ခေတ်ရေစီးကြောင်းကြောင့် မြန်မာသံစဉ်တွေ ထုတ်လုပ်ရတာ ပိုခက်ခဲလာတယ်ဆိုတဲ့ ဖိုးသောကြာ

ရန်ကုန် ဇန်န၀ါရီ ၁၇-၂၀၁၉

သင်းသဒ္ဒါ(VOM)

မြန်မာသံဂန္တ၀င် တေးသီချင်းတွေသီဆိုတဲ့ အဆိုတော် ဖိုးသောကြာကတော့ ခေတ်ရေစီးကြောင်းအရ မြန်မာသံစဉ်တွေထုတ်လုပ်ရတာပိုခက်ခဲလာတယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ ခေတ်ကာလ အရ နားဆင်နေတဲ့ ပရိသတ်တွေမျိုးစုံရှိလာတယ်။ပြည်ပ နိုင်ငံတကာ တေးဂီတတွေလွှမ်းမိုးလာတာမို့ ဒါတော့ မြန်မာသံဂီတမေးမှိန်သွားမှာ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ မြန်မာဂီတတေးသီချင်းတွေကလည်း ရောင်းအားတွေ ကျနေချိန်မှာ ကိုယ့်ရှိတဲ့ငွေနဲ့ ခြစ်ခြုပ်ပြီးတော့ လုပ်ရတာပါ။ထုတ်လုပ်ရတာလည်း အခက်အခဲတွေ ပိုတွေ့စေပါတယ်”လို့ဆိုပါတယ်။

သူကတော့ စုံတွဲ သီချင်းခွေသစ်အတွက် တေးသီချင်းတွေ တီးခတ်စုစည်းထားပြီးတော့ သီချင်းသစ် နဲ့ သီချင်းဟောင်း တစ်ကိုယ်တော်အခွေထွက်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူ သုမောင်ရဲ့ သီချင်းအပုဒ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ကျော်ရှိပါတယ်သေးတယ်လို့ ဆိုပါတယ်။

နဂါးနီ သီချင်းခွေ ၂၀၁၈ ခုနှစ်အတွက် ရောင်းအား အကောင်းဆုံးဆု နဲ့ ထုတ်ဝေသူဆုနှစ်ခုရရှိခဲ့တဲ့  City FM ပေးတဲ့ဆုနဲ့ဆက်စပ်ပြီး ဖိုးသောကြာပြောပြတာက

”ခုလို ဆုတွေရလို့လည်း အားအင်တွေ ဖြစ်ရပါတယ်။ ကျွန်တော်အတွက် သီးသန့်ရေးထားတဲ့ သီချင်း သစ်တွေ တစ်ခွေထွက်ပါမယ်” လို့ဆိုပါတယ်။ နဂါးနီ သီချင်းခွေ ၂၀၁၈ ခုနှစ်အတွက် ရောင်းအား အကောင်းဆုံးဆု နဲ့ ထုတ်ဝေသူဆုနှစ်ခုရရှိခဲ့တဲ့ ပတ်သက်ပြီးတော့”နဂါးနီမှာ ဖေဖေဆိုခဲ့တဲ့ သီချင်းတွေ ပြန်လည် သီဆိုတာမို့ တကယ့် ဂီတပညာရှင်တွေလည်း ချီးကျူး ကြပါတယ်။ အရင်နဲ့ လုံးဝ မတူတဲ့ ဂီတရသတစ်ခုရတယ်ပြောကြတယ်။ တချို့ကလည်း အဖေကိုယ်ပွားရတယ်ပေါ့။ တချို့ကလည်း အဖေကို မမှီ သေးဘူးလို့ ဝေဖန်ခံရတာတွေလည်း ရှိပါတယ်။ စိတ်မဆိုးပါဘူး။ ကျွန်တော်အဖေကို ဘယ်တော့မှလည်း မှီမှာ မဟုတ်ပါဘူး။ ကျွန်တော် တစ်သက်ဆိုလို့ မကုန်နိုင်အောင် သီချင်း တွေကို အဖေဆိုထားခဲ့တာပါ။ အကောင်းပြောသူရော ၊ အဆိုး ပြောတဲ့သူတွေပါ ကျွန်တော်ဗွေ မယူပါဘူး။ ကိုယ့်လုပ်ဆောင်ရမယ့် အလုပ်တွေ ဆက်လုပ်မှာပါ။ ကျွန်တော်ရဲ့ သင်ဆရာက အန်တီဒေါ်ရီရီသန့်ပါ။ အဖေက လုံးဝမသင်ကြားပေးခဲ့ပါဘူး။ အဖေကတော့ကျွန်တော်ရဲ့ ကြားဆရာ စစ်စစ်တစ် ယောက်ပါ။ အဖေသီချင်း နားထောင်ရင် ကြီးပြင်းခဲ့တာပါ။သူ့ရဲ့ ဟန်တွေလွှမ်းမိုးမှာဆိုးလို့ တစ်လုံးမှ သင်မ သွားခဲ့တာပါ။ ဒါတောင် အဖေရဲ့ အရိပ်တွေ အပြည့်အ၀လွှမ်း မိုးနေတုန်းပါပဲ”လို့ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

 

Related posts

Leave a Comment

VOM News

FREE
VIEW