စစ်တွေစရဖတပ်ကြပ်အသတ်ခံရမှုမှာ အာမခံရထားတဲ့ လူငယ်သုံးဦးပါ အမှုစွဲတင်ခံရ

စစ်တွေ၊ ဇန်န၀ါရီ ၁၇-၂၀၁၉

ခိုင်လင်းစံ(VOM)

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ပေါ်မှာ သတ်ဖြတ်ခံလိုက်ရတဲ့ စရဖတပ်ကြပ် သေဆုံးမှုနဲ့ပတ်သက် လို့ ရခိုင်လူငယ်လေးဦးကို ဇန်န၀ါရီလ ၁၅ ရက်နေ့က စစ်တွေခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့က ပုဒ်မ ၃၀၂/၃၄ တို့နဲ့ အမှုစွဲတင် လိုက်ပါတယ်။

အဲဒီတရားစွဲခံလိုက်ရသူ လူငယ်လေးဦးထဲမှာ အမှုနဲ့ပတ်သက်မှုမရှိတဲ့အတွက် ရဲအာမခံနဲ့ပြန်လည်လွှတ်ပေးထားတဲ့ လူငယ်သုံးဦးပါဝင်နေပြီး အဲဒီသုံးဦးကို လူသတ်မှုမှာ ပူးပေါင်းကြံစည်တယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့က ပုဒ်မ ၃၄ နဲ့စွဲတင်ခဲ့တာ ဟာ တစ်စုံတစ်ရာဖိအားပေးမှုတွေရှိနေတယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“သူတို့ကို လုပ်ထုံးလုပ်နည်းနဲ့ ရဲအာမခံပေးတယ်ဆိုတဲ့နောက်ပိုင်းမှာ ဥပဒေကနေပြီးတော့ ပြစ်မှုကျူးလွန်ငြိစွန်းခြင်းမရှိဘူး။ တရားစွဲဆိုတင်ပို့ရန် အကြောင်းမရှိဘူးဆိုတာကြောင့်ပဲ အပြင်ကိုလွတ်လွတ်ကျွတ်ကျွတ်ရောက်လာခဲ့ကြတယ်လို့ ယူဆထားတယ်။ ဒီအနေအထားမှာ ရဲကျော်သူကို ဖမ်းမိတဲ့အခါမှာမှ သူတို့တွေဟာ ပြစ်မှုနဲ့ငြိစွန်းသွားပြီ။ ဥပဒေက ၃၄ နဲ့တွဲပြီးတော့ အကြံတူနဲ့လုပ်တယ်ဆိုတဲ့အကြံမျိုးပေးတယ်ဆိုတော့ ဒအထဲမှာ တစ်စုံတစ်ရာဖိအားတွေရှိနေတယ်ဆိုတဲ့ သံသယကတော့ ကျွန်မတို့ရှေ့နေတွေမပြောနဲ့ သာမာန်ပုဂ္ဂိုလ်တွေလည်း ဆင်ခြင်လို့ရပါတယ်။”လို့ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒါ့အပြင် အဲဒီလူငယ်သုံးယောက်ကို အမှုစွဲတင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ဥပဒေအရာရှိကိုမေးရာမှာတော့ ရဲစစ်ချက်တွေကို သုံးသပ်တဲ့အခါမှာ ပြစ်မှုကြောင်းအရ ငြိစွန်းနေတဲ့အတွက် တရားစွဲဆိုဖို့ အကြံပြုခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အမှုနဲ့ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး သက်သေအထောက်အာထားတွေနဲ့ တင်ပြလာတယ်။ အဲဒီအထောက်အထားတွေကို ခိုင်လုံမှုရှိမရှိသုံးသပ်ပြီးတော့ ပြစ်မှုကြောင်းအရ ငြိစွန်းမှုရှိတယ်လို့ ကျွန်တော်တို့သုံးသပ်လို့ တရားစွဲဆိုဖို့ အကြံပြုထားပါတယ်။”ဟု ပြည်နယ်ဥပဒေအရာရှိ ဦးကျော်မောင်က ပြောပါတယ်။

အမှုမှာပါဝင်တဲ့နောက်တစ်ယာက်ကတော့ ရဲကျော်သူ (ခ) ရဲဇော်ဖြစ်ပြီး သူ့ကိုသံသယနဲ့ ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်နေ့အခမ်းအနားကနေ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၃၄ အရ အကြံတူအဖြစ်စွဲတင်တဲ့အခါမှာ ဥပဒေက ၅ ဦးသို့မဟုတ် ၅ ဦးနဲ့အထက်ဖြစ်ရမယ်လို့ ပြဌာန်းထားရှိပြီး လက်ရှိမှာတော့ ၄ ဦးတည်းကိုသာ စွဲတင်ထားတာဖြစ်တယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

#voiceofmyanmar#စရဖ#ရခိုင်လူငယ်တွေစွဲချက်တင်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW