှစ် အရွယ် မိခင် သေဆုံးသွားခဲ့ပါတယ်။ ဒီဇင်ဘာ(၁၉)ရက်နေ့ ညနေက အပြင်သွားပြီး အိမ်ကိုပြန်လာတဲ့ အောင်အောင်ချို (ခ) အောင်ချိုဦး က မိခင်ဖြစ်သူ နဲ့ နေအိမ်ခြံဝန်းအတွင်းမှာ စကားပြောရာကနေ ရုတ်တရက်စိတ်ဖောက်ပြန်လာပြီး ခြံဝန်းအတွင်း ထင်းပုံအနီးက ၂ ပေ ၇ လက်မအရှည် ဝါးတုတ်နဲ့ ရိုက်လိုက်တဲ့အတွက် မိခင်ဖြစ်သူဟာ ယာနားရွက်အောက်မှ ပါးစပ်ထိ အစင်းရာများ နဲ့ ညိုမဲဖူးရောင်ဒဏ်ရာ ၊ ဦးခေါင်းယာဘက်ခြမ်း ဖူးရောင်ပျော့ကြေဒဏ်ရာ ၊ ယာပါးပေါ် ပေါက်ပြဲသွေးထွက်ဒဏ်ရာ များ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ် ။…
Read Moreတပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်အောင် အကောင်အထည်ဖော်မယ်
မန္တလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၈ ဟိန်းကို(VOM) မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပက်သက်ပြီး တပ်မတော်က စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ကနေ ၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်နေ့အထိ ရပ်ဆိုင်းပေးမယ့်အကြောင်းကို ဒီကနေ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ သတင်းမီဒီယာကောင်စီ နဲ့ တပ်မတော်တို့ တွေ့ဆုံတဲ့ပွဲမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ သတင်းမီဒီယာကောင်စီဝင် ၁၈ ဦးနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။ဒီလိုတွေ့ဆုံတာမှာ မီဒီယာကောင်စီဘက်ကတင်ပြခဲ့တာနဲ့ ပက်သက်လို့ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ကိုကျော်စွာမင်း က “ တပ်မတော်ဘက်က သတင်းတွေရယူရမှာ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးရေး၊ သတင်းအချက်လက်အတွက် တပ်မတော်အနေနဲ့ ပြောရေးဆိုခွင့်ရှိသူထားပေးဖို့၊ တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ သတင်းသမားတွေ လွတ်လပ်စွာသတင်းသွားယူဖို့ စီစဉ်ပေးရေး၊ လုံခြုံရေးဆောင်ရွက်ပေးရေး သတင်းစာရှင်းလင်းပွဲတွေကျင်းပပေးဖို့၊တပ်မတော်နဲ့သတင်းမီဒီယာကြား အလုပ်ရုံဆွေးနွေးပွဲ မကြာခဏကျင်းပပေးရေး ၊အခက်အခဲရင်ဆိုင်နေရတဲ့ ပုဂ္ဂလိက သတင်းစာတွေရဲ့အခက်ခဲကူညီပေးဖို့ ဖမ်းဆီးထားတဲ့…
Read Moreပအိုဝ်းတိုင်းရင်းသားငါးဦးကို ပစ်သတ်ဖြတ်ခံရမှု အရေးယူပေးရေး လူနှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်
မန္တလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၈ လင်းလင်း(VOM) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နဲ့ မတ်ကျန်းပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ရှမ်း ပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နမ်းဟူကျေးရွာက ပအိုးဝ်ရွာသားတွေကို ပြန်ပေး ဆွဲပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က ပစ်သတ်မှုကြောင့် ၅ ဦးသေဆုံးခဲ့တာ နဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ နဲ့ ရပ်ရွာတည်ငြိမ်ရေး ဆောင်ရွက်ပေးဖို့အတွက် တောင်ကြီးမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ “အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဖြစ်ခဲ့တယ်ပေါ့လေ၊အဲဒီဒေသဘက်မှာ များသောအားဖြင့် အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်၊ဒါကြောင့်မို့လို့ နောက်နောင်ကျရင်ဒီလိုကိစ္စမျိုးတွေ မဖြစ်ဖို့ ကျွန်တော်တို့ ဒီ RCSS က တာဝန်ရှိတယ်၊နောက်တစ်ခုက ကျွန်တော်တို့ ဒီဒေသမှာပေါ့လေ၊အစိုးရအနေနဲ့လည်း လုံခြုံရေးတွေ ကောင်းကောင်းမွန်မွန် ဆောင်ရွက်ပေးဖို့ ဒါတွေ ကျွန်တော်တို့ ထည့်သွင်းတောင်းဆိုထားပါတယ်”လို့ ဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်တဲ့ ကိုခွန်ဇော်က ပြောပါတယ်။ မတ်ကျန်းပြည်သူ့စစ်နှင့် RCSS ပူးပေါင်းတပ်ဖွဲ့ကနေ ရွာသားတွေကိုဖမ်းဆီးပြီး…
Read Moreအမေရိကန်ရဲ့လုပ်ရပ်တွေကို မထောက်ခံ၊ အီရန်နဲ့ ဆက်လက် ပူးပေါင်းသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန် ကတိပြု
အန်ကာရာ၊ ဒီဇင်ဘာ ၂၁-၂၀၁၈ မျိုးဆက် (VOM) အီရန်အပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုများ ချမှတ်ထားတာတွေကို တူရကီသမ္မတ အာဒိုဂန်က ပြစ်တင်ဝေဖန်လိုက်ပြီး အီရန်နဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။ အန်ကာရာမှာ အီရန်သမ္မတ ရူဟာနီနဲ့အတူ ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ တူရကီသမ္မတ အာဒိုဂန်က ယခုလို မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ တူရကီအနေဖြင့် အီရန်နဲ့ ကုန်သွယ်ရေးကဏ္ဍမှာ လက်ရှိ ဒေါ်လာ ၁၁ ဘီလီယံကနေ ၃၀ ဘီလီယံအထိ တိုးမြင့်သွားဖို့လည်း ရည်ရွယ်ထားတယ်လို့ ၎င်းက ပြောပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြားချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်ကနေ မေလအတွင်းက အမေရိကန်နှုတ်ထွက်ပြီးနောက် အီရန်အပေါ် အရေးယူပိတ်ဆို့တွေကိုအမေရိကန်က ပြန်လည်ချမှတ်ခဲ့ပါတယ်။ အီရန်ထံမှ ရေနံဆက်လက်ဝယ်ယူခွင့်ပြုထားတဲ့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံများထဲမှာ တူရကီနိုင်ငံလည်း ပါဝင်ပြီး သွင်းကုန်လျှော့ချရေးအတွက် အမေရိကန်က…
Read Moreဒီဝဋ်က သေမှကျွတ်မယ်။
ကာတွန်း-သာလှ(နတ္တလင်း) #voiceofmyanmar#ကာတွန်း-သာလှ(နတ္တလင်း)#
Read Moreခရစ်တော်မွေးနေ့ အမှတ်တရ သံဃာအပါး (၁၀၀)ဆွမ်းကပ်
ကလေး၊ ဒီဇင်ဘာ ၂၁-၂၀၁၈ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သဇင်ရပ်ကွက်မှာ ရှိတဲ့ RC ခရစ်ယာန် ဘုန်းတော်ကြီး ကျောင်းဝန်း(ရိုမန်ကက်သလစ် အသင်းတော်)အတွင်းထဲမှာ ခရစ်တော်မွေးနေ့အမှတ်တရအဖြစ် ကလေးမြို့နယ်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး သံဃာ အပါး၁၀၀ ကို RC ခရစ်ယာန် ဘာသာဝင် ဘုန်းတော်ကြီးတွေက ဒီဇင်ဘာလ ၂၁ ရက်နေ့. နံနက် ၁၁ နာရီ အချိန်မှာ နေ့ဆွမ်းဆပ်ကပ်ခဲ့ပါတယ်။ ဒီလို ဆွမ်းကပ်တာနဲ့ ပတ်သတ်လို့”အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ကို သယ်ဆောင်လာတဲ့ ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်း ချစ်ခြင်းမေတ္တာ အဲ့ဒါတွေကို ဝေမျှတဲ့ အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့ ကလေးမြို့ဂိုဏ်းအုပ်ဆရာတော် ဖဲလစ်လျန်ခင်းထန် က ပြောပါတယ်။ ကလေးမြို့နယ်မှာ ရှိတဲ့ရိုမန်ကက်သလစ် အသင်းတော် ကျောင်းတိုက်ထဲမှာခရစ်တော်မွေးနေ့ အမှတ်တရ သံဃာ အပါး ၁၀၀ ကို ဆွမ်းကပ်လှူဒါန်းတာကို…
Read Moreအချစ်ရေးမှာ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်ဆိုတဲ့ ဘေဘီမောင်
ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) ချစ်သူဖြစ်တဲ့ အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တိုရဲ့ Relationshipကိုတော့ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ”ဘေဘီတို့နှစ်ယောက်ရဲ့ မေတ္တာတရားက မှန်ကန်တဲ့အတွက် ပရိသတ်ကို အတိအလင်းချပြတာပါ၊ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်လည်း ပိုတိုးလာလို့ ခိုင်မြဲပြီးလို့ ရည်ရွယ်ထားတဲ့အတွက် ပရိသတ်ကို အသိပေးလိုက်တာပါ၊ ဘေဘီတို့ Relationship က အပြန်အလှန်နားလည်မှုရယ်၊ ကိုင်းကျွန်းမီကျွန်းကိုင်းမီ နေထိုင်ဖြစ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်က အသက်အရွယ်ကလည်း နည်းနည်းကွာတော့ သူ့ကလည်း ကိုယ့်ကိုအစ်မတစ်ယောက်လို့ ချစ်ပါတယ်၊ ဘေဘီက အစထဲက ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဆိုတာကို သူလည်းသိတယ်၊ ရိုးရိုးသားသားနဲ့ပဲ ဆက်ဆံ့ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ သူမနဲ့ သားဂန်းတိုရဲ့ ချစ်သူသက်တမ်း ၈ လရှိပြီး နှစ်ယောက်ရဲ့ Plan တွေချထားတယ်လို့လည်း သိရပါတယ်။ ” ဘေဘီတို့ နှစ်ယောက်လုံးက မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတဲ့သူတွေ ဖြစ်နေတယ်လေ၊အိမ်ထောင်ပြုဖို့ လိုပါဦးမယ်၊…
Read Moreရာသီကုန်အထိ ရှုံးပွဲမရှိစံချိန်ကို ထိန်းဖို့ မျှော်လင့်ထားတဲ့ လီဗာပူးအသင်း
လန်ဒန်၊ ဒီဇင်ဘာ ၂၁-၂၀၁၈ ရန်နိုင်ထွန်း (VOM) ပရီးမီးယားလဂ်အမှတ်ပေးဇယားမှာ လက်ရှိဦးဆောင်နေတဲ့ လီဗာပူးအသင်းကတော့ ရာသီကုန်အထိ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းသွားဖို့ မျှော်လင့်ထားတယ်လို့ ၀ါရင့်နောက်ခံလူ ဒီဂျန်လိုဗရန်က ဖွင့်ဟပြောဆိုပါတယ်။ မန်စီးတီးအသင်းကို ချယ်ဆီးအသင်းက အနိုင်ရလိုက်ပြီးနောက် မန်စီးတီးအသင်းထက် တစ်မှတ်အသာနဲ့ လီဗာပူးအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲကစားပြီးချိန်မှာ ၁၄ ပွဲအနိုင် သရေသုံးပွဲနဲ့ ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ၂၀၀၄ ခုနှစ်မှာ လုပ်ပြခဲ့တဲ့ရှုံးပွဲမရှိ စံချိန်နဲ့ ပရီးမီးယားလိဂ်ဖလားရခဲ့သလိုမျိုး လီဗာပူးအသင်းလည်း ရာသီကုန်အထိ ရှုံးပွဲမရှိဖို့ မိမိတို့အနေနဲ့ မျှော်လင့်နိုင်တယ်လို့ လိုဗရန်က ဆိုပါတယ်။ လီဗာပူးအသင်းဟာ ၁၉၉၀ ခုနှစ်မှာ အမှတ်ပေးဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ခြင်းမရှိပေမယ့် ယခုနှစ်ရာသီမှာတော့ အကောင်းဆုံးခြေစွမ်းတွေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး လွန်ခဲ့တဲ့ အပတ်ကလည်း မန်ယူအသင်းကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။…
Read Moreဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းမယ်လို့ သမ္မတဒေါ်နယ်ထရန့် ကြေညာ
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁-၂၀၁၈ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းရဲ့ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁၉ ရက်က ကြေညာလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ အိုင်အက်စ်တို့ကို ခြေမှုန်းနိုင်ခဲ့ပြီလို့ အခိုင်အမာပြောဆိုပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်ရုပ်သိမ်းဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် ထိပ်တန်းရီပတ်ဘလီကန်တွေနဲ့ အင်အားကြီးနိုင်ငံများအပါအ၀င် အဓိက မဟာမိတ်များအကြား အငြင်းပွားခဲ့ကြပြီး ဒေါ်နယ်ထရန့်ရဲ့ ဒီလိုလုပ်ဆောင်မှုဟာ အိုင်အက်စ်တို့ကို တစ်ကျော့ပြန် အင်အားကောင်းလာစေနိုင်တယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ ဂျီဟတ်အုပ်စုတွေကို ဖယ်ရှားရာမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေက များစွကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ အကြမ်းဖက်သမား အနည်းငယ် ကျန်ရှိနေပါတယ်။ မစ္စတာထရန့်အားထောက်ခံသူ အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်ကတော့ သမ္မတ အိုဘားမားလုပ်ခဲ့တဲ့ အမှားလိုမျိုးဖြစ်နေတဲ့ အဆိုပါဆုံးဖြတ်ချက်ကို ရုပ်သိမ်းဖို့တိုက်တွန်းထားပါတယ်။ အိုင်အက်စ်တို့ကို လက်ရှိမှာ ခြေမှုန်းနိုင်ခဲ့ပြီဖြစ်တယ်လို့ သမ္မတထရန့်ရဲ့…
Read More