မန္တလေး ၊ ဖေဖေါ်ဝါရီ ၁၄-၂၀၁၉
ဟိန်းကို(VOM)
လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော် နဲ့ တပ်မတော်သားတွေအပေါ် သိက္ခာကျဆင်းစေမယ့် ပုတ်ခတ်ရေးသားတယ်လို့ဆိုကာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတဲ့ ဘဝအလင်းဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့အမှု အမရပူရတရားရုံးက အမှုစတင်လက်ခံခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က လာရောက်ခြင်းမရှိသေးဘဲ တရားရုံးက ဆရာတော်ဦးသောဘိတကို အာမခံပေးခဲ့ပြီး ဖေဖေါ်ဝါရီ ၂၈ရက်နေ့ကို ထပ်မံရုံးချိန်းချိန်းဆိုခဲ့ပါတယ်။
ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ၂၀၁၈ခုနှစ် စက်တင်ဘာ(၁၁)ရက်နေ့က တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည် ဗီနိုင်းဆိုင်းဘုတ်၏နောက်မှာ ခြေအတု တပ်ဆင်ထားတဲ့ စစ်မှုထမ်းဟောင်း ပုဆိုးဝတ်ထားတဲ့ပုံပေါ်မှာ တပ်မတော်က မစွမ်းဘဲခိုးနေတော့ တိုင်းပြည်မွဲတာပေါ့ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နို့စားနွားမွေးမြူရေးခြံစစ်ဆေးနေတဲ့ပုံတင်ပြီး နွားခြံထဲ နွားဝင်နေတယ်လို့ရေးသားတာတွေအပြင် ပြည်သူတွေအပေါ်စေတနာရှိရင် ပြည်သူမပေးတဲ့တာဝန်တွေမယူပဲ စစ်တန်းလျားပြန်ပါ စတာတွေရေးထားတာဟာ တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက တရားလို ပြုလုပ်ပြီး (ပ)၄၅၈/၂၀၁၈၊ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
#voiceofmyanmar#ဆရာတော်ဦးသောဘိတ#အမှုစတင်လက်ခံ#