ဖိလစ်ပိုင်နိုင်ငံ ခရစ်ယာန်ဘုရားကျောင်းမှာ ဗုံးပေါက်ကွဲတာကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံး

မနီလာ၊ ဇန်န၀ါရီ-၂၇-၂၀၁၉

မျိုးဆက် (VOM)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ဇန်န၀ါရီ ၂၇ ရက်က ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် လူ ၂၇ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒါဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စလာမ်မစ်စစ်သွေးကြွများလှုပ်ရှားနေတဲ့ ဂျိုလိုကျွန်းရှိ ဘုရားကျောင်းရဲ့ တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ ပထမဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သားတွေက ကယ်ဆယ်ရေးလုပ်ဆောင်နေချိန်မှာ  ကားပါကင်၌ ဒုတိယပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူတွေထဲမှာ စစ်သား ခုနှစ်ဦးပါဝင်ပြီး အများစုကတော့ အရပ်သားတွေဖြစ်ပါတယ်။ ဒါဏ်ရာရသူ ၇၁ ဦးအထိရှိပြီး ၎င်းတို့ထဲ့ အချို့ကို ရဟတ်ယာဉ်တွေနဲ့ အနီးတွင်ရှိသော ဇန်ဘိုအန်ကာမြို့သို့ ပို့ဆောင်ပေးထားပါတယ်။

ဆန္ဒခံယူပွဲမှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် မွတ်ဆလင်အများစုနေထိုင်ရာ အဆိုပါဒေသမှာ မဲပေးမှုတွေပြုလုပ်ပြီးနောက် ရက်အနည်ငယ်အကြာမှာ ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။

တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဂျိုလိုကျွန်းဟာ အဘူဆာယက်ဖ်အုပ်စုအပါအ၀င် စစ်သွေးကြွများအတွက် ကာလရှည်အခြေစိုက်ရာနေရာတစ်ခု လည်းဖြစ်ပါတယ်။

Ref: BBC/ Reuter

Photo: AFP

 

Related posts

Leave a Comment

VOM News

FREE
VIEW