နယူးဒေလီရှိ ဟိုတယ်တစ်လုံး မီးလောင်ကျွမ်းမှုကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံး

နယူးဒေလီ၊ ဖေဖော်ဝါရီ-၁၂-၂၀၁၉

မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ဟိုတယ်တစ်လုံးမှာ ဖေဖော်ဝါရီ ၁၂ ရက်က မီးလောင်ကျွမ်းမှုကြောင့် လူ ၁၇ ဦးထက်မနည်းသေဆုံးပြီး သုံးဦးဒါဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ဒေလီမြို့အလယ်ပိုင်း လူစည်ကားနေရာတစ်ခုဖြစ်တဲ့ ကာရိုဘတ်ရှ်ရှိ ဈေးရောင်းဈေးဝယ်ဒေသမှာ တည်ရှိတဲ့ Arpit Palace ဟိုတယ်မှာ အရုဏ်မတက်မီအချိန်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကလေးငယ်တစ်ဦးအပါအ၀င် သေဆုံးသူဦးရေ ၁၇ ဦးအထိ တိုးမြင့်တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက အတည်ပြုထားကြောင်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆူနီချောက်ဒရီက ပြောဆိုပြီး မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ပြီလို့ဆိုပါတယ်။

သေဆုံးသူများထဲမှာ မီးဘေးကနေလွတ်မြောက်ဖို့ ပြတင်းပေါက်မှ ခုန်ချခဲ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့ပါဝင်ပြီး လူ ၃၅ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနဒုတိယအကြီးအကဲ ဗီရန်ဒရာဆင်း ကပြောပါတယ်။

ရှော့ခ်ဖြစ်ပြီးလောင်ကျွမ်းတယ်လို့  ယုံကြည်ရတဲ့ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်ပွားချိန်မှာ သေဆုံးသူအများစုဟာ အိမ်ပျှော်နေကြတယ်လို့ဆိုပါတယ်။ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံချိန်စံညွှန်းတွေအားနည်းခြင်း၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု နည်းပါးတာတွေကြောင့်  အိန္ဒိယနိုင်ငံတစ်ဝန်းမှာ မီးဘေးမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိပါတယ်။

Ref : CNA

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW