အမေရိကန်နဲ့ နျူစာချုပ်ကိစ္စတင်းမာနေစဉ် မိုင် ၇၅၀၀ အထိပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံ ရုရှားစမ်းသပ်

မော်စကို၊ ဖေဖော်ဝါရီ-၇-၂၀၁၉

မျိုးဆက် (VOM)

တာလတ်ပစ်နျူကလီးယား စာချုပ်ကနေ အမေရိကန်နဲ့ ရုရှားတို့က  နှုတ်ထွက်မယ်လို့အပြန် အလှန်ခြိမ်းခြောက်ပြီး  နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ  ရုရှားနိုင်ငံက  ၎င်းရဲ့ အာအက်စ်-၂၄ ယာစ် တိုက်ချင်းပစ်ဒုံးပျံကို အောင်မြင်စွာစမ်းသပ်လိုက်ပါတယ်။

အဆိုပါ သာမိုနျူကလီးယားဒုံးပျံကို နိုင်ငံမြောက်ပိုင်း အာခန်ဂီလက်ခ်ရှိ ပလီဆက် ဒုံးပစ်လွှတ်စင်မှ နိုင်ငံအရှေ့ဖျားပိုင်းသို့ ပစ်လွှတ်ခဲ့တယ်လို့  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

ယင်းသို့စမ်းသပ်မှုမှာ အာအက်စ်-၂၄ ယာစ် အဆင့်မြင့် ဒုံးပျံစနစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပစ်လွှတ်နိုင်တဲ့ ၀ိသေဒလက္ခဏာတွေကို အတည်ပြုဖို့  ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုပို-အမ် ဒုံးပျံစနစ်ကို ပြုပြင်မွန်းမံထားတဲ့ အဆိုပါ  အာအက်စ်-၂၄ ယာစ် ဒုံးပျံသစ်ဟာ အမြင့်ဆုံးအကွာ အဝေးအဖြစ် မိုင်ပေါင်း ၇၅၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

၁၉၉၁ ခုနှစ်တွင် စတင်သက်ပြီး ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမယ့် ဆိုဗီယက်ခေတ်က ချုပ်ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် လက်နက်ထိန်းချုပ်ရေးစာချုပ်ကို ၂၀၀၇ ခုနှစ်ခုမှာ ရုရှားနိုင်ငံက ဒုံးပျံတွေ စတင်စမ်းသပ်ကတည်းက ချိုးဖောက်နေတယ်လို့ အမေရိကန်ကစွပ်စွဲပြောဆိုပါတယ်။

၂၀၁၀ ခုနှစ်မှာ  ရုရှားနဲ့ အမေရိကန်တို့က ၎င်းတို့ရဲ့ နျူကလီးယားလက်နက်တွေကိုလျှော့ချဖို့ လိုအပ်တဲ့ သဘောတူညီမှုအသစ်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။  သို့သော် ယခုကဲ့သို့ ဒုံးပျံစမ်းသပ်ခြင်းက အဆိုပါသဘောတူညီချက်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ကအခိုင်အမာပြောဆိုပါတယ်။

Ref : Press TV

Photo : Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW