ကော့ဘဇားရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းသို့ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီ သွားရောက်

ဒါကာ၊ ဖေဖော်ဝါရီ-၄-၂၀၁၉

မျိုးဆက် (VOM)

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်ဖြစ်သူ ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီဟာ မြန်မာနိုင်ငံကထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှနေထိုင်တဲ့ ဘင်္ဂါလီတွေနဲ့ တွေ့ဖို့ ဖေဖော်ဝါရီ ၄ ရက်က ဘင်္ဂါလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပါတယ်။

၎င်းအနေဖြင့် ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအခြေအနေတွေကို အကဲဖြတ်ဖို့ ဘင်္ဂလီဒုက္ခသည်စခန်းက တာဝန်ရှိသူတွေ၊ ဘင်္ဂါလီတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်မှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ထားတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမင်တို့နဲ့ ဖေဖော်ဝါရီ ၆ ရက်မှာတွေ့ဆုံသွားမှာဖြစ်ပြီး အဲဒီနေ့မှာဘဲ ဘင်္ဂလားဒေ့ရှ်က ထွက်ခွာမှာဖြစ်ပါတယ်။

ဟောလိဝုဒ်အကျော်အမော် အင်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးသံတမန်အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလမှ ခန့်အပ်ခြင်းခံရတာဖြစ်ပြီး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းအခြေချနေထိုင်တာတွေရဲ့      အဓိကပြသနာတွေအပေါ်မှာ လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေသူဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ကလည်း ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည်စခန်းကို အိန္ဒိယ ဘောလီးဝုဒ်မင်းသမီး ပရီရန်ကာ ချိုပရာဟာ ယူနီဆက်ဖ်ရဲ့ ကလေသူငယ်အခွင့်အရေးဆိုင်ရာ ချစ်ကြည်ရေး သံတမန်အဖြစ် သွားရောက်ခဲ့ဖူးပါတယ်။

Ref : The Statesman

Photo :Dhaka Tribune

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW