စည်ပင်ရွေးကောက်ပွဲမှာအနိုင်ရရင် ဒုတိယမြို့တော်ဝန်နေရာအထိ မှန်းထားတဲ့ ထက်ထက်ထွန်း

ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉

သင်းသဒ္ဒါ (VOM)

၂၀၁၆ ခုနှစ်က Miss Universe ပြိုင်ပွဲကြီးမှာ National Costume ဆုရှင် အလှမယ် ထက်ထက်ထွန်း ကတော့စည်ပင်ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန်နေရာအထိ မှန်းထားတယ်လို့ဆိုပါတယ်။

”လောလောဆယ်ကတော့ ကော်မတီနေရာက ၀င်ရောက်ယှဉ်ပြိုင်တယ်။ နောက်ဆုံး ဒုတိယမြို့ တော်ဝန်နေရာ ထိမှန်းတယ်။ ဒီကနေ ဒုမြို့တော်ဝန်အထိ ပြိုင်လို့ရတယ်ဆိုတော့ ဆက်လက်ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက် ထိုက်တန်အောင် ကြိုးစားလုပ်ဆောင်မှာပါ”လို့ဆိုပါတယ်။

သူမကတော့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို မြို့တော် စည်ပင်သာယာရေး ကော် မတီဝင်အဖြစ်နဲ့ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အခုဝင်ပြိုင်ကတော့ မဲဆန္ဒနယ် ၃က ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ မဲဆန္ဒနယ် ၆ ခုရှိပါတယ်။ လူဦးရေ အိမ်ခြေအရေလည်း အသီးသီးသွားထားပါတယ်။ မဲဆန္ဒနယ်ကတော့ ၃ မှာတော့ မြို့နယ်ပေါင်း ၁၂ မြို့နယ် ပါပါတယ်။ မြို့နယ်တွေကတော့ ကြည့်မြင်တိုင်၊ စမ်းချောင်း ၊ ဒဂုံ ၊ ပန်းပဲတန်း၊ ဗဟန်း ၊လသာ ၊အလုံ၊ လမ်းမ တော် ၊ တာမွေ၊ ကမာရွတ် ၊ ရန်ကင်း ၊ဆိပ်ကမ်းတို့ ရှိပါတယ်လို့သိရပါတယ်။

စည်ပင်ရွေးကောက်ပွဲပတ်သက်ပြီး ဝေဖန်မှုပတ်သက်ပြီးတော့” ညီမကတော့ နေရာတိုင်းမှာ ရှိမှာပါ။ညီမ ကြိုတွေးထားပြီးကိစ္စတစ်ခုပါ။ဒီပြိုင်ပွဲဝင်မပြိုင်ရင်တောင် ဝေဖန်မှုတွေကို မျိုးစုံရှိကြပါတယ်။ သဘာဝတရားကြီးက အကောင်းအဆိုး တွဲဖက်နေတာပါ။ဘာပဲလုပ်လုပ် ဝေဖန်ကြမယ်။ ညီမရွေးချယ်လိုက်တဲ့အလုပ်က အရင်ကလည်း နိုင်ငံဂုဏ်ဆောင်အဖြစ် Miss ပြိုင်တဲ့အလုပ်နဲ့ ဝေးကွာ သွားတာ မဟုတ်ပါဘူး။ နောက်ထက် နယ်ပယ်တစ်ခုကို ရောက်သွားပေမယ့် နိုင်ငံကို အကျိုးပြုနေတာပါ။ ကိုယ့် ပတ်ဝန်းကျင်မှာ အကျိုးပြုလုပ်ငန်းတွေ Miss တစ်ယောက်က လုပ်ကိုင်သလို၊ ဒီရွေးကောက်ပွဲကနေ လုပ် ဆောင် တာပါပဲ။အတွေးအခေါ် ဥာဏ်အားဖြင့် အတူတူပဲဆိုတော့ ဦးတည်ချက်ခြင်း တူတယ်လို့ထင်ပါတယ်”လို့ ဆိုပါတယ်။

သူမကတော့ လတ်တလော ”အကြင်နာမြစ်ဖျား”ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေပါတယ်။

အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီက စည်ပင်ရွေးကောက်ပွဲမှာ သီးလေးသီး အငြိမ့်အဖွဲ့က လူရွှင်တော် ဂေါ်ဇီလာ ကလည်း ၀င်ပြိုင်မှာဖြစ်ပြီး အနုပညာရှင်တွေပါဝင်လာတဲ့ ဒီတစ်ခါ စည်ပင်ရွေးကောက်ပွဲက စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

ဓာတ်ပုံ – ထက်ထက်ထွန်း facebook

#voiceofmyanmar#ထက်ထက်ထွန်း#ရန်ကုန်စည်ပင်ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW