အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာဖြစ်​​နေတဲ့ ကိစ္စ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ဖြေရှင်းဖို့လို

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၄-၂၀၁၉
ဟိန်းကို(VOM)

ပုဒ်​မ ၅၀၅\ခ (နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု) အပါအဝင် အခြား​ပုဒ်​မ​တွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရတနာပုံတက္ကသိုလ်​​က ဗကသ​ကျောင်းသား ၇ ဦးကို ဒီက​နေ့ နံနက်​ပိုင်းက အမရပူရမြို့နယ်​ တရားရုံးမှာ (၄)ကြိမ်​​မြောက်​ရုံးထုတ်​စစ်​​ဆေးခဲ့ပါတယ်​။

ရုံးထုတ်​စစ်​​ဆေးမှုမှာ ဖမ်းဆီးခံထားရတဲ့ ရတနာပုံတက္ကသိုလ်​ ဗကသ​ကျောင်းသား ကိုရဲမင်းထွန်းက ” အစိုးရအ​နေနဲ့ ပညာ​ရေးနယ်​ပယ်​မှာ ဖြစ်​တဲ့ ပြသာနာ​တွေကို ထိပ်​တိုက်​ရင်​ဆိုင်​ ​ဖြေရှင်းဖို့လိုတယ်​၊ အဲ့လိုထိပ်​တိုက်​ရင်​ဆိုင်​​ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ ဖိနှိပ်တဲ့ပုံစံလုပ်လာတာဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့ ” ​ပြောခဲ့ပါတယ်​။

Related posts

Leave a Comment

VOM News

FREE
VIEW