စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု တောင်သမန်အင်းတစ်ဝိုက် စမ်းသပ်လေ့ကျင့်

မန္တ​လေး၊ ဇန်​နဝါရီ ၁၇-၂၀၁၉

လင်းလင်း(VOM)

မြန်မာနိုင်ငံ​​လေထီးခုန်အဖွဲ့ ချူ ပ်​​​​ရဲ့ အစီအစဉ်​နဲ့ စက်တပ်လေထီး ပါရာမိုတာ အဖွဲ့လိုက်ပျံသန်းမှု စမ်းသပ်လေ့ကျင့်ခြင်းကို ဒီကနေ့ တောင်သမန်အင်း နဲ့ ရှမ်းလေးကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တောင်သမန်အင်းတစ်ဝိုက်မှာ အုပ်စုလိုက် အလှပြပျံသန်းမူ​တွေ ပြုလုပ်မှာဖြစ်ပြီး ရှမ်းကလေးကျွန်းမှာ ဆင်းသက်ကာ ရှမ်းကလေးကျွန်းမူလတန်းကျောင်းမှာ စာအုပ်၊စာရေးကိရိယာနှင့် အားကစားပစ္စည်း​တွေကို လှူဒါန်းသွားမှာ ဖြစ်​ပါတယ်​။

၁၉ရက်​​နေ့မှာ ပြင်​ဦးလွင်​​ဒေသတဝိုက်​ပျံသန်းခြင်း နဲ့ မူလတန်းကျောင်းတွေမှာ လှူ ဒါန်းမှုတွေ ပြုလုပ်မှာ ဖြစ်ပြီး ၂၀ရက်​​နေ့မှာ ဂုတ်​ထိပ်​တံတားကြီးကို ကမ္ဘာကပိုမိုသိရှိလာ​စေဖို့ ရည်ရွယ်ပြီး ဂုတ်​ထိပ်​တံတားကြီး​ပေါ်မှာ ပျံသန်းမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံလေထီးခုန် အဖွဲ့ချုပ်ကနေ သိရပါတယ်။

#voiceofmyanmar#မန္တ​လေး#စက်​တပ်​​လေထီးစမ်းသပ်​​လေ့ကျင့်​#

Related posts

Leave a Comment

VOM News

FREE
VIEW