ဖျော်ဖြေရေးကဏ္ဍ အထူးချွန်ဆုံးဆုကို အိန္ဒြာကျော်ဇင်ရရှိ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂-၂၀၁၉

TGH (VOM)

မြန်မာနိုင်ငံရဲ့ Entertainment  ဖျော်ဖြေကေဏ္ဍမှာ အထူးချွန်ဆုံးသူအဖြစ်  ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က ရရှိခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်ဟာ ၂၀၁၄ခုနှစ်က မျက်နှာများတဲ့ကောင်းကင် ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မ့ာရုပ်ရှင်အကယ်ဒမီဆုရရှိသူတစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာလည်း ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပါတယ်။

ဆုရရှိတာနဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “ဒီဆုကိုရတဲ့အတွက် အရမ်းဝမ်းသာတယ်၊ဂုဏ်လည်းယူတယ်၊အားလုံးကိုလည်းကျေးဇူးတင်ပါတယ်၊နောက်ပြီးဒီဆုကိုရတဲ့အတွက် တာဝန်လည်းကြီးသွားတယ်လို့ ထင်မိပါတယ်၊မြန်မာနိုင်ငံအတွက် ကျွန်မအကောင်းဆုံး ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကျွန်မ ပံ့ပိုးနိုင်သလောက် ကြိုးစားသွားပါမယ်”လို့  ပြောပါတယ်။

ဒါ့အပြင် ဘက်စုံထူးချွန်လှတဲ့ အိန္ဒြာကျော်ဇင်က အလှအပနဲ့ဆိုင်တဲ့ ဆုတွေလည်းရရှိထားသူဖြစ်ပြီး ပရိတ်သတ်များမှ လေးစားအားကျအတုယူရတဲ့စံပြအမျိုးသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။

မြန်မာကို ကမ္ဘာကသိအောင် ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ” ကမ္ဘာကသိတဲ့ မြန်မာပြည်ဖွား ဖျော်ဖြေရေးကဏ္ဍ အထူးချွန်ဆုံးဆု”ကို ရရှိရထိုက်သူ ၊ဂုဏ်ပြုထိုက်သူအဖြစ်  Pride of myanmar ရဲ့ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

Pride of myanmar 2018 ဆုပေးပွဲကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့. အထင်ကရနေရတစ်ခုဖြစ်တဲ့ The Pegu Club မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

#voiceofmyanmar#အိန္ဒြာကျော်ဇင်#ဖျော်ဖြေရေးကဏ္ဍအထူးချွန်ဆုံးဆုရရှိ#

Related posts

Leave a Comment

VOM News

FREE
VIEW