အိန္ဒိယနိုင်ငံမှာ မက်သနောပါတဲ့ ချက်အရက်သောက်သုံးမိတာကြောင့် လူ ၇၇ ဦးသေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ ၁၀-၂၀၁၉

မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ကျေးရွာအချို့မှာ မက်သနောပါဝင်တဲ့ တရားမ၀င်ချက် အရက်တွေကို သောက်သုံးမိတာကြောင့် လူ ၇၇ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးရုံးတွေမှာ လူနှစ်ဆယ်ကျော်ကိုလည်း ဆေးဝါးကုသမှုတွေပေးနေရပြီး သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဝင်ငွေနည်းပါးတဲ့ ကျေးလက်ဒေသရှိ အိန္ဒိယနိုင်ငံသားတွေဟာ တရားဝင်ထုတ်လုပ်ထားသော အရက်တွေကို ၀ယ်မသောက်နိုင်တာကြောင့် တရားမ၀င်ချက်အရက်တွေကို သောက်သုံးရင်း ဒီလိုအဆိပ်သင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ဟိန္ဒူတိုင်းမ် သတင်းဌာနက ဖော်ပြပါတယ်။

ချက်အရက်တွေကြောင့် သေဆုံးမှုမှာ ဖေဖော်ဝါရီ ၇ ရက်က စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်နှောင်းပိုင်းမှာ ဥတာပရာဒက်ရှ်ပြည်နယ် ဆာရာရန်ပါဒေသမှာ သေဆုံးသူ ၃၇ ဦး၊ ကူရှီနာဂါဒေသမှာ ၁၁ ဦးနဲ့ ဥတာခန်ဒေသမှာ ၃၁ ဦးအထိ တိုးမြင့်လာခဲ့ပါတယ်။

ယင်းဖြစ်စဉ်နဲ့ ပတ်သက်၍ လူ ၁၇၅ ဦးကို ဖမ်းဆီးခဲ့ပြီး တရားမ၀င်အရက် လီတာကိုးသောင်းကျော်ကို ဥတာပရာဒက်ရှ် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ အပြစ်ရှိသူတွေကို မိမိတို့အနေနဲ့ ခွင့်လွှတ်မှမဟုတ်ကြောင်းနဲ့ အဓိကကြိုးကိုင်သူကို အာရုံစိုက်ပြီး စုံစမ်းဖော်ထုတ်နေတယ်လို့ ဥတာပရာဒါက်ရှ် ပြည်နယ်အကြီးအကဲက ပြောပါတယ်။

#voiceofmyanmar#အိန္ဒိယ#မက်သနောပါတဲ့ချက်အရက်သောက်သုံးမိတာကြောင့်လူ၇၇ဦးသေဆုံး#

Ref : UPI

Photo: Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW