အခြေခံဥပဒေပြင်ဆင်ဖို့ စစ်ကိုင်းမြို့မှာ စတစ်ကာကမ်ပိန်းပြုလုပ်

 

စစ်ကိုင်း ဖေဖော်ဝါရီ ၁၂-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

စစ်ကိုင်းမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က ၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဒီနေ့မနက် ၁၀ အချိန်က စစ်ကိုင်းမြို့မဈေး မီးပွိုင့်မှာ လူအင်အား ၂၀ ခန့်နဲ့ စတစ်ကာ ကမ်ပိန်း တစ်ခု ပြု လုပ်ခဲ့ပါတယ်။

 

“ကျနော်တို့က ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်နေတဲ့ ပြင်ဆင်သင့်တဲအချက်တွေကိုအမြန်ဆုံးပြင်ဆင်ရေးမှာ ပြည်သူအားလုံးပါဝင်လာစေဖို့တွက် စတစ်ကာကမ်ပိန်းတစ်ခုပြုလုပ်တာဖြစ်ပါတယ် ၂၀၀၈ ဖွဲ့စည်းပုံခြေခံဥပဒေက ပြည်သူတွေအတွက်မကောင်းလို့ပြင်ချင်တာပါဘာတွက်ပြင်ရမလဲကိုယ့်ထက်သိတဲ့အတတ်ပညာရှင်တွေ နောက် လွှတ်တော်ထဲမှာရှိနေတဲ့လွှတ်တော်အမတ်တွေ သူတို့ကတင်ပြတာကိုဘဲလက်ခံမှာပါ”လို့ စစ်ကိုင်းမြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းသိန်းကပြောပါတယ်။

 

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် စစ်ကိုင်းမြို့ မှာ စတစ်ကာ ကမ်ပိန်းပြုလုပ်တာဟာ ဒုတိယအကြိမ်လုပ်တာဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW