အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံထိမှန်ခဲ့တဲ့ပစ္စည်းအစစ်တွေကို ကျဆုံးခဲ့တဲ့အခန်းမှာပဲ ပြသနိုင်ဖို့ စီစဉ်နေ

ရန်ကုန် ဇန်နဝါရီ ၂၃-၂၀၁၉

TGH (VOM)

ရန်ကုန်အမျိုးသားပြတိုက်မှာ ထိန်းသိမ်းပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံထိမှန်ခဲ့တဲ့ ပရိဘောဂပစ္စည်းတွေကို အတွင်းဝန်ရုံးမှာ ပြသနိုင်ဖို့ ဆွေးနွေး တောင်းဆိုသွားမယ်လို့  ၀န်ကြီးများရုံးဟောင်းပြုပြင် ထိန်းသိမ်း ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးအဆောက်အဦး မွမ်းမံပြင်ဆင်မှုအပိုင်းအနေဖြင့် ၈၅ ရာခိုင်နူန်းခန့်ပြီးစီးနေပြီပါတယ်။ မွမ်းမံပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရတဲ့ အခန်းကို အာဇာနည်ပြခန်းအဖြစ် ပြသမှာဖြစ်သလို လွှတ်တော်အခန်းကိုပါ  ပြခန်းအဖြစ် ပြည်သူတွေလေ့လာနိုင်အောင် ဖွင့်လှစ်ပြသပေးမယ်လို့ ဆိုပါတယ်။

” ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အခန်းကိုပြမယ်။  ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံမှန်ထားတဲ့ ပရိဘောကပစ္စည်းတွေရှိတယ်ဟာတွေရှိတယ်။ အဲ့ဒာတွေကို အမျိုးသားပြတိုက်ကထိန်းသိမ်းထားတယ်။သူတို့ဘက်ကိုတောင်းတော့ကြည့်မယ်။ရရင်တော့ အစစ်တွေ ပြနိုင်မယ်။မရရင်တော့ အစစ်နီးပါးဖြစ်မယ့် ပုံတူတွေပြသမယ်။ “လို့ ဒေါက်တာမောင်မောင်သိန်းကပြောပါတယ်။

လွှတ်တော်ပြခန်းဟာဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးလွှတ်တော်ကျင်းပတဲ့နေရာဖြစ်ပါတယ်။  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု ဓာတ်ပုံမှတ်တမ်းတွေအပါအဝင်  ရုပ်သံဗီဒီယိုကလစ်တွေ ပြသမယ်လို့သိရပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်နဲ့အတူ လုပ်ကြံခံခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်ရေးအသုံးအဆောင်အပစ္စည်းတချို့ကိုပါ ပြတိုက်ကနေ ဓာတ်ပုံရိုက်ကူးပြီးပြသသွားမှာဖြစ်ပါတယ်။

အာဇာနည်ပြခန်းနဲ့ လွှတ်တော်ပြခန်းကို လာမယ့် ငါးလအတွင်း ဖွင့်လှစ်ပြသသွားမှာဖြစ်ပြီး ဝင်ကြေးငွေလည်းကောက်ခံသွားမယ်လို့သိရပါတယ်။

#voiceofmyanmar#အတွင်းဝန်ရုံး#အာဇာနည်များ

Related posts

Leave a Comment

VOM News

FREE
VIEW