ကလေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ရင်ချင်းဆက်အမွှာပူးမွေးဖွား

ကလေး –   ဖေဖော်ဝါရီ  ၁- ၂၀၁၉

မိန်းကလေးရင်ခြင်းဆက် အမွှာ နှစ်ဦးကို ကလေးမြို့ ပြည်သူ့ဆေးရုံက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကနေ သိရပါတယ်။

အောင်မင်္ဂလာရပ်ကွက် နယ်မြေ(၃) တွင်နေထိုင်တဲ့ ဦးကျော်ဇေယျရဲ့ဇနီး ဒေါ်သီတာဝင်း အသက်(၂၈) နှစ်ဟာ  ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့ ပြည်သူ့ဆေးရုံမှာ  ၈ပေါင်နဲ့ ၈အောင်စ ရှိတဲ့ ရင်ခြင်းဆက် အမွှာမိန်းကလေး တွေကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။  ကလေး အထူးကုဆရာဝန်ကြီးဒေါက်တာနုနုထွေး က

“အခုက စောင့်ကြည့်နေတယ်။ ကျန်းမာရေးကောင်းတယ်ဆိုရင် မန္တလေးဆေးရုံ ကို လွှဲပြောင်းပြီး ခွဲစိတ်မှုတွေ ဆက်လုပ်သွားမှာပါ”လို့ ပြောပါတယ်။

ကလေးမြို့ပြည်သူ့ဆေးရုံကနေ ရင်ချင်းဆက်အမွှာ ကို  ပထမဦးဆုံးအကြိမ် ခွဲစိတ် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပြီး မြန်မာတစ်နိုင်လုံးမှာတော့ ရင်ခြင်းဆက် အမွှာ၇ မွှာ ကို မွေးဖွားပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မွေးဖွားပြီးဖြစ်တဲ့ ရင်ချင်းဆက်အမွှာညီအမကိုကျန်းမာရေးကုသမှု နဲ့ ခွဲစိတ်မှုပြုလုပ်ဖို့ အကူအညီတွေလိုအပ်နေပြီး ကူညီ ဆောင်ရွက်လိုသူတွေ အနေနဲ့ မိဘများထံ ဒါမှမဟုတ်​ဆေးရုံအုပ်ကြီးကနေတဆင့် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar#

Related posts

Leave a Comment

VOM News

FREE
VIEW