ခရစ်ယာန်ဓမ္မဆရာကို မုဒိမ်းမှု နဲ့ ထောင်ဒဏ် (၄၃) နှစ် ချမှတ်

ကလေး ဇန်န၀ါရီ ၁၇-၂၀၁၉

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် လက်ပံချောင်းမှာ ရှိတဲ့ (ဧဝံဂေလိ) ခရစ်ယာန်တရားဟောဆရာ ဦးလာလ်ဗျက်လားရ် (၃၃) နှစ်ဟာ   သူ့အိမ်မှာ  ချင်းပြည်နယ် ဖလမ်းမြို့နယ်ကနေ လာရောက်နေထိုင်တဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေး(၂) ဦးကို အဓမ္မကျင့်ခဲ့တာကြောင့် ကလေးခရိုင်တရားရုံးကနေ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညနေပိုင်းက ထောင်ဒဏ် (၄၃) နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်ကြောင်း တရားရုံးအသိုင်းအဝိုင်းနဲ့ ရဲမှတ်တမ်းအရ သိရပါတယ်။

ဦးလာလ်ဗျက်လားရ် ကို အသက် (၁၅) နှစ် အရွယ် မိန်းကလေး နဲ့ အသက် (၁၄) နှစ် အရွယ် မိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း အဓမ္မကျင့်ခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့ မိဘကနေ ၂၀၁၈ ခုနှစ် ဧပြီလက တိုင်တန်းခဲ့တာကြောင့် မိန်းကလေးတစ်ဦး ကို မုဒိမ်းကျင့်မှု ထောင်ဒဏ် အနှစ် (၂၀) ဖြင့် မိန်းကလေးနှစ်ဦးကို မုဒိမ်းကျင့်မှု ထောင်ဒဏ် အနှစ် (၄၀) နဲ့ ခြိမ်းခြောက်မှု အတွက် ထောင်ဒဏ် (၂) နှစ် နာကျင်စေမှု အတွက် ထောင်ဒဏ် (၁) နှစ် စုစုပေါင်း ထောင်ဒဏ် (၄၃) နှစ် ကလေးခရိုင် တရားရုံးကနေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့ တရားခံရှေ့နေရော တရာလိုရှေ့နေကိုပါ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါ။

#voiceofmyanmar#မုဒိမ်းမှု#ကလေး#ခရစ်ယာန်ဓမ္မဆရာ

Related posts

Leave a Comment

VOM News

FREE
VIEW