တောင်နဝင်းဆည်ပိတ်သိမ်းဖို့အတွက် ဒေသခံတွေဆန္ဒပြ

 

ပေါက်ခေါင်း ဖေဖေါ်ဝါရီ ၁၂-၂၀၁၉

လမင်း (ပြည်)

 

ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပေါက်ခေါင်းမြို့နယ် အရှေ့ဘက်မှာရှိတဲ့ တောင်နဝင်းရေလှောင်တမံကိုပိတ်သိမ်းပေးဖို့နဲ့ ဆက်လက်အသုံးပြုပါက ဒေသအတွက်အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၁၀ နာရီခန့်က ဒေသခံရာချီပြီး ပေါက်ခေါင်းမြို့ထဲလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ပျက်စီးလာတဲ့ ဆည်ကိုအသုံးပြုနေရင် ကျွန်တော်တို့ဒေသခံတွေရော၊  နောင်လာမယ့်မျိုးဆက်လူငယ်တွေအတွက်ပါ ဆည်ကျိုးကျမယ့်အန္တရာယ်ကိုစိုးရိမ်ထိန့်လန့်နေကြရလို့ ဆက်လက်အသုံးမပြုကြရန်တောင်းဆိုကြခြင်းဖြစ်ပါတယ် ” ဟုဆန္ဒထုတ်ဖော်သူတစ်ဦးမှဟြေသည် ။

 

ဆန္ဒဖော်ထုတ်ပွဲကို တောင်နဝင်းဆည်အနီးရှိ ရပ်သစ်ရွာမှစတင်ကာ ပေါက်ခေါင်းမြို့လည်ရှိ ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်အထိ လမ်းလျောက်ချီတက်ခဲ့ကြပြီး တောင်နဝင်းဆည်ကိုဆက်လက်အသုံးမပြုရန် ၊ ဆည်တမံအားဖာထေးပြင်ဆင်ပြီး အသုံးမပြုရန် နှင့် ဒေသအတွင်းအေးချမ်းမှုရှိစေရန်အဓိကထား တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

 

တောင်နဝင်းရေလှောင်တမံသည် ဇန်နဝါရီလ ၈ ရက်ကစတင်၍ ပင်မရေလှောင်တမံထိပ်မျက်နှာပြင် အလျားပေ ၁၀၀ ခန့် အနက် ၃ ပေခန့် အကျယ် ၃ လက်မခန့်ရှိကန့်လန့်ဖြတ် အက်ကြောင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ကာ အနည်းငယ်နိမ့်ကျနေတာပါ။

 

လက်ရှိတွင် ပြည်တွင်း ၊ ပြည်ပနည်းပညာရှင်တွေပူးပေါင်းကာ အက်ကြောင်းကို စဉ်ဆက်မပြတ်စောင့်ကြည့်တိုင်းတာနေကြပြီး တမံရွှေ့လျားဟြေင်းလဲမှုစမ်းသပ်ခြင်းများကိုလည်း ဖေဖော်ဝါရီလကုန်ပိုင်းထိ ဆက်လက်ဆောင်ရွှက်သွားမည်ဖြစ်ကြောင်းနဲ့ တာတမံဘောင်ရဲ့ အခြေအနေကို ၂၄ နာရီပတ်လုံးကြည့်ရှု့နိုင်ဖို့ CCTV တွေလည်းတပ်ဆင်ထားကြောင်း ဆည်မြောင်းတာဝန်ရှိသူတွေက ပြောဆိုထားပါတယ် ။

Related posts

Leave a Comment

VOM News

FREE
VIEW