တောင်နဝင်းဆည်ပိတ်သိမ်းဖို့အတွက် ဒေသခံတွေဆန္ဒပြ

  ပေါက်ခေါင်း ဖေဖေါ်ဝါရီ ၁၂-၂၀၁၉ လမင်း (ပြည်)   ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ် အရှေ့ဘက်မှာရှိတဲ့ တောင်နဝင်းရေလှောင်တမံကိုပိတ်သိမ်းပေးဖို့နဲ့ ဆက်လက်အသုံးပြုပါက ဒေသအတွက်အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့်က ဒေသခံရာချီပြီး ပေါက်ခေါင်းမြို့ထဲလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ပျက်စီးလာတဲ့ ဆည်ကိုအသုံးပြုနေရင် ကျွန်တော်တို့ဒေသခံတွေရော၊  နောင်လာမယ့်မျိုးဆက်လူငယ်တွေအတွက်ပါ ဆည်ကျိုးကျမယ့်အန္တရာယ်ကိုစိုးရိမ်ထိန့်လန့်နေကြရလို့ ဆက်လက်အသုံးမပြုကြရန်တောင်းဆိုကြခြင်းဖြစ်ပါတယ် ” ဟုဆန္ဒထုတ်ဖော်သူတစ်ဦးမှဟြေသည် ။   ဆန္ဒဖော်ထုတ်ပွဲကို တောင်နဝင်းဆည်အနီးရှိ ရပ်သစ်ရွာမှစတင်ကာ ပေါက်ခေါင်းမြို့လည်ရှိ ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်အထိ လမ်းလျောက်ချီတက်ခဲ့ကြပြီး တောင်နဝင်းဆည်ကိုဆက်လက်အသုံးမပြုရန် ၊ ဆည်တမံအားဖာထေးပြင်ဆင်ပြီး အသုံးမပြုရန် နှင့် ဒေသအတွင်းအေးချမ်းမှုရှိစေရန်အဓိကထား တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။   တောင်နဝင်းရေလှောင်တမံသည် ဇန်နဝါရီလ ၈ ရက်ကစတင်၍ ပင်မရေလှောင်တမံထိပ်မျက်နှာပြင် အလျားပေ ၁၀၀ ခန့် အနက် ၃ ပေခန့် အကျယ်…

Read More

ယိုးတရုတ်ကျေးရွာသို့ ထွက်ပြေးရောက်ရှိနေသူတချို့ နေရပ်ပြန်

ပုဏ္ဏားကျွန်း၊ ဖေဖော်ဝါရီ ၁၂-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာကနေ ထွက်ပြေးရောက်ရှိလာခဲ့ကြတဲ့ စစ်ဘေးရှောင်တချို့ဟာ သူတို့ဒေသမှာ တိုက်ပွဲသံမကြားတော့ဘူးဆိုလို့ နေရပ်ကို ပြန်သွားကြပြီဖြစ်ပါတယ်။ အဲဒီကျေးရွာသားတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကညနေပိုင်းက ကျေးရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ကြောက်ရွံ့ပြီးထွက်ပြေးလာခဲ့ကြတာဖြစ်ပေမယ့် လက်ရှိမှာတော့ တည်ငြိမ်နေပြီဖြစ်တဲ့အတွက် မိသားစုတချို့ဟာ နေရပ်သို့ပြန်လည်သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ “ဒီနေ့တော့ တချို့မိသားစုတွေပြန်နေကြပါတယ်။ ရွာကိုပြန်သွားတဲ့မိသားစု ၁၀ ကျော်လောက်ရှိနိုင်ပါတယ်။ လောလောဆယ်မှာတော့ ပြန်တဲ့သူတွေနဲ့ ကျန်နေတဲ့သူတွေကို စာရင်းကောက်ယူနေပါတယ်။ ညနေပိုင်းလောက်မှ တိတိကျကျသိနိုင်မှာဖြစ်ပါတယ်။”လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းက ပြောပါတယ်။ ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် ကျေးရွာတွေကိုပြန်သွားသူတွေရှိနေပေမယ့် ရွာသားအများစုကတော့ ကြောက်ရွံ့နေကြတာကြောင့် မပြန်သေးဘဲ စောင့်ကြည့်နေကြဆဲဖြစ်ပါတယ်။ “ရွာကိုပြန်တဲ့သူတွေလည်းရှိပါတယ်။ တချို့မိသားစုတွေပြန်ကြတာပါ။အများစုကတော့မပြန်ဘူး။ ကျွန်မတို့လည်းလောလောဆယ်မှာ မပြန်သေးဘဲစောင့်ကြည့်ပါဦးမယ်။ ရွာကိုပြန်သွားလို့ တခုခုဖြစ်မှာကိုစိုးရိမ်တယ်။ ကြောင့်လို့မပြန်သေးတာပါ။”လို့ စစ်ဘေးရှောင်အမျိုးသမီး ဒေါ်မဌေးဝင်းက ပြောပါတယ်။ ဒါ့အပြင် ချောင်းတူကျေးရွာကနေ တခြားကျေးရွာတွေကိုထွက်ပြေးနေတဲ့ မိသားစုတွေလည်းရှိနေပြီး တိုက်ပွဲဖြစ်ပွားတဲ့နေက…

Read More

အခြေခံဥပဒေပြင်ဆင်ဖို့ စစ်ကိုင်းမြို့မှာ စတစ်ကာကမ်ပိန်းပြုလုပ်

  စစ်ကိုင်း ဖေဖော်ဝါရီ ၁၂-၂၀၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဒီနေ့မနက် ၁၀ အချိန်က စစ်ကိုင်းမြို့မဈေး မီးပွိုင့်မှာ လူအင်အား ၂၀ ခန့်နဲ့ စတစ်ကာ ကမ်ပိန်း တစ်ခု ပြု လုပ်ခဲ့ပါတယ်။   “ကျနော်တို့က ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်နေတဲ့ ပြင်ဆင်သင့်တဲအချက်တွေကိုအမြန်ဆုံးပြင်ဆင်ရေးမှာ ပြည်သူအားလုံးပါဝင်လာစေဖို့တွက် စတစ်ကာကမ်ပိန်းတစ်ခုပြုလုပ်တာဖြစ်ပါတယ် ၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေက ပြည်သူတွေအတွက်မကောင်းလို့ပြင်ချင်တာပါဘာတွက်ပြင်ရမလဲကိုယ့်ထက်သိတဲ့အတတ်ပညာရှင်တွေ နောက် လွှတ်တော်ထဲမှာရှိနေတဲ့လွှတ်တော်အမတ်တွေ သူတို့ကတင်ပြတာကိုဘဲလက်ခံမှာပါ”လို့ စစ်ကိုင်းမြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းသိန်းကပြောပါတယ်။   ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စစ်ကိုင်းမြို့ မှာ စတစ်ကာ ကမ်ပိန်းပြုလုပ်တာဟာ ဒုတိယအကြိမ်လုပ်တာဖြစ်ပါတယ်။  

Read More

နယူးဒေလီရှိ ဟိုတယ်တစ်လုံး မီးလောင်ကျွမ်းမှုကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံး

နယူးဒေလီ၊ ဖေဖော်ဝါရီ-၁၂-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုတယ်တစ်လုံးမှာ ဖေဖော်ဝါရီ ၁၂ ရက်က မီးလောင်ကျွမ်းမှုကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံးပြီး သုံးဦးဒါဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဒေလီမြို့အလယ်ပိုင်း လူစည်ကားနေရာတစ်ခုဖြစ်တဲ့ ကာရိုဘတ်ရှ်ရှိ ဈေးရောင်းဈေးဝယ်ဒေသမှာ တည်ရှိတဲ့ Arpit Palace ဟိုတယ်မှာ အရုဏ်မတက်မီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကလေးငယ်တစ်ဦးအပါအ၀င် သေဆုံးသူဦးရေ ၁၇ ဦးအထိ တိုးမြင့်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက အတည်ပြုထားကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆူနီချောက်ဒရီက ပြောဆိုပြီး မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ပြီလို့ဆိုပါတယ်။ သေဆုံးသူများထဲမှာ မီးဘေးကနေလွတ်မြောက်ဖို့ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့ပါဝင်ပြီး လူ ၃၅ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနဒုတိယအကြီးအကဲ ဗီရန်ဒရာဆင်း ကပြောပါတယ်။ ရှော့ခ်ဖြစ်ပြီးလောင်ကျွမ်းတယ်လို့  ယုံကြည်ရတဲ့ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားချိန်မှာ သေဆုံးသူအများစုဟာ အိမ်ပျှော်နေကြတယ်လို့ဆိုပါတယ်။ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေအားနည်းခြင်း၊…

Read More

သံသယရှိသူတရားခံကို မြွေနဲ့ခြိမ်းခြောက် စစ်ဆေးခဲ့လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ တောင်းပန်

ဂျကာတာ၊ ဖေဖော်ဝါရီ-၁၂ မျိုးဆက် (VOM) အွန်လိုင်းပေါ်မှာ ရုပ်သံမှတ်တမ်း ထွက်ပေါ်ပြီးနောက် သံသယရှိသူ သူခိုးတစ်ဦးကို ခြောက်လှန့်ဖို့ မြွေတစ်ကောင်ကို အသုံးပြုခဲ့တဲ့အတွက် အင်ဒိုနီးရှားရဲတပ်ဖွဲ့က တောင်းပန်လိုက်ပါတယ်။ ပါပူအာအရှေ့ပိုင်းမှာနေထိုင်တဲ့ သံသယရှိသူအမျိုးသားကို လက်ထိတ်ခတ်ထားပြီး စစ်ဆေးသူတစ်ဦးက မြွေနဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထားချိန်မှာ ရုပ်သံမှတ်တမ်းတွင်ပါဝင်တဲ့ တာဝန်ရှိသူတွေက ရယ်မောနေကြပါတယ်။ သံသယရှိသူဟာ မိုလ်ဘိုင်းဖုန်းတွေကို ခိုးယူခဲ့တယ်လို့ ယူဆရပါတယ်။ ရုပ်သံမှတ်တမ်းမှတော့ သံသယရှိသူရဲ့ ပါးစပ်နဲ့  ၎င်းရဲ့ဘာင်းဘီအတွင်းကို မြွေကိုထည့်မယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ခြိမ်းခြောက်ထားတဲ့ အသံလည်းပါဝင်နေပါတယ်။ ယင်းသို့လုပ်ဆောင်ခြင်းဟာ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်နဲ့ လျော်ညီခြင်းမရှိပေမယ့် မြွေဟာ လူနဲ့ယဉ်ပါးပြီး အဆိပ်မရှိဘူးလို့ ပြောဆိုကာ အဆိုပါလုပ်ရပ်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ အနန်ဒါဆွာဒရာက ကာကွယ်ပြောဆိုခဲ့ပါတယ် ဒီလိုမျိုး သံသယရှိသူတရားခံကို မြွေနဲ့ ခြောက်လှန့်ခဲ့သူတွေကို အရေးယူပြီးဖြစ်ကြောင်းနဲ့ ၎င်းတို့ဟာ သံသယရှိသူအမျိုးသားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းမပြုခဲ့ဘူးလို့ ၎င်းက ကြေညာချက်မှာပြောဆိုပါတယ်။ …

Read More

နိုင်ငံရေးတက်ကြွတဲ့ မုံရွာမြို့ခံလူငယ်တွေ စုပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စတစ်ကာကမ်ပိန်းပြုလုပ်

မုံရွာ ဖေဖေါ်ဝါရီ ၁၂-၂၀၁၉ ဗျဂ္ဃ(VOM)   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ထောက်ခံတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မုံရွာမြို့ခံ နိုင်ငံရေးတက်ကြွတဲ့ လူငယ်တွေက ဖွဲ့စည်းပုံပြင်ဆင်ရေး စတစ်ကာ ကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။ မြို့ပေါ်က ဈေးတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေးစာတမ်းပါတဲ့ စတစ်ကာ ၁၂၀၀၀ ကို ဖြန့်ဝေကပ်ခဲ့ကြတာပါ။ မုံရွာလူငယ်အဖွဲ့ဝင် ကိုရေချမ်းက “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဓိကပေါ့။ နောက်ပြီး အခုလွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပူးပေါင်းပြင်ဆင်ရေးကော်မတီဖွဲ့ဖို့ လုပ်နေတယ်။ ဒါကိုလည်း ကြိုဆိုထောက်ခံတယ်။ တဖက်ပိတ် တဖက်ပွင့်ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုမရှိဘူး။ ပြည်သူကိုယ်စားပြုတဲ့ ဥပဒေဖြစ်စေချင်တယ်။”လို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်း အမျိုးမျိုးထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ လွှတ်တော်အတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ဖို့ကို လွှတ်တော်က အတည်ပြုထားပြီး ကော်မတီဖွဲ့စည်းနိုင်ဖို့…

Read More

ပင်လယ်ပြင်အတွင်း သင်္ဘောနစ်မြုပ်ရာမှာပါဝင်တဲ့ အလောင်းတစ်လောင်းတွေ့

မာန်အောင်၊ ဖေဖော်ဝါရီ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ဖေဖော်ဝါရီ ၁၁ ရက်နေ့မနက် ၄ နာရီခွဲအချိန်က မာန်အောင်မြို့နယ် ဇီးတောကျေးရွာမြောက်ဘက် ဟန်တာပင်လယ်ပြင်အတွင်း  “ဆင်ပြောင်”အမည်ရှိသင်္ဘောနစ်မြုပ်ရာမှာ ပျောက်ဆုံးနေတဲ့ ဆိပ်ကမ်းအာဏာပိုင်ဝန်ထမ်းတွေထဲက အလောင်းတစ်လောင်းကို ဒီကနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီအလောင်းကို မာန်အောင်ကျွန်းရဲ့မြောက်ဘက် ဇီးတောကျေးရွာနဲ့ အိုးဝကျေးရွာအကြား ပင်လယ်ကမ်းစပ် သဲသောင်ပြင်မှာ ဒီမနက်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “အလောင်းတစ်လောင်တော့တွေ့ပါပြီ။ ဇီးတောရွာနဲ့ အိုးဝရွာကြားမှာတွေ့တာပါ။ ပင်လယ်ကမ်းခြေ သဲသောင်ပြင်မှာ တင်နေတာတွေ့တာပါ။”လို့ ဒေသခံတွေကပြောပါတယ်။ ဆင်ပြောင်သင်္ဘောဟာ မာန်အောင်ကျွန်းမြောက်ဘက်မှာရှိတဲ့ လက်ဖက်ကျွန်း မီးပြတိုက်ကို ပြန်လည်ပြုပြင်ဖို့အတွက် ရောက်ရှိနေတာဖြစ်ပြီး နစ်မြုပ်ရာမှာ မီးပြတိုက်ပြုပြင်ရေးအဖွဲ့က ၀န်ထမ်း ၁၈ ဦးပျောက်ဆုံးနေတာဖြစ်ပါတယ်။ “သင်္ဘောမြုပ်တာမှာ ပျောက်ဆုံးနေသူတွေကိုတော့ ဒီမနက်မှာပဲ လှေတွေနဲ့ဆက်လက်ရှာဖွေမှုတွေပြုလုပ်နေပါတယ်။ သက်ဆိုင်ရာဌာနတွေက ရှာဖွေဆောင်ရွက်နေပါတယ်။”လို့ မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။ မီးပြတိုက်ရှိတဲ့ လက်ဖက်ကျွန်းမှာ ကျောက်ဆောင်တွေရှိနေတဲ့အတွက် သင်္ဘောကိုကမ်းကပ်လို့မရဘဲ မီးပြတိုက်နဲ့ တစ်မိုင်ခွဲခန့်ကွာဝေးတဲ့နေရာမှာ ရပ်နားထားတာဖြစ်ပါတယ်။…

Read More

ဗိုလ်ချုပ်ကြေးရုပ်ထု ကန့်ကွက်ပွဲ ပြည်နယ်လုံးဆိုင်ရာ သပိတ်မှာ ကရင်နီပြည်သူများပစ်ခတ်ခံရ

လွိုင်ကော် ဖေဖေါ်ဝါရီ ၁၂-၂၀၁၉ ထူးသာဦး (VOM)   ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု လွိုင်ကော်မှာ စိုက်ထူတာကို ကန့်ကွက်တဲ့အနေနဲ့ ပြည်နယ်လုံးကျွတ် သပိတ်ပွဲကို ကရင်နီလူထု များမှ ဒီနေ့ပြုလုပ်နေပါတယ်။ သပိတ်ကို စစ်ကြောင်း သုံးကြောင်းချီတက်ခဲ့ပြီး ကန္တာရဝတီလမ်း စစ်ကြောင်းကို ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ပစ်တာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် လူဆယ်ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။   လက်ရှိအချိန်မှာတော့ လူထု တစ်ထောင်ကျော်က ဗိုလ်ချုပ်ကြေးရုပ်ထုစိုက်ထူထားတဲ့ ကန္ဒာဟေဝန် ပန်းခြံရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေပြီး ရုပ်ထုကိစ္စကို စတင်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးလာရောက်ညှိနှိုင်းဖို့ကို စောင့်မျှော်နေကြပါတယ်။ တစနဲ့တစ လူထုက နည်းမသွားတဲ့အပြင် ပိုပိုတိုးလာတဲ့အတွက် လုံခြုံရေးချထားတဲ့ ရဲတပ်ဖွဲ့အင်အားနဲ့ ဆန္ဒပြအင်အားမမျှမတဖြစ်နေပါတယ်။ ဝန်ကြီးချုပ်သာ လူထုကိုထွက်မတွေ့ဘူးဆိုရင် ထိမ်းသိမ်းဖို့ခက်နိုင်တဲ့အနေအထားကို မြင်နေရပါတယ်။

Read More

တိုက်ပွဲတွေကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်းဖောက်လုပ်မှု ရပ်နားထားရ

ပလက်ဝ ဖေဖော်ဝါရီ ၁၂-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ AA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံက တာဝန်ယူဖောက်လုပ်ပေးနေတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်း ဖောက်လုပ်မှု လုပ်ငန်းအချို့ ရပ်နားထားရတယ်လို့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးရွှေထီးအို က ပြောပါတယ်။ ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော် နဲ့ AA ကြား ၂၀၁၅ ခုနှစ် အတွင်းကနေ စတင်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပေမယ့် ၂၀၁၈ ခုနှစ် အတွင်းမှာပိုမို ပြင်းထန်လာတာကြောင့် အိန္ဒိယနိုင်ငံက အကူအညီပေး တာဝန်ယူဖောက်လုပ်နေတဲ့ ပလက်ဝမြို့နဲ့ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ် ဇိုရင်ပူ ဆက်သွယ်တဲ့ နယ်စပ်ကုန်သွယ်ရေးကားလမ်းဖောက်လုပ်တဲ့ လုပ်ငန်း ခွင်အချို့ ရပ်နားထားရတာ ဖြစ်ပါတယ်။ ရပ်နားထားတဲ့ လမ်းပိုင်းကတော့ ၄၃ ကီလိုမီတာကနေ…

Read More

သေနတ်သံတွေကြားထဲ အိုးပစ်အိမ်ပစ်ပြေးခဲ့ရတဲ့ ချောင်းတူကျေးရွာသားတွေရဲ့ အခြေအနေ

ပုဏ္ဏားကျွန်း ဖေဖေါ်ဝါရီ ၁၂-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ချောင်းတူကျေးရွာသားတွေဟာ သေနတ်သံတွေကြားမှာ အိုးမစစ်အိမ်မစစ်နိုင်ဘဲ ထွက်ပြေးလာခဲ့ကြရပါတယ်။ အဲဒီကျေးရွာသားတွေဟာ ဘေးလွတ်ရာကျေးရွာတွေကိုထွက်ပြေးခဲ့ကြရပြီး ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှာ အများစုခိုလှုံနေကြပြီးတော့ ကျေးရွာကိုပြန်လည်သွားရောက်ချင်ကြပေမယ့် ပြန်ဖို့အခက်အခဲတွေရှိနေတာဖြစ်ပါတယ် ။ VOM သတင်းထောက် ခိုင်လင်းစံရိုက်ကူးတင်ပြထားပါတယ်။ #voiceofmyanmar#ပုဏ္ဏားကျွန်း#စစ်ဘေးရှောင်

Read More
VOM News

FREE
VIEW